သရဲနီကို အကြပ်အတည်းကြားထဲမှ ဦးဆောင်ဆွဲထုတ်ရန် မက်ဂွိုင်းယားကို ရှရင်ဂမ်တိုက်တွန်း

တက်ဒီရှရင်ဂမ်ကဟယ်ရီမက်ဂွိုင်းယားအားမန်ချက်စတာယူနိုက်တက်ကိုအခက်အခဲကြားထဲမှရုန်းထွက်နိုင်ရေး အသင်းကိုအကောင်းဆုံးဦးဆောင်ပေးရန်တောင်းဆိုလိုက်ပါတယ်။

မန်ယူဂန္ထဝင်တိုက်စစ်မှူးဟာမနက်ဖြန်ရင်ဆိုင်ရမယ့်မန်ယူနဲ့သူ့အခြားအသင်းတစ်သင်းနဲ့ပွဲအတွက်စိုးရိမ်နေတာလည်းဖြစ်ပါတယ်။

ခြေသလုံးဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်အကောင်းဆုံးပုံစံရရှိနေတဲ့ဟယ်ရီမက်ဂွိုင်းယားဟာလီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ခံစစ်အမှားများကျူးလွန်မှုနဲ့အတူအပြင်းအထန်ဝေဖန်ခံနေရပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်းရှရင်ဂမ်က “မက်ဂွိုင်းယားအားကပေါက်တိကပေါက်ချာကာလမှာရောက်နေပါတယ်။၂-၀ဂိုးနဲ့ဦးဆောင်ခံရချိန်မှာအသင်းရဲ့အစီအစဉ်အားလုံးကသွားပါပြီ။လူတွေဟာကိုယ့်နည်းလမ်းနဲ့ကိုယ်ကစားဖို့ကြိုးစားလာကြတယ်။အဲဒီမှာပြဿနာတက်လာပါတော့တယ်။အဲဒီလိုအချိန်မျိုးမှာခေါင်းမော့ရင်ကော့ပြီးအသင်းခေါင်းဆောင်တစ်ဦးပီသစွာ’ငါ့ကောင်တွေ ခေါင်းအေးအေးထားကြ၊ငါတို့အစီအစဉ်အတိုင်းပြန်လုပ်ကြမယ်’လို့ပြောရမယ်။အသင်းခေါင်းဆောင်ဆိုတာကိုယ့်အစီအစဉ်ထဲမှာဘဲအသင်းဖော်တွေရှိနေအောင်ဦးဆောင်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာမန်ယူသို့ရောက်လာပြီးလအနည်းငယ်အကြာ ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတွင်မန်ယူအသင်းခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။လီဗာပူးကိုရှုံးနိမ့်ပြီးနောက်တွင်မန်ယူကစားသမားများအကြားတွင်မက်ဂွိုင်းယားအားကာလတိုအတွင်းအသင်းခေါင်းဆောင်ခန့်အပ်မှုနဲ့ပတ်သက်ပြီးစောဒကတက်မှုများရှိနေကြောင်းသတင်းထွက်နေပါတယ်။

ZawGyi

သရဲနီကို အၾကပ္အတည္းၾကားထဲမွ ဦးေဆာင္ဆြဲထုတ္ရန္ မက္ဂြိဳင္းယားကို ရွရင္ဂမ္တိုက္တြန္း

တက္ဒီရွရင္ဂမ္ကဟယ္ရီမက္ဂြိဳင္းယားအားမန္ခ်က္စတာယူႏိုက္တက္ကိုအခက္အခဲၾကားထဲမွ႐ုန္းထြက္ႏိုင္ေရး အသင္းကိုအေကာင္းဆုံးဦးေဆာင္ေပးရန္ေတာင္းဆိုလိုက္ပါတယ္။

မန္ယူဂႏၴဝင္တိုက္စစ္မႉးဟာမနက္ျဖန္ရင္ဆိုင္ရမယ့္မန္ယူနဲ႔သူ႔အျခားအသင္းတစ္သင္းနဲ႔ပြဲအတြက္စိုးရိမ္ေနတာလည္းျဖစ္ပါတယ္။

ေျခသလုံးဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္အေကာင္းဆုံးပုံစံရရွိေနတဲ့ဟယ္ရီမက္ဂြိဳင္းယားဟာလီဗာပူးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ခံစစ္အမွားမ်ားက်ဴးလြန္မႈနဲ႔အတူအျပင္းအထန္ေဝဖန္ခံေနရပါတယ္။

အဂၤလန္တိုက္စစ္မႉးေဟာင္းရွရင္ဂမ္က “မက္ဂြိဳင္းယားအားကေပါက္တိကေပါက္ခ်ာကာလမွာေရာက္ေနပါတယ္။၂-၀ဂိုးနဲ႔ဦးေဆာင္ခံရခ်ိန္မွာအသင္းရဲ႕အစီအစဥ္အားလုံးကသြားပါၿပီ။လူေတြဟာကိုယ့္နည္းလမ္းနဲ႔ကိုယ္ကစားဖို႔ႀကိဳးစားလာၾကတယ္။အဲဒီမွာျပႆနာတက္လာပါေတာ့တယ္။အဲဒီလိုအခ်ိန္မ်ိဳးမွာေခါင္းေမာ့ရင္ေကာ့ၿပီးအသင္းေခါင္းေဆာင္တစ္ဦးပီသစြာ’ငါ့ေကာင္ေတြ ေခါင္းေအးေအးထားၾက၊ငါတို႔အစီအစဥ္အတိုင္းျပန္လုပ္ၾကမယ္’လို႔ေျပာရမယ္။အသင္းေခါင္းေဆာင္ဆိုတာကိုယ့္အစီအစဥ္ထဲမွာဘဲအသင္းေဖာ္ေတြရွိေနေအာင္ဦးေဆာင္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာမန္ယူသို႔ေရာက္လာၿပီးလအနည္းငယ္အၾကာ ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတြင္မန္ယူအသင္းေခါင္းေဆာင္ျဖစ္လာခဲ့ပါတယ္။လီဗာပူးကိုရႈံးနိမ့္ၿပီးေနာက္တြင္မန္ယူကစားသမားမ်ားအၾကားတြင္မက္ဂြိဳင္းယားအားကာလတိုအတြင္းအသင္းေခါင္းေဆာင္ခန႔္အပ္မႈနဲ႔ပတ္သက္ၿပီးေစာဒကတက္မႈမ်ားရွိေနေၾကာင္းသတင္းထြက္ေနပါတယ္။