သရဲနီရဲ့ ပိုမိုကြောက်စရာကောင်းတဲ့ ခြေစွမ်းကို မြင်တွေ့လာရဦးမည်ဟု မက်ဂွိုင်းယားသတိပေး

မန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားကမန်ချက်စတာယူနိုက်တက်ရဲ့ပိုမိုကြောက်စရာကောင်းတဲ့ခြေစွမ်းကိုမြင်တွေ့လာရဦးမည်ဖြစ်ကြောင်းပြိုင်ဘက်များကိုသတိပေးလိုက်ပါတယ်။

သရဲနီဟာပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ်စနေနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်လိဒ်နှင့်ရင်ဆိုင်ခဲ့ရာမှာ၅-၁ဂိုးဖြင့်ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်ကာတာထွက်နိုင်ခဲ့ကြပါတယ်။

မန်ယူအသင်းခေါင်းဆောင်က “ကျွန်တော်တို့မှာကစားသမားတော်တော်များများမပါဝင်လာနိုင်ပါသေးပါဘူး။ယူရိုကြောင့်လေ့ကျင့်ခန်းအစီအစဉ်နဲ့အလှမ်းဝေးပြီးပြန်လုပ်ခဲ့ကြရတယ်။လူတွေကလည်းတစ်ယောက်တစ်ချိန်ပြန်လည်ပူးပေါင်းလာခဲ့ကြတာပါ။ကွာရန်တင်းဝင်ရတဲ့သူလည်းရှိပါတယ်။ဒါတွေကဘယ်လောက်အရေးပါတယ်ဆိုတာသိပါတယ်။လိဒ်နဲ့ပွဲကြောင့်ဆင်ခြေပေးတာမဟုတ်ပါဘူး။သူတို့ကစားသမားတော်တော်များများကရာသီကြိုလေ့ကျင့်ခန်းအပြည့်အဝဆင်းထားကြတာပါ။သူတို့ဘယ်လောက်ကြံ့ခိုင်သလဲသိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မန်ယူအသင်းခေါင်းဆောင်ကအားလပ်ရက်အတွင်းကစားသမားများကိုယ့်ကိုယ်ကိုဂရုစိုက်လာမှုကရာသီအစတာထွက်ကောင်းမှုအပေါ်များစွာအကျိုးသက်ရောက်နေကြောင်းလည်းပြောကြားသွားပါတယ်။

အင်္ဂလန်နောက်ခံလူက “အားလပ်ရက်သုံးပတ်ဘဲနားခဲ့ကြတဲ့သူတွေရဲ့ကြိုးစားမှုကြောင့်ပါ။ရက်သတ္တပတ်အနည်းငယ်ဆိုရင်အိုးထရက်ဖို့ဒ်မှာပရိသတ်တွေရှေ့မှောက်မှာအရေးပါတဲ့ပွဲကစားရမယ်ဆိုတာသိလို့ကစားသမားတိုင်းဟာကြံ့ခိုင်မှုပိုင်းအကောင်းဆုံးဖြစ်အောင်ပြင်ဆင်လာခဲ့ကြပါတယ်။ကိုယ့်ကိုယ်ကိုဂရုစိုက်ခဲ့ကြလို့ကစားသမားတိုင်းရဲ့လုပ်ဆောင်မှုကြောင့်ပါ”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးမက်ဂွိုင်းယားကရီးရဲလ်မက်ဒရစ်မှပြောင်းရွှေ့လာခဲ့တဲ့ပြင်သစ်နောက်ခံလူဗာရိန်းနှင့်တွဲကစားရန်မစောင့်နိုင်တော့အောင်ဖြစ်နေပြီဖြစ်ကြောင်းလည်းပြောကြားသွားပါတယ်။

မက်ဂွိုင်းယားက “သူဟာပြင်သစ်၊ရီးရဲလ်မက်ဒရစ်လိုထိပ်တန်းအသင်းအချို့မှာကစားလာတဲ့သူပါ။သူဟာဆုဖလားတိုင်းအောင်မြင်ထားသူဖြစ်ပါတယ်။သူဟာကလပ်သို့အောင်စိတ်ယူဆောင်လာမယ်လို့ထင်ပါတယ်။သူ့ရဲ့ဘောလုံးအရည်အချင်းတွေကိုလည်းယူဆောင်လာမှာပါ။အသင်းသို့ကစားသမားတွေရောက်လာတာကောင်းပါတယ်။ဒါမှသာနေရာရဖို့ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

သရဲနီရဲ႕ ပိုမိုေၾကာက္စရာေကာင္းတဲ့ ေျခစြမ္းကို ျမင္ေတြ႕လာရဦးမည္ဟု မက္ဂြိဳင္းယားသတိေပး

မန္ယူအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားကမန္ခ်က္စတာယူႏိုက္တက္ရဲ႕ပိုမိုေၾကာက္စရာေကာင္းတဲ့ေျခစြမ္းကိုျမင္ေတြ႕လာရဦးမည္ျဖစ္ေၾကာင္းၿပိဳင္ဘက္မ်ားကိုသတိေပးလိုက္ပါတယ္။

သရဲနီဟာပရီးမီးယားလိဂ္အဖြင့္ပြဲအျဖစ္စေနေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္လိဒ္ႏွင့္ရင္ဆိုင္ခဲ့ရာမွာ၅-၁ဂိုးျဖင့္ဂိုးျပတ္အႏိုင္ရရွိခဲ့ၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဦးေဆာင္ကာတာထြက္ႏိုင္ခဲ့ၾကပါတယ္။

မန္ယူအသင္းေခါင္းေဆာင္က “ကြၽန္ေတာ္တို႔မွာကစားသမားေတာ္ေတာ္မ်ားမ်ားမပါဝင္လာႏိုင္ပါေသးပါဘူး။ယူ႐ိုေၾကာင့္ေလ့က်င့္ခန္းအစီအစဥ္နဲ႔အလွမ္းေဝးၿပီးျပန္လုပ္ခဲ့ၾကရတယ္။လူေတြကလည္းတစ္ေယာက္တစ္ခ်ိန္ျပန္လည္ပူးေပါင္းလာခဲ့ၾကတာပါ။ကြာရန္တင္းဝင္ရတဲ့သူလည္းရွိပါတယ္။ဒါေတြကဘယ္ေလာက္အေရးပါတယ္ဆိုတာသိပါတယ္။လိဒ္နဲ႔ပြဲေၾကာင့္ဆင္ေျခေပးတာမဟုတ္ပါဘူး။သူတို႔ကစားသမားေတာ္ေတာ္မ်ားမ်ားကရာသီႀကိဳေလ့က်င့္ခန္းအျပည့္အဝဆင္းထားၾကတာပါ။သူတို႔ဘယ္ေလာက္ႀကံ့ခိုင္သလဲသိပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္မန္ယူအသင္းေခါင္းေဆာင္ကအားလပ္ရက္အတြင္းကစားသမားမ်ားကိုယ့္ကိုယ္ကိုဂ႐ုစိုက္လာမႈကရာသီအစတာထြက္ေကာင္းမႈအေပၚမ်ားစြာအက်ိဳးသက္ေရာက္ေနေၾကာင္းလည္းေျပာၾကားသြားပါတယ္။

အဂၤလန္ေနာက္ခံလူက “အားလပ္ရက္သုံးပတ္ဘဲနားခဲ့ၾကတဲ့သူေတြရဲ႕ႀကိဳးစားမႈေၾကာင့္ပါ။ရက္သတၱပတ္အနည္းငယ္ဆိုရင္အိုးထရက္ဖို႔ဒ္မွာပရိသတ္ေတြေရွ႕ေမွာက္မွာအေရးပါတဲ့ပြဲကစားရမယ္ဆိုတာသိလို႔ကစားသမားတိုင္းဟာႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးျဖစ္ေအာင္ျပင္ဆင္လာခဲ့ၾကပါတယ္။ကိုယ့္ကိုယ္ကိုဂ႐ုစိုက္ခဲ့ၾကလို႔ကစားသမားတိုင္းရဲ႕လုပ္ေဆာင္မႈေၾကာင့္ပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီးမက္ဂြိဳင္းယားကရီးရဲလ္မက္ဒရစ္မွေျပာင္းေ႐ႊ႕လာခဲ့တဲ့ျပင္သစ္ေနာက္ခံလူဗာရိန္းႏွင့္တြဲကစားရန္မေစာင့္ႏိုင္ေတာ့ေအာင္ျဖစ္ေနၿပီျဖစ္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

မက္ဂြိဳင္းယားက “သူဟာျပင္သစ္၊ရီးရဲလ္မက္ဒရစ္လိုထိပ္တန္းအသင္းအခ်ိဳ႕မွာကစားလာတဲ့သူပါ။သူဟာဆုဖလားတိုင္းေအာင္ျမင္ထားသူျဖစ္ပါတယ္။သူဟာကလပ္သို႔ေအာင္စိတ္ယူေဆာင္လာမယ္လို႔ထင္ပါတယ္။သူ႔ရဲ႕ေဘာလုံးအရည္အခ်င္းေတြကိုလည္းယူေဆာင္လာမွာပါ။အသင္းသို႔ကစားသမားေတြေရာက္လာတာေကာင္းပါတယ္။ဒါမွသာေနရာရဖို႔ၿပိဳင္ဆိုင္မႈပိုျပင္းထန္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။