သရဲနီနှင့်စာချုပ်သစ်ချုပ်ဆိုရေးပျက်ပြယ်ပြီးနောက် ဝက်စ်ဟမ်းသို့ပြန်မယ်လို့ အရိပ်အမြွက်ဆိုလာတဲ့ လင်ဂတ်

ဂျက်စီလင်ဂတ်ဟာမန်ချက်စတာယူနိုက်တက်နှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုပျက်ပြယ်သွားပြီးနောက်ဝက်စ်ဟမ်းသို့ပြန်ဖွယ်ရှိကြောင်းအရိပ်အမြွက်ပြသလာပါတယ်။

အင်္ဂလန်အလယ်တန်းကစားသမားဟာပြီးခဲ့တဲ့ရာသီဝက်တုန်းကဝက်စ်ဟမ်းတွင်အငှားဖြင့်သွားရောက်ကစားစဉ်အောင်မြင်မှုရရှိခဲ့သူဖြစ်ပြီးဇန်နဝါရီတွင် ပေါင်၁၀သန်းဖြင့်ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်နေပါတယ်။

လာမယ့်လတွင်အသက်၂၉နှစ်ပြည့်မယ့်လင်ဂတ်ဟာဝက်စ်ဟမ်းအတွက်ကစားစဉ်တုန်းကဂိုးသွင်းအောင်ပွဲခံနေတဲ့ဓာတ်ပုံကိုအင်စတာဂရမ်မှာတင်ပြီးဝက်စ်ဟမ်းသို့ပြန်ပြောင်းနိုင်ကြောင်းအရိပ်အမြွက်ဆိုလာတာပါ။

အင်္ဂလန်အတွက်၃၂ပွဲကစားထားတဲ့လင်ဂတ်ဟာစက်တင်ဘာလကတည်းကမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးလာခဲ့ပေမယ့်ဆိုးလ်ရှားရဲ့လက်အောက်တွင်ပွဲကစားချိန်အနည်းငယ်သာရရှိမှုနဲ့အတူစာချုပ်သစ်ကိုပယ်ချထားပါတယ်။

ယင်းသို့အနေအထားကြောင့်မန်ယူဟာရာသီအကုန်တွင်လင်ဂတ်ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်မလွှတ်လိုဘဲ ဇန်နဝါရီတွင်ပေါင်၁၀သန်းဖြင့်ရောင်းချရန်စီစဉ်လာပါတယ်။

ZawGyi

သရဲနီႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးပ်က္ျပယ္ၿပီးေနာက္ ဝက္စ္ဟမ္းသို႔ျပန္မယ္လို႔ အရိပ္အႁမြက္ဆိုလာတဲ့ လင္ဂတ္

ဂ်က္စီလင္ဂတ္ဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈပ်က္ျပယ္သြားၿပီးေနာက္ဝက္စ္ဟမ္းသို႔ျပန္ဖြယ္ရွိေၾကာင္းအရိပ္အႁမြက္ျပသလာပါတယ္။

အဂၤလန္အလယ္တန္းကစားသမားဟာၿပီးခဲ့တဲ့ရာသီဝက္တုန္းကဝက္စ္ဟမ္းတြင္အငွားျဖင့္သြားေရာက္ကစားစဥ္ေအာင္ျမင္မႈရရွိခဲ့သူျဖစ္ၿပီးဇန္နဝါရီတြင္ ေပါင္၁၀သန္းျဖင့္ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေနပါတယ္။

လာမယ့္လတြင္အသက္၂၉ႏွစ္ျပည့္မယ့္လင္ဂတ္ဟာဝက္စ္ဟမ္းအတြက္ကစားစဥ္တုန္းကဂိုးသြင္းေအာင္ပြဲခံေနတဲ့ဓာတ္ပုံကိုအင္စတာဂရမ္မွာတင္ၿပီးဝက္စ္ဟမ္းသို႔ျပန္ေျပာင္းႏိုင္ေၾကာင္းအရိပ္အႁမြက္ဆိုလာတာပါ။

အဂၤလန္အတြက္၃၂ပြဲကစားထားတဲ့လင္ဂတ္ဟာစက္တင္ဘာလကတည္းကမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးလာခဲ့ေပမယ့္ဆိုးလ္ရွားရဲ႕လက္ေအာက္တြင္ပြဲကစားခ်ိန္အနည္းငယ္သာရရွိမႈနဲ႔အတူစာခ်ဳပ္သစ္ကိုပယ္ခ်ထားပါတယ္။

ယင္းသို႔အေနအထားေၾကာင့္မန္ယူဟာရာသီအကုန္တြင္လင္ဂတ္ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္မလႊတ္လိုဘဲ ဇန္နဝါရီတြင္ေပါင္၁၀သန္းျဖင့္ေရာင္းခ်ရန္စီစဥ္လာပါတယ္။