သရဲနီရဲ့ကျိန်စာသင့် ကျောနံပါတ်ပိုင်ရှင်သစ်ဖြစ်လာမယ့် ဆန်ချို

ဂျာဒွန်ဆန်ချိုဟာမန်ယူတွင်ကျိန်စာသင့်ကျောနံပါတ်တစ်ခုဖြစ်နေတဲ့ကျောနံပါတ်၇အားဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်မန်ယူမှာကျောနံပါတ်၇ကိုအက်ဒီဆင်ကာဗာနီကဝတ်ဆင်ကစားနေပြီးသူဟာယခင်တုန်းကကျောနံပါတ်၇ပိုင်ရှင်များရဲ့ကံဆိုးမိုးမှောင်ကျမှုကုအဆုံးသတ်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိဥရုဂွေးတိုက်စစ်မှူးဟာပြီးခဲ့တဲ့နှစ်နွေတုန်းကအိုးထရက်ဖို့ဒ်သို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၃၄ပွဲကစားကာ၁၇ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာသူ့မတိုင်မီကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့တဲ့အိန်ဂျယ်ဒီမာရီယာ၊ဒီပေး၊ဆန်းချက်ဇ်တို့သုံးဦးပေါင်းသွင်းယူခဲ့တဲ့ဂိုးပမာဏထက်၁ဂိုးပိုပြီးတော့သွင်းနိုင်ခဲ့ပါတယ်။

မန်ယူတွင်ကျောနံပါတ်၇ကိုဝတ်ဆင်ရင်းဂျော့ဘတ်စ်၊ဘရိုင်ယန်ရော့ဘ်ဆင်၊အဲရစ်ကန်တိုနာ၊ဒေးဗစ်ဘက်ဟမ်း၊ခရစ္စတီယာနိုရော်နယ်ဒိုတို့အောင်မြင်မှုများရရှိခဲ့ပေမယ့်လည်း ရော်နယ်ဒိုနောက်ပိုင်းတွင်ကြီးမားတဲ့အောင်မြင်မှုရရှိခဲ့တဲ့သူမရှိပါဘူး။

ဒီမာရီယာဟာမန်ယူတွင်ကျောနံပါတ်၇ကို၂၀၁၄-၁၅တစ်ရာသီတည်းသာကစားခဲ့ပြီး၃၂ပွဲကစားကာ၄ဂိုးသွင်းနိုင်ခဲ့ပါတယ်။ယင်းနောက်၂၀၁၅ခုနှစ်တွင်ဒီပေးကဝတ်ဆင်ကာ၂နှစ်ကစားခဲ့ပြီး၅၃ပွဲကစားကာ၇ဂိုးဘဲသွင်းနိုင်ခဲ့ပါတယ်။၂၀၁၈ခုနှစ်၊ဇန်နဝါရီလတွင်ဆန်းချက်ဇ်ရောက်လာပြီးနောက်ကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့ကာ၄၅ပွဲတွင်၅ဂိုးတည်းသာသွင်းနိုင်ခဲ့ပါတယ်။

ယခုအခါယူရိုပြိုင်ပွဲအပြီးတွင်ဒေါ့မွန်မှမန်ယူသို့ရောက်လာမယ့်ဆန်ချိုဟာကျောနံပါတ်၇ကိုကာဗာနီထံမှလွဲပြောင်းရယူကစားသွားပါမယ်။

ဆန်ချိုဟာဒေါ့မွန်နှင့်အင်္ဂလန်အသင်းတို့မှာကျောနံပါတ်၇ကိုဝတ်ဆင်ခဲ့ဖူးတာကြောင့် ကျောနံပါတ်၇နှင့်ရင်းနှီးသူလည်းဖြစ်ပါတယ်။

မန်ယူဟာဆန်ချိုအားပေါင်၇၃သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိထားပြီးဖြစ်ပါတယ်။ဆန်ချိုဟာမန်ယူနှင့်တစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀တန်၅နှစ်စာချုပ်ချုပ်ဆိုပါမယ်။

ZawGyi

သရဲနီရဲ႕က်ိန္စာသင့္ ေက်ာနံပါတ္ပိုင္ရွင္သစ္ျဖစ္လာမယ့္ ဆန္ခ်ိဳ

ဂ်ာဒြန္ဆန္ခ်ိဳဟာမန္ယူတြင္က်ိန္စာသင့္ေက်ာနံပါတ္တစ္ခုျဖစ္ေနတဲ့ေက်ာနံပါတ္၇အားဝတ္ဆင္ကစားသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူမွာေက်ာနံပါတ္၇ကိုအက္ဒီဆင္ကာဗာနီကဝတ္ဆင္ကစားေနၿပီးသူဟာယခင္တုန္းကေက်ာနံပါတ္၇ပိုင္ရွင္မ်ားရဲ႕ကံဆိုးမိုးေမွာင္က်မႈကုအဆုံးသတ္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိဥ႐ုေဂြးတိုက္စစ္မႉးဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကအိုးထရက္ဖို႔ဒ္သို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာၿပီးေနာက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၄ပြဲကစားကာ၁၇ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာသူ႔မတိုင္မီေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့တဲ့အိန္ဂ်ယ္ဒီမာရီယာ၊ဒီေပး၊ဆန္းခ်က္ဇ္တို႔သုံးဦးေပါင္းသြင္းယူခဲ့တဲ့ဂိုးပမာဏထက္၁ဂိုးပိုၿပီးေတာ့သြင္းႏိုင္ခဲ့ပါတယ္။

မန္ယူတြင္ေက်ာနံပါတ္၇ကိုဝတ္ဆင္ရင္းေဂ်ာ့ဘတ္စ္၊ဘ႐ိုင္ယန္ေရာ့ဘ္ဆင္၊အဲရစ္ကန္တိုနာ၊ေဒးဗစ္ဘက္ဟမ္း၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ေအာင္ျမင္မႈမ်ားရရွိခဲ့ေပမယ့္လည္း ေရာ္နယ္ဒိုေနာက္ပိုင္းတြင္ႀကီးမားတဲ့ေအာင္ျမင္မႈရရွိခဲ့တဲ့သူမရွိပါဘူး။

ဒီမာရီယာဟာမန္ယူတြင္ေက်ာနံပါတ္၇ကို၂၀၁၄-၁၅တစ္ရာသီတည္းသာကစားခဲ့ၿပီး၃၂ပြဲကစားကာ၄ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ယင္းေနာက္၂၀၁၅ခုႏွစ္တြင္ဒီေပးကဝတ္ဆင္ကာ၂ႏွစ္ကစားခဲ့ၿပီး၅၃ပြဲကစားကာ၇ဂိုးဘဲသြင္းႏိုင္ခဲ့ပါတယ္။၂၀၁၈ခုႏွစ္၊ဇန္နဝါရီလတြင္ဆန္းခ်က္ဇ္ေရာက္လာၿပီးေနာက္ေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့ကာ၄၅ပြဲတြင္၅ဂိုးတည္းသာသြင္းႏိုင္ခဲ့ပါတယ္။

ယခုအခါယူ႐ိုၿပိဳင္ပြဲအၿပီးတြင္ေဒါ့မြန္မွမန္ယူသို႔ေရာက္လာမယ့္ဆန္ခ်ိဳဟာေက်ာနံပါတ္၇ကိုကာဗာနီထံမွလြဲေျပာင္းရယူကစားသြားပါမယ္။

ဆန္ခ်ိဳဟာေဒါ့မြန္ႏွင့္အဂၤလန္အသင္းတို႔မွာေက်ာနံပါတ္၇ကိုဝတ္ဆင္ခဲ့ဖူးတာေၾကာင့္ ေက်ာနံပါတ္၇ႏွင့္ရင္းႏွီးသူလည္းျဖစ္ပါတယ္။

မန္ယူဟာဆန္ခ်ိဳအားေပါင္၇၃သန္းျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိထားၿပီးျဖစ္ပါတယ္။ဆန္ခ်ိဳဟာမန္ယူႏွင့္တစ္ပတ္လုပ္ခေပါင္၃၅၀၀၀၀တန္၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုပါမယ္။