သရဲနီနဲ့စာချုပ်သစ်ချုပ်ဆိုရန် ငြင်းဆိုလိုက်တဲ့ မရှိမဖြစ်ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာမန်ယူနှင့်နှစ်ရှည်စာချုပ်သစ်မချုပ်ဆိုမီကလပ်ရဲ့အနာဂတ်အစီအစဉ်များကိုသိလိုကြောင်း ကလပ်ကိုအကြောင်းကြားလိုက်ပါတယ်။

ကာဗာနီရဲ့ဖခင်ဖြစ်သူကဥရုဂွေးတိုက်စစ်မှူးမှာမန်ယူတွင်မပျော်မရွှင်ဖြစ်နေပြီးမိသားစုနှင့်နီးနီးကပ်ကပ်နေထိုင်လိုမှုကြောင့်နွေရာသီတွင်တောင်အမေရိကသို့ပြန်လည်ပြောင်းမည်ဟုပြောကြားလာပြီးနောက်ဘရူနိုဖာနန်ဒက်စ်ကလည်းမန်ယူနှင့်နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရေးကိုဆိုင်းငံ့ထားတာလည်းဖြစ်ပါတယ်။

မန်ယူဟာဘရူနိုဖာနန်ဒက်စ်ကိုလုပ်ခနှစ်ဆတိုးပြီးတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀တန်၅နှစ်စာချုပ်သစ်ချုပ်ဆိုလိုလျက်ရှိနေပါတယ်။

ဒါပေမယ့်အသက်၂၆နှစ်ရှိကွင်းလယ်ကစားသမားဟာစာချုပ်သစ်မချုပ်ဆိုမီကလပ်ရဲ့အနာဂတ်စီမံကိန်းကိုသိရှိလိုနေပါတယ်။

ကိုဗစ်ကြောင့်ဝင်ငွေများစွာထိခိုက်မှုနဲ့အတူလာမယ့်နွေတွင်အပြောင်းအရွှေ့စရိတ်များစွာအသုံးပြုဖွယ်မရှိကြောင်း နည်းပြဆိုးလ်ရှားကသတိပေးခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်းဖာနန်ဒက်စ်ဟာမန်ယူနှင့်နှစ်ရှည်စာချုပ်သစ်မချုပ်ဆိုမီကလပ်ရဲ့အနာဂတ်အစီအစဉ်များကိုသိရှိလိုနေပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်စပို့တင်းလစ္စဘွန်းမှပေါင်၅၅သန်းဖြင့် ပြောင်းလာပြီးနောက်မန်ယူရဲ့အရေးပါဆုံးကစားသမားအဖြစ်ခြေစွမ်းပြကစားလာသူလည်းဖြစ်ပါတယ်။သူဟာယခုရာသီတွင်မန်ယူအတွက်၄၁ပွဲကစားကာ၂၃ဂိုးသွင်းယူထားပါတယ်။

ZawGyi

သရဲနီနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ျငင္းဆိုလိုက္တဲ့ မရွိမျဖစ္ဘ႐ူႏိုဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာမန္ယူႏွင့္ႏွစ္ရွည္စာခ်ဳပ္သစ္မခ်ဳပ္ဆိုမီကလပ္ရဲ႕အနာဂတ္အစီအစဥ္မ်ားကိုသိလိုေၾကာင္း ကလပ္ကိုအေၾကာင္းၾကားလိုက္ပါတယ္။

ကာဗာနီရဲ႕ဖခင္ျဖစ္သူကဥ႐ုေဂြးတိုက္စစ္မႉးမွာမန္ယူတြင္မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီးမိသားစုႏွင့္နီးနီးကပ္ကပ္ေနထိုင္လိုမႈေၾကာင့္ေႏြရာသီတြင္ေတာင္အေမရိကသို႔ျပန္လည္ေျပာင္းမည္ဟုေျပာၾကားလာၿပီးေနာက္ဘ႐ူႏိုဖာနန္ဒက္စ္ကလည္းမန္ယူႏွင့္ႏွစ္ရွည္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးကိုဆိုင္းငံ့ထားတာလည္းျဖစ္ပါတယ္။

မန္ယူဟာဘ႐ူႏိုဖာနန္ဒက္စ္ကိုလုပ္ခႏွစ္ဆတိုးၿပီးတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀တန္၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုလ်က္ရွိေနပါတယ္။

ဒါေပမယ့္အသက္၂၆ႏွစ္ရွိကြင္းလယ္ကစားသမားဟာစာခ်ဳပ္သစ္မခ်ဳပ္ဆိုမီကလပ္ရဲ႕အနာဂတ္စီမံကိန္းကိုသိရွိလိုေနပါတယ္။

ကိုဗစ္ေၾကာင့္ဝင္ေငြမ်ားစြာထိခိုက္မႈနဲ႔အတူလာမယ့္ေႏြတြင္အေျပာင္းအေ႐ႊ႕စရိတ္မ်ားစြာအသုံးျပဳဖြယ္မရွိေၾကာင္း နည္းျပဆိုးလ္ရွားကသတိေပးခဲ့ဖူးပါတယ္။

ဒါေပမယ့္လည္းဖာနန္ဒက္စ္ဟာမန္ယူႏွင့္ႏွစ္ရွည္စာခ်ဳပ္သစ္မခ်ဳပ္ဆိုမီကလပ္ရဲ႕အနာဂတ္အစီအစဥ္မ်ားကိုသိရွိလိုေနပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္စပို႔တင္းလစၥဘြန္းမွေပါင္၅၅သန္းျဖင့္ ေျပာင္းလာၿပီးေနာက္မန္ယူရဲ႕အေရးပါဆုံးကစားသမားအျဖစ္ေျခစြမ္းျပကစားလာသူလည္းျဖစ္ပါတယ္။သူဟာယခုရာသီတြင္မန္ယူအတြက္၄၁ပြဲကစားကာ၂၃ဂိုးသြင္းယူထားပါတယ္။