သရဲနီဂန္ထဝင်တိုက်စစ်မှူးချာလ်တန်ရဲ့၅၆နှစ်ကြာစံချိန်ကို လိုက်မီဖို့ နီးစပ်လာပြီဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်

မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာဘော်လ်ဘီချာလ်တန်ရေးထိုးထားတဲ့၅၆နှစ်ကြာရိုက်ချိုးနိုင်ခြင်းမရှိသေးတဲ့စံချိန်ကို လိုက်မီရန်နီးစပ်လာပြီဖြစ်ပါတယ်။

မားကပ်ရပ်ရှ်ဖို့ဒ်ဟာကြာသပတေးနေ့ညတုန်းကဆိုစီဒက်အား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်မန်ယူအတွက်တတိယ အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

အသက်၂၃နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာယင်းဂိုးကြောင့်ယခုရာသီတွင်ပြိုင်ပွဲအရပ်ရပ်တွင်၃၂ပွဲကစားထားရာမှာ၁၇ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

သူဟာယူရိုပါလိဂ်တွင်ဂိုးမသွင်းယူမီယခုရာသီတွင်ချန်ပီယံလိဂ်အုပ်စုအဆင့်တွင်၆ဂိုးသွင်းယူနိုင်ခဲ့ရာယခုရာသီဥရောပပြိုင်ပွဲများတွင်၇ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

အင်္ဂလန်နှင့်အတူကမ္ဘာ့ဖလားဆုဆွတ်ခူးနိုင်ခဲ့တဲ့မန်ယူဂန္ထဝင်ဘော်လ်ဘီချာလ်တန်ဟာ၁၉၆၄-၆၅ ရာသီ Fair Cup မှာ ရှစ်ဂိုးသွင်းယူပြီး ဥရောပပြိုင်ပွဲတွင်ဂိုးအများဆုံးသွင်းယူတဲ့အင်္ဂလိပ်ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ၂၀၁၆ခုနှစ်တွင်မန်ယူအကယ်ဒမီမှအသင်းကြီးသို့တက်လှမ်းလာနိုင်ပြီးနောက်မန်ယူအတွက်ပြိုင်ပွဲအ ရပ်ရပ်တွင်၂၅၁ပွဲကစားကာ၈၉ဂိုးသွင်းယူထားနိုင်ပါတယ်။

ZawGyi

သရဲနီဂႏၴဝင္တိုက္စစ္မႉးခ်ာလ္တန္ရဲ႕၅၆ႏွစ္ၾကာစံခ်ိန္ကို လိုက္မီဖို႔ နီးစပ္လာၿပီျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္

မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာေဘာ္လ္ဘီခ်ာလ္တန္ေရးထိုးထားတဲ့၅၆ႏွစ္ၾကာ႐ိုက္ခ်ိဳးႏိုင္ျခင္းမရွိေသးတဲ့စံခ်ိန္ကို လိုက္မီရန္နီးစပ္လာၿပီျဖစ္ပါတယ္။

မားကပ္ရပ္ရွ္ဖို႔ဒ္ဟာၾကာသပေတးေန႔ညတုန္းကဆိုစီဒက္အား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္မန္ယူအတြက္တတိယ အႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

အသက္၂၃ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာယင္းဂိုးေၾကာင့္ယခုရာသီတြင္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၂ပြဲကစားထားရာမွာ၁၇ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။

သူဟာယူ႐ိုပါလိဂ္တြင္ဂိုးမသြင္းယူမီယခုရာသီတြင္ခ်န္ပီယံလိဂ္အုပ္စုအဆင့္တြင္၆ဂိုးသြင္းယူႏိုင္ခဲ့ရာယခုရာသီဥေရာပၿပိဳင္ပြဲမ်ားတြင္၇ဂိုးသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။

အဂၤလန္ႏွင့္အတူကမာၻ႔ဖလားဆုဆြတ္ခူးႏိုင္ခဲ့တဲ့မန္ယူဂႏၴဝင္ေဘာ္လ္ဘီခ်ာလ္တန္ဟာ၁၉၆၄-၆၅ ရာသီ Fair Cup မွာ ရွစ္ဂိုးသြင္းယူၿပီး ဥေရာပၿပိဳင္ပြဲတြင္ဂိုးအမ်ားဆုံးသြင္းယူတဲ့အဂၤလိပ္ကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ရပ္ရွ္ဖို႔ဒ္ဟာ၂၀၁၆ခုႏွစ္တြင္မန္ယူအကယ္ဒမီမွအသင္းႀကီးသို႔တက္လွမ္းလာႏိုင္ၿပီးေနာက္မန္ယူအတြက္ၿပိဳင္ပြဲအ ရပ္ရပ္တြင္၂၅၁ပြဲကစားကာ၈၉ဂိုးသြင္းယူထားႏိုင္ပါတယ္။