သရဲနီအတွက် ဒိန်းဟင်ဒါဆင်တစ်ပွဲကစားတိုင်း ငွေတွေသဲ့ပြီးရရှိနေတဲ့ ကာလစ်လီ

မန်ယူအတွက်ဒိန်းဟင်ဒါဆင်တစ်ပွဲကစားရတိုင်းအဝမ်းသာကြီးသာနေတဲ့ကလပ်အသင်းတစ်ခုရှိပါတယ်။မန်ယူအတွက်ဒိန်းဟင်ဒါဆင်ပွဲကစားရတိုင်းကာလစ်လီဟာဘဏ်စာရင်းကိုတကြည့်ကြည့်ဖြစ်နေပါတယ်။

လိဂ်၂ကလပ်ဟာဂိုးသမားဟင်ဒါဆင်ကိုမန်ယူသို့အသက်၁၄နှစ်အရွယ်မှာရောင်းချခဲ့ပါတယ်။အရောင်းစာချုပ်မှာ ပါဝင်တဲ့အချက်အရကာလစ်လီဟာမန်ယူကဒိန်းဟင်ဒါဆင်ကိုတစ်ပွဲအသုံးပြုတိုင်းပေါင်၁၀၀၀၀ရရှိနေပါတယ်။

ယခုရာသီမတိုင်မီအထိမန်ယူဟာဒိန်းဟင်ဒါဆင်ကိုအငှားချထားခဲ့တာပါ။ဒိန်းဟင်ဒါဆင်ဟာရှက်ဖီးလ်ယူနိုက်တက်မှာ၂ရာသီအငှားဖြင့်ကစားခဲ့ရပါတယ်။ယင်းမတိုင်မီသူဟာစတုတ်ပေါ့၊ဂရမ်းဘီ၊ရှောဘူရီသို့အငှားဖြင့်သွားကစား ခဲ့ရပါတယ်။

ဒါကြောင့်ယခင်တုန်းကကာလစ်လီဟာဒိန်းဟင်ဒါဆင်အတွက်တစ်ပြားမှမရရှိခဲ့ပါဘူး။

ဒါပေမယ့်ရှက်ဖီးလ်မှာအငှားဖြင့်ကစားစဉ်အတွင်းဒိန်းဟင်ဒါဆင်ဟာလက်စွမ်းပြကစားနိုင်မှုနဲ့အတူယခုရာသီမှာ မန်ယူနံပါတ်တစ်ဂိုးသမားနေရာအတွက်ယှဉ်ပြိုင်ဖို့အတွက်ပြန်လည်ခေါ်ယူခြင်းခံထားရပါတယ်။

သူဟာယခုရာသီမှာဆိုးလ်ရှားရဲ့မန်ယူအတွက်၁၃ပွဲကစားခွင့်ရရှိထားပြီးဖြစ်ပါတယ်။ဒါ့အပြင်သူဟာလက်စွမ်းပြ ကစားနိုင်မှုကြောင့်အင်္ဂလန်အတွက်လည်းတစ်ပွဲကစားခွင့်ရရှိထားပြီးပါပြီ။ကာလစ်လီဟာမန်ယူအတွက်ဒိန်းဟင်ဒါဆင်ပွဲကစားတိုင်းငွေရရှိနေခဲ့တာပါ။

ဟင်ဒါဆင်ဟာမန်ယူမှာပွဲကစားခွင့်များစွာမရရှိမှုနဲ့အတူမပျော်မရွှင်ဖြစ်နေပါတယ်။သူဟာလာမယ့်နွေရာသီမှာ မန်ယူကနေထွက်ခွာဖို့ကြိုးစားလာနိုင်ပါတယ်။

တကယ်လို့လာမယ့်နွေရာသီမှာမန်ယူကဒိန်းဟင်ဒါဆင်ကိုရောင်းချမယ်ဆိုရင်လည်းကာလစ်လီဟာအပြောင်းအရွှေ့ရဲ့အစိတ်အပိုင်းတစ်ရပ်ကိုရရှိပါမယ်။ကာလစ်လီဟာဟင်ဒါဆင်ရဲ့အပြောင်းအရွှေ့မှ၅ရာခိုင်နှုန်းရရှိပါမယ်။

ZawGyi








