သရဲနီရဲ့၂၈၅ မိနစ် ကြာ ဂိုးပေါက်ပျောက်မှုကို ဘယ်လိုအဆုံးသတ်ရမလဲ မာတစ်ပြောကြားလာ

နီမင်ဂျာမာတစ်ဟာမန်ယူရဲ့၂၈၅မိနစ်ကြာဂိုးပေါက်ပျောက်မှုအားအဆုံးသတ်ရေးအတွက်မည်သို့လုပ်ဆောင် ရမယ်ဆိုတာပြောကြားလာပါတယ်။

မန်ယူဟာဖေဖော်ဝါရီလ၂၁ရက်နေ့တုန်းကနယူးကာဆယ်အားအနိုင်ရရှိတဲ့ပွဲတွင်ပွဲချိန်၇၅မိနစ်တွင်ဘရူနိုဖာ နန်ဒက်စ်ပင်နယ်တီမှဂိုးသွင်းယူပြီးနောက်ဂိုးပေါက်ပျောက်နေခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင်မန်ယူဟာဆိုစီဒက်၊ချဲလ်ဆီး၊ခရစ္စတယ်ပဲလေ့စ်တို့နှင့်ဂိုးမရှိသရေကျနေခဲ့ပါတယ်။

မာတစ်က “ဘာလုပ်ရမယ်ဆိုတာကျွန်တော်သိပါတယ်။တိုက်စစ်မှာပိုကောင်းအောင်လုပ်ရပါမယ်။ဒီပွဲတွေ ဟာကျွန်တော်တို့အနိုင်ယူရမယ့်ပွဲတွေပါ”လို့ပြောကြားသွားပါတယ်။

မန်ယူဟာလာမယ့်တနင်္ဂနွေနေ့မှာအီတီဟတ်ကွင်းသို့သွားရောက်ကာမြို့ခံပြိုင်ဘက်မန်စီးတီးနှင့်ရင်ဆိုင်က စားရပါမယ်။မန်စီးတီးဟာပြိုင်ပွဲအရပ်ရပ်မှာ၂၁ပွဲဆက်တိုက်နိုင်ပွဲရရှိထားပါတယ်။

ဆက်လက်ပြီးမာတစ်က “အသင်းလိုက်အနေနဲ့ ၁၁ဦးလုံးခံစစ်ကိုကောင်းကောင်းကစားနိုင်ပါတယ်။အပြုသ ဘောဆောင်တာတွေရှိပါတယ်။ကျွန်တော်တို့ဂိုးမပေးခဲ့ရပါဘူး။ရမှတ်၁မှတ်စီရယူနိုင်ခဲ့ပါတယ်။ဒီရာသီအ တွင်းမှာကျွန်တော်တို့ဂိုးတွေအများကြီးသွင်းနိုင်တဲ့ကာလရှိခဲ့ပါတယ်။ဂိုးတချို့ပေးရတဲ့ကာလလည်းရှိပါတယ်။ ဒါပေမယ့်ကျွန်တော်တို့အနေနဲ့လာမယ့်ပွဲမှာအတားအဆီးတွေကိုချိုးဖျက်ရပါမယ်။လာမယ့်ပွဲကမန်စီးတီးနဲ့ရင် ဆိုင်ရမှာဖြစ်လို့အာရုံစိုက်ဖို့လိုပါတယ်။ဒါကပွဲကြီးပွဲကောင်းပါ။ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။အဲဒီမှာရမှတ်၃မှတ် လိုချင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

သရဲနီရဲ႕မိနစ္ ၂၈၅ ၾကာ ဂိုးေပါက္ေပ်ာက္မႈကို ဘယ္လိုအဆုံးသတ္ရမလဲ မာတစ္ေျပာၾကားလာ

နီမင္ဂ်ာမာတစ္ဟာမန္ယူရဲ႕၂၈၅မိနစ္ၾကာဂိုးေပါက္ေပ်ာက္မႈအားအဆုံးသတ္ေရးအတြက္မည္သို႔လုပ္ေဆာင္ ရမယ္ဆိုတာေျပာၾကားလာပါတယ္။

မန္ယူဟာေဖေဖာ္ဝါရီလ၂၁ရက္ေန႔တုန္းကနယူးကာဆယ္အားအႏိုင္ရရွိတဲ့ပြဲတြင္ပြဲခ်ိန္၇၅မိနစ္တြင္ဘ႐ူႏိုဖာ နန္ဒက္စ္ပင္နယ္တီမွဂိုးသြင္းယူၿပီးေနာက္ဂိုးေပါက္ေပ်ာက္ေနခဲ့ပါတယ္။

ယင္းေနာက္ပိုင္းတြင္မန္ယူဟာဆိုစီဒက္၊ခ်ဲလ္ဆီး၊ခရစၥတယ္ပဲေလ့စ္တို႔ႏွင့္ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

မာတစ္က “ဘာလုပ္ရမယ္ဆိုတာကြၽန္ေတာ္သိပါတယ္။တိုက္စစ္မွာပိုေကာင္းေအာင္လုပ္ရပါမယ္။ဒီပြဲေတြ ဟာကြၽန္ေတာ္တို႔အႏိုင္ယူရမယ့္ပြဲေတြပါ”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာလာမယ့္တနဂၤေႏြေန႔မွာအီတီဟတ္ကြင္းသို႔သြားေရာက္ကာၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးႏွင့္ရင္ဆိုင္က စားရပါမယ္။မန္စီးတီးဟာၿပိဳင္ပြဲအရပ္ရပ္မွာ၂၁ပြဲဆက္တိုက္ႏိုင္ပြဲရရွိထားပါတယ္။

ဆက္လက္ၿပီးမာတစ္က “အသင္းလိုက္အေနနဲ႔ ၁၁ဦးလုံးခံစစ္ကိုေကာင္းေကာင္းကစားႏိုင္ပါတယ္။အျပဳသ ေဘာေဆာင္တာေတြရွိပါတယ္။ကြၽန္ေတာ္တို႔ဂိုးမေပးခဲ့ရပါဘူး။ရမွတ္၁မွတ္စီရယူႏိုင္ခဲ့ပါတယ္။ဒီရာသီအ တြင္းမွာကြၽန္ေတာ္တို႔ဂိုးေတြအမ်ားႀကီးသြင္းႏိုင္တဲ့ကာလရွိခဲ့ပါတယ္။ဂိုးတခ်ိဳ႕ေပးရတဲ့ကာလလည္းရွိပါတယ္။ ဒါေပမယ့္ကြၽန္ေတာ္တို႔အေနနဲ႔လာမယ့္ပြဲမွာအတားအဆီးေတြကိုခ်ိဳးဖ်က္ရပါမယ္။လာမယ့္ပြဲကမန္စီးတီးနဲ႔ရင္ ဆိုင္ရမွာျဖစ္လို႔အာ႐ုံစိုက္ဖို႔လိုပါတယ္။ဒါကပြဲႀကီးပြဲေကာင္းပါ။ႀကီးမားတဲ့စိန္ေခၚမႈတစ္ခုပါ။အဲဒီမွာရမွတ္၃မွတ္ လိုခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။