သရဲနီရဲ့စာချုပ်သစ်ကိုပယ်ချရန် နောက်ခံလူအဲရစ်ဘိုင်လီစီစဉ်နေ

အဲရစ်ဘိုင်လီဟာအေစီမီလန်ကိုအနိုင်ရရှိတဲ့ယူရိုပါလိဂ်ပွဲစဉ်တွင်ချန်လှပ်ခြင်းခံခဲ့ရမှုအပေါ်အကြီးအ ကျယ်ဒေါသထွက်လျက်ရှိပြီးမန်ယူရဲ့စာချုပ်သစ်ကိုပယ်ချရန်စီစဉ်ထားကြောင်းသိရပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်နောက်ခံလူဟာအိုးထရက်ဖို့ဒ်တွင်ကစားတဲ့ပထမအကျော့ပွဲစဉ်တွင်ကစားခွင့် ရရှိခဲ့သော်လည်းဒုတိယအကျော့တွင်ချန်လှပ်ခြင်းခံခဲ့ရမှုအပေါ်အံ့ဩဒေါသထွက်နေပါတယ်။

သူဟာပြီးခဲ့တဲ့လများအတွင်းမှာနည်းပြဆိုးလ်ရှားရဲ့အကြိမ်ကြိမ်ချန်လှပ်ထားမှုများအပေါ်စိတ်ပျက်လာနေသူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းအသက်၂၆နှစ်ရှိဘိုင်လီဟာမန်ယူဘက်ကကမ်းလှမ်းလာမယ့်၁၂လသက်တမ်းတိုးစာချုပ် ကိုပယ်ချရန်စီစဉ်နေကြောင်းသိရပါတယ်။မန်ယူဟာလာမယ့်အပတ်မှာဘိုင်လီကိုစာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းသွားပါမယ်။

ZawGyi




MANCHESTER, ENGLAND – MARCH 09: (EXCLUSIVE COVERAGE) Eric Bailly of Manchester United in action during a first team training session at Aon Training Complex on March 09, 2021 in Manchester, England. (Photo by Ash Donelon/Manchester United via Getty Images)

