သရဲနီပရိသတ်များရဲ့ Cavani 7 အင်္ကျီများကို Cavani 21 အင်္ကျီများဖြင့် မန်ယူ လဲလှယ်ပေးသွားမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာအက်ဒီဆင်ကာဗာနီရဲ့ကျောနံပါတ်၇အင်္ကျီကိုဝယ်ယူထားတဲ့ပရိသတ်များအား ကျောနံပါတ်သစ် ၂၁ အင်္ကျီဖြင့်လဲလှယ်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အသက်၃၄နှစ်ရှိအက်ဒီဆင်ကာဗာနီဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့တဲ့အပြင်ဝုဗ်နှင့်ပွဲစဉ်ကိုလည်းကျောနံပါတ်၇ဖြင့်ဝင်ရောက်ကစားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၁၇ဂိုးသွင်းခဲ့တဲ့ကာဗာနီဟာခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူသူ့ရဲ့ကျောနံပါတ်၇အားလွဲပြောင်းပေးခဲ့ရပါတယ်။

သူဟာဒါနီရယ်ဂျိမ်းစ်လိဒ်သို့ပြောင်းရွှေ့သွားမှုနဲ့အတူလစ်လပ်လာတဲ့ကျောနံပါတ်၂၁အားပြောင်းလဲဝတ်ဆင်ပါမယ်။ကာဗာနီဟာဥရုဂွေးအသင်းမှာလည်းကျောနံပါတ်၂၁ကိုဝတ်ဆင်ကစားလာသူဖြစ်ပါတယ်။

ယင်းသို့ ကာဗာနီကျောနံပါတ်ပြောင်းသွားမှုနဲ့အတူ Cavani No 7 ကို ဝယ်ယူထားတဲ့ပရိသတ်များမှာအခက်တွေ့လာခဲ့ပါတယ်။ယခုအခါမှာတော့မန်ယူဟာ Cavani 7 အား ဝယ်ယူထားတဲ့ပရိသတ်များအား Cavani 21 အင်္ကျီဖြင့်ဝယ်ယူထားသူများကိုပြန်လည်လဲလှယ်ပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူဟာ United Direct/Manchester United Megastore မှဝယ်ယူထားတဲ့ အင်္ကျီသစ်များကိုသာလဲလှယ်ပေးသွားမှာဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကျောနံပါတ်၇အင်္ကျီများအကြီးအကျယ်ရောင်းချနေရပြီး၁၂နာရီအတွင်းတွင်ပင်ပေါင်၃၂.၅သန်းဖိုးအထိကမ္ဘာ့စံချိန်တင်ရောင်းချခဲ့ရပါတယ်။လက်ရှိအချိန်တွင်လည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့ကျောနံပါတ်၇အင်္ကျီမှာအကြီးအကျယ်ရောင်းချနေရတုန်းဖြစ်ပါတယ်။

ZawGyi

သရဲနီပရိသတ္မ်ားရဲ႕ Cavani 7 အက်ႌမ်ားကို Cavani 21 အက်ႌမ်ားျဖင့္ မန္ယူ လဲလွယ္ေပးသြားမည္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာအက္ဒီဆင္ကာဗာနီရဲ႕ေက်ာနံပါတ္၇အက်ႌကိုဝယ္ယူထားတဲ့ပရိသတ္မ်ားအား ေက်ာနံပါတ္သစ္ ၂၁ အက်ႌျဖင့္လဲလွယ္ေပးသြားမွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၄ႏွစ္ရွိအက္ဒီဆင္ကာဗာနီဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့တဲ့အျပင္ဝုဗ္ႏွင့္ပြဲစဥ္ကိုလည္းေက်ာနံပါတ္၇ျဖင့္ဝင္ေရာက္ကစားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္တြင္၁၇ဂိုးသြင္းခဲ့တဲ့ကာဗာနီဟာခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူသူ႔ရဲ႕ေက်ာနံပါတ္၇အားလြဲေျပာင္းေပးခဲ့ရပါတယ္။

သူဟာဒါနီရယ္ဂ်ိမ္းစ္လိဒ္သို႔ေျပာင္းေ႐ႊ႕သြားမႈနဲ႔အတူလစ္လပ္လာတဲ့ေက်ာနံပါတ္၂၁အားေျပာင္းလဲဝတ္ဆင္ပါမယ္။ကာဗာနီဟာဥ႐ုေဂြးအသင္းမွာလည္းေက်ာနံပါတ္၂၁ကိုဝတ္ဆင္ကစားလာသူျဖစ္ပါတယ္။

ယင္းသို႔ ကာဗာနီေက်ာနံပါတ္ေျပာင္းသြားမႈနဲ႔အတူ Cavani No 7 ကို ဝယ္ယူထားတဲ့ပရိသတ္မ်ားမွာအခက္ေတြ႕လာခဲ့ပါတယ္။ယခုအခါမွာေတာ့မန္ယူဟာ Cavani 7 အား ဝယ္ယူထားတဲ့ပရိသတ္မ်ားအား Cavani 21 အက်ႌျဖင့္ဝယ္ယူထားသူမ်ားကိုျပန္လည္လဲလွယ္ေပးသြားမွာျဖစ္ပါတယ္။

ဒါေပမယ့္မန္ယူဟာ United Direct/Manchester United Megastore မွဝယ္ယူထားတဲ့ အက်ႌသစ္မ်ားကိုသာလဲလွယ္ေပးသြားမွာျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္၇အက်ႌမ်ားအႀကီးအက်ယ္ေရာင္းခ်ေနရၿပီး၁၂နာရီအတြင္းတြင္ပင္ေပါင္၃၂.၅သန္းဖိုးအထိကမာၻ႔စံခ်ိန္တင္ေရာင္းခ်ခဲ့ရပါတယ္။လက္ရွိအခ်ိန္တြင္လည္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္၇အက်ႌမွာအႀကီးအက်ယ္ေရာင္းခ်ေနရတုန္းျဖစ္ပါတယ္။