သရဲနီတောင်ပံစတားဂျိမ်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုလိုက်တဲ့ လိဒ်

လိဒ်ယူနိုက်တက်ကပရီးမီးယားလိဂ်ပြိုင်ဘက်မန်ယူမှတောင်ပံကစားသမားဒါနီရယ်ဂျိမ်းစ်ကိုခေါ်ယူမှုအပြီးသတ်လိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၂၃နှစ်ရှိဝေးလ်တောင်ပံကစားသမားဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်မန်ယူမှလိဒ်သို့ပြောင်းရွှေ့ကြေးပေါင်၂၅သန်းဖြင့်ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။

ဂျိမ်းစ်ဟာ၂၀၁၉ခုနှစ်တုန်းကဆွမ်စီးမှမန်ယူသို့မပြောင်းရွှေ့ခင်ကတည်းကလိဒ်နည်းပြမာဆယ်လိုဘီရဲလ်ဆာရဲ့အလိုရှိခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။ယခုအခါဒါနီရယ်ဂျိမ်းစ်ဟာလိဒ်နှင့်ငါးနှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

သူဟာအသင်းသစ်လိဒ်ယူနိုက်တက်မှာကျောနံပါတ်၂၀ကိုဝတ်ဆင်ကစားသွားပါမယ်။

ဂျိမ်းစ်ဟာနိုင်ငံတကာပွဲစဉ်များကစားပြီးလာမယ့်အပတ်လီဗာပူးနှင့်ပွဲစဉ်တွင်လိဒ်အတွက်ပထမဆုံးပွဲအားကစားလာနိုင်ဖို့ရှိပါတယ်။

လိဒ်ဘောလုံးဒါရိုက်တာဗစ်တာအော်တာက “ကျွန်တော်တို့ဘောလုံးဌာနဟာဒါနီရယ်ကိုခေါ်ယူဖို့နှစ်များစွာစောင့်ကြည့်လာခဲ့ကြတာပါ။ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ကျွန်တော်တို့ဌာနကလူတွေအားလုံးအစွမ်းကုန်လုပ်ဆောင်ခဲ့ကြပါတယ်။ဒါနီရယ်ကကျွန်တော်တို့နှစ်များစွာကတည်းကလိုချင်လာတဲ့ကစားသမားဆိုတာလျို့ဝှက်ချက်မဟုတ်ပါဘူး။ဒီနေ့ကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်မြောက်လာခဲ့ပါပြီ။ဒါနီရယ်ကမာဆယ်လိုဘီရဲလ်ဆာရဲ့အသင်းနဲ့အရမ်းကိုက်ညီတဲ့ကစားသမားတစ်ဦးလို့ကျွန်တော်တို့ခံစားရပါတယ်။သူကမြန်တယ်၊တိုက်ရိုက်ထိုးဖောက်တယ်၊အလုပ်ကြိုးစားပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါနီရယ်ဂျိမ်းစ်ဟာ၂၀၁၉ခုနှစ်၊ဇန်နဝါရီအပြောင်းအရွှေ့နောက်ဆုံးရက်မှာလိဒ်သို့ရောက်လုနီးပါးဖြစ်ခဲ့ဖူးပါတယ်။သူဟာလိဒ်အသင်းသို့အပြောင်းအရွှေ့အပြီးသတ်ရန်ရောက်ခဲ့ပေမယ့်လည်းကလပ်နှစ်ခုအကြားသဘောတူညီမှုမရခဲ့တာကြောင့်အပြောင်းအရွှေ့ပျက်ခဲ့ပါတယ်။

ယင်းနောက်သူဟာနောက်ခြောက်လအကြာမှာမန်ယူသို့ပြောင်းရွှေ့ကြေးပေါင်၁၅သန်းသို့ပြောင်းခဲ့ပါတယ်။သူဟာမန်ယူအတွက်၇၄ပွဲကစားခဲ့ရာမှာ၉ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။သူဟာယခုရာသီမှာမန်ယူရဲ့ပရီးမီးယားလိဂ်အဖွင့်သုံးပွဲမှာနှစ်ပွဲကိုပွဲထွက်ကစားခဲ့ပါတယ်။

ZawGyi

သရဲနီေတာင္ပံစတားဂ်ိမ္းစ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းျဖင့္ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ လိဒ္

လိဒ္ယူႏိုက္တက္ကပရီးမီးယားလိဂ္ၿပိဳင္ဘက္မန္ယူမွေတာင္ပံကစားသမားဒါနီရယ္ဂ်ိမ္းစ္ကိုေခၚယူမႈအၿပီးသတ္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အသက္၂၃ႏွစ္ရွိေဝးလ္ေတာင္ပံကစားသမားဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္မန္ယူမွလိဒ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၅သန္းျဖင့္ေျပာင္းေ႐ႊ႕ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ိမ္းစ္ဟာ၂၀၁၉ခုႏွစ္တုန္းကဆြမ္စီးမွမန္ယူသို႔မေျပာင္းေ႐ႊ႕ခင္ကတည္းကလိဒ္နည္းျပမာဆယ္လိုဘီရဲလ္ဆာရဲ႕အလိုရွိျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။ယခုအခါဒါနီရယ္ဂ်ိမ္းစ္ဟာလိဒ္ႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

သူဟာအသင္းသစ္လိဒ္ယူႏိုက္တက္မွာေက်ာနံပါတ္၂၀ကိုဝတ္ဆင္ကစားသြားပါမယ္။

ဂ်ိမ္းစ္ဟာႏိုင္ငံတကာပြဲစဥ္မ်ားကစားၿပီးလာမယ့္အပတ္လီဗာပူးႏွင့္ပြဲစဥ္တြင္လိဒ္အတြက္ပထမဆုံးပြဲအားကစားလာႏိုင္ဖို႔ရွိပါတယ္။

လိဒ္ေဘာလုံးဒါ႐ိုက္တာဗစ္တာေအာ္တာက “ကြၽန္ေတာ္တို႔ေဘာလုံးဌာနဟာဒါနီရယ္ကိုေခၚယူဖို႔ႏွစ္မ်ားစြာေစာင့္ၾကည့္လာခဲ့ၾကတာပါ။ဒီအေျပာင္းအေ႐ႊ႕ျဖစ္လာဖို႔ကြၽန္ေတာ္တို႔ဌာနကလူေတြအားလုံးအစြမ္းကုန္လုပ္ေဆာင္ခဲ့ၾကပါတယ္။ဒါနီရယ္ကကြၽန္ေတာ္တို႔ႏွစ္မ်ားစြာကတည္းကလိုခ်င္လာတဲ့ကစားသမားဆိုတာလ်ိဳ႕ဝွက္ခ်က္မဟုတ္ပါဘူး။ဒီေန႔ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ျဖစ္ေျမာက္လာခဲ့ပါၿပီ။ဒါနီရယ္ကမာဆယ္လိုဘီရဲလ္ဆာရဲ႕အသင္းနဲ႔အရမ္းကိုက္ညီတဲ့ကစားသမားတစ္ဦးလို႔ကြၽန္ေတာ္တို႔ခံစားရပါတယ္။သူကျမန္တယ္၊တိုက္႐ိုက္ထိုးေဖာက္တယ္၊အလုပ္ႀကိဳးစားပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါနီရယ္ဂ်ိမ္းစ္ဟာ၂၀၁၉ခုႏွစ္၊ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာလိဒ္သို႔ေရာက္လုနီးပါးျဖစ္ခဲ့ဖူးပါတယ္။သူဟာလိဒ္အသင္းသို႔အေျပာင္းအေ႐ႊ႕အၿပီးသတ္ရန္ေရာက္ခဲ့ေပမယ့္လည္းကလပ္ႏွစ္ခုအၾကားသေဘာတူညီမႈမရခဲ့တာေၾကာင့္အေျပာင္းအေ႐ႊ႕ပ်က္ခဲ့ပါတယ္။

ယင္းေနာက္သူဟာေနာက္ေျခာက္လအၾကာမွာမန္ယူသို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၅သန္းသို႔ေျပာင္းခဲ့ပါတယ္။သူဟာမန္ယူအတြက္၇၄ပြဲကစားခဲ့ရာမွာ၉ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာယခုရာသီမွာမန္ယူရဲ႕ပရီးမီးယားလိဂ္အဖြင့္သုံးပြဲမွာႏွစ္ပြဲကိုပြဲထြက္ကစားခဲ့ပါတယ္။pmnews

pmnews