သရဲနီရဲ့ပရီးမီးယားလိဂ်မဟာပြိုင်ဘက်သို့ ပြောင်းဖို့ ဆန္ဒပြင်းပြနေတဲ့ ဗန်ဒီဘိခ်

မန်ချက်စတာယူနိုက်တက်အလယ်တန်းကစားသမားဒွန်နီဗန်ဒီဘိခ်ဟာအိုးထရက်ဖို့ဒ်တွင်နေရာပျောက်ဆုံးနေမှုနဲ့အတူဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အာဆင်နယ်သို့ပြောင်းရန်ဆန္ဒပြင်းပြနေကြောင်းသိရပါတယ်။

ဗန်ဒီဘိခ်ဟာ၂၀၂၀ခုနှစ်၊စက်တင်ဘာလတွင်အေဂျက်စ်မှပြောင်းရွှေ့ကြေးပေါင်၄၇သန်းဖြင့်ပြောင်းလာပြီးနောက်မန်ယူတွင်ပွဲကစားခွင့်အနည်းငယ်သာရရှိလာသူဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်ပွဲထွက်ခွာခွင့်မရသေးဘဲ ခါရာဘောင်းပွဲတစ်ပွဲတည်းတွင်သာပွဲထွက်ခွင့်ရထားကာစုစုပေါင်း၅ပွဲတည်းသာကစားခွင့်ရထားပါတယ်။သူဟာအေဂျက်စ်တွင်ကစားစဉ်တုန်းက၁၇၅ပွဲတွင်၄၁ဂိုးသွင်းကာ၃၄ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့မှုနဲ့အတူမန်ယူတွင်ပိုကောင်းလာမယ်လို့ယူဆခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့်သူဟာဆိုးလ်ရှားလက်အောက်တွင်နေရာမရမှုနဲ့အတူ ရီယိုဖာဒီနန်အပါအဝင်မန်ယူကစားသမားဟောင်းများကအသင်းပြောင်းရန်တိုက်တွန်းနေကြပါတယ်။

ယနေ့တွင် The United Strand ရဲ့ဖော်ပြလာမှုအရဗန်ဒီဘိခ်ဟာလန်ဒန်အခြေစိုက်အာဆင်နယ်သို့ပြောင်းလိုနေကြောင်းသိရပါတယ်။အာဆင်နယ်ကသူ့ကိုအပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ဖြင့်အငှားဖြင့်ခေါ်ယူလိုနေကြောင်းသိရပါတယ်။

ဗန်ဒီဘိခ်ရဲ့ချစ်သူမှာအာဆင်နယ်ဂန္ထဝင်ဘားကမ့်ရဲ့သမီးဖြစ်ပြီးလန်ဒန်တွင်မွေးဖွားကြီးပြင်းလာသူလည်းဖြစ်ပါတယ်။ZawGyi

သရဲနီရဲ႕ပရီးမီးယားလိဂ္မဟာၿပိဳင္ဘက္သို႔ ေျပာင္းဖို႔ ဆႏၵျပင္းျပေနတဲ့ ဗန္ဒီဘိခ္

မန္ခ်က္စတာယူႏိုက္တက္အလယ္တန္းကစားသမားဒြန္နီဗန္ဒီဘိခ္ဟာအိုးထရက္ဖို႔ဒ္တြင္ေနရာေပ်ာက္ဆုံးေနမႈနဲ႔အတူဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အာဆင္နယ္သို႔ေျပာင္းရန္ဆႏၵျပင္းျပေနေၾကာင္းသိရပါတယ္။

ဗန္ဒီဘိခ္ဟာ၂၀၂၀ခုႏွစ္၊စက္တင္ဘာလတြင္ေအဂ်က္စ္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၄၇သန္းျဖင့္ေျပာင္းလာၿပီးေနာက္မန္ယူတြင္ပြဲကစားခြင့္အနည္းငယ္သာရရွိလာသူျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္ပြဲထြက္ခြာခြင့္မရေသးဘဲ ခါရာေဘာင္းပြဲတစ္ပြဲတည္းတြင္သာပြဲထြက္ခြင့္ရထားကာစုစုေပါင္း၅ပြဲတည္းသာကစားခြင့္ရထားပါတယ္။

သူဟာေအဂ်က္စ္တြင္ကစားစဥ္တုန္းက၁၇၅ပြဲတြင္၄၁ဂိုးသြင္းကာ၃၄ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့မႈနဲ႔အတူမန္ယူတြင္ပိုေကာင္းလာမယ္လို႔ယူဆျခင္းခံခဲ့ရပါတယ္။

ဒါေပမယ့္သူဟာဆိုးလ္ရွားလက္ေအာက္တြင္ေနရာမရမႈနဲ႔အတူ ရီယိုဖာဒီနန္အပါအဝင္မန္ယူကစားသမားေဟာင္းမ်ားကအသင္းေျပာင္းရန္တိုက္တြန္းေနၾကပါတယ္။

ယေန႔တြင္ The United Strand ရဲ႕ေဖာ္ျပလာမႈအရဗန္ဒီဘိခ္ဟာလန္ဒန္အေျခစိုက္အာဆင္နယ္သို႔ေျပာင္းလိုေနေၾကာင္းသိရပါတယ္။အာဆင္နယ္ကသူ႔ကိုအၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ျဖင့္အငွားျဖင့္ေခၚယူလိုေနေၾကာင္းသိရပါတယ္။

ဗန္ဒီဘိခ္ရဲ႕ခ်စ္သူမွာအာဆင္နယ္ဂႏၴဝင္ဘားကမ့္ရဲ႕သမီးျဖစ္ၿပီးလန္ဒန္တြင္ေမြးဖြားႀကီးျပင္းလာသူလည္းျဖစ္ပါတယ္။