
ဒေးဗစ်ဘက်ဟမ်းဟာသားဖြစ်သူရိုမီယိုရဲ့ဘရန့်ဖို့ဒ်(ခ)အသင်းအတွက်ပထမဆုံးကစားတဲ့ပွဲအားလာရောက်ကြည့်ရှုစဉ်များပြားလှတဲ့ပရိသတ်ကြောင့်ခြံစည်းရိုးကိုကျော်ချထွက်ပြေးခဲ့ရပါတယ်။
ဒေးဗစ်ဘက်ဟမ်းရဲ့သားလတ်ရိုမီယိုဟာပြီးခဲ့တဲ့အပတ်တုန်းကအင်တာမီယာမီမှဘရန့်ဖို့ဒ်သို့ရာသီအကုန်အထိအငှားဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။
အသက်၂၀နှစ်ရှိရိုမီယိုဟာအင်္ဂလန်နဝမတန်းမှ အပျော်တမ်းကလပ် Erith & Belvedere နှင့်ပွဲတွင်ဘရန့်ဖို့ဒ်(ခ)အသင်းအတွက်ပထမဆုံးပွဲကစားခဲ့ပါတယ်။
အသက်၄၇နှစ်ရှိဒေးဗစ်ဘက်ဟမ်းဟာ London Senior Cupကိုခေါင်းစွပ်အနက်ရောင်အင်္ကျီဝတ်ဆင်ပြီးလာရောက်အားပေးခဲ့ပါတယ်။ကွင်းအတွင်းရောက်လာတဲ့ပရိသတ်များဟာဒေးဗစ်ဘက်ဟမ်းကိုသတိထားမိသွားပြီးနောက်မရေတွက်နိုင်လောက်အောင် ဓာတ်ပုံရိုက်ကူးရန်တောင်းဆိုခဲ့ကြပါတယ်။
ဒါကြောင့်လည်းနောက်ဆုံးတွင်ဒေးဗစ်ဘက်ဟမ်းဟာသည်းမခံနိုင်တဲ့အဆုံးခြံစည်းကိုကျော်ချထွက်ပြေးခဲ့ရပါတယ်။
တကယ်တော့အဆိုပါပွဲစဉ်ကိုပရိသတ်၅၅၄ဦးတည်းသာကြည့်ခဲ့ကြတာပါ။ဒေးဗစ်ဘက်ဟမ်းဟာအကြီးကျယ်ဆုံးထွက်ပြေးမှုကလှပစွာလွတ်မြောက်သွားပုံရပါတယ်။သူ့ကိုပွဲကြည့်စင်မှာနောက်ထပ်မမြင်တွေ့ရတော့ပါဘူး။
အဆိုပါပွဲစဉ်တွင်ဘရန့်ဖို့ဒ်က၃-၂ဂိုးဖြင့်အနိုင်ရခဲ့ကာရိုမီယိုတစ်ယောက်ဂိုးမသွင်းနိုင်ခဲ့ပေမဲ့အရေးပါတဲ့နေရာမှပါဝင်ကစားသွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်ကိုပရိသတ်၅၅၄ဦးသာလာကြည့်ပေမဲ့ ယင်းပမာဏမှာPark View Roadတွင်ပရိသတ်စံချိန်တင်ရောက်ကြည့်ရှုတဲ့ပမာဏလည်းဖြစ်ပါတယ်။
ZawGyi
သားျဖစ္သူရဲ႕ဘရန႔္ဖို႔ဒ္ ပထမဆုံးကစားတဲ့ပြဲကို လာၾကည့္စဥ္ မ်ားျပားလွတဲ့ပရိသတ္ေၾကာင့္ ၿခံစည္း႐ိုးေက်ာ္တက္ေျပးခဲ့ရတဲ့ ဘက္ဟမ္း
ေဒးဗစ္ဘက္ဟမ္းဟာသားျဖစ္သူ႐ိုမီယိုရဲ႕ဘရန႔္ဖို႔ဒ္(ခ)အသင္းအတြက္ပထမဆုံးကစားတဲ့ပြဲအားလာေရာက္ၾကည့္ရႈစဥ္မ်ားျပားလွတဲ့ပရိသတ္ေၾကာင့္ၿခံစည္း႐ိုးကိုေက်ာ္ခ်ထြက္ေျပးခဲ့ရပါတယ္။
ေဒးဗစ္ဘက္ဟမ္းရဲ႕သားလတ္႐ိုမီယိုဟာၿပီးခဲ့တဲ့အပတ္တုန္းကအင္တာမီယာမီမွဘရန႔္ဖို႔ဒ္သို႔ရာသီအကုန္အထိအငွားျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
အသက္၂၀ႏွစ္ရွိ႐ိုမီယိုဟာအဂၤလန္နဝမတန္းမွ အေပ်ာ္တမ္းကလပ္ Erith & Belvedere ႏွင့္ပြဲတြင္ဘရန႔္ဖို႔ဒ္(ခ)အသင္းအတြက္ပထမဆုံးပြဲကစားခဲ့ပါတယ္။
အသက္၄၇ႏွစ္ရွိေဒးဗစ္ဘက္ဟမ္းဟာ London Senior Cupကိုေခါင္းစြပ္အနက္ေရာင္အက်ႌဝတ္ဆင္ၿပီးလာေရာက္အားေပးခဲ့ပါတယ္။ကြင္းအတြင္းေရာက္လာတဲ့ပရိသတ္မ်ားဟာေဒးဗစ္ဘက္ဟမ္းကိုသတိထားမိသြားၿပီးေနာက္မေရတြက္ႏိုင္ေလာက္ေအာင္ ဓာတ္ပုံ႐ိုက္ကူးရန္ေတာင္းဆိုခဲ့ၾကပါတယ္။
ဒါေၾကာင့္လည္းေနာက္ဆုံးတြင္ေဒးဗစ္ဘက္ဟမ္းဟာသည္းမခံႏိုင္တဲ့အဆုံးၿခံစည္းကိုေက်ာ္ခ်ထြက္ေျပးခဲ့ရပါတယ္။
တကယ္ေတာ့အဆိုပါပြဲစဥ္ကိုပရိသတ္၅၅၄ဦးတည္းသာၾကည့္ခဲ့ၾကတာပါ။ေဒးဗစ္ဘက္ဟမ္းဟာအႀကီးက်ယ္ဆုံးထြက္ေျပးမႈကလွပစြာလြတ္ေျမာက္သြားပုံရပါတယ္။သူ႔ကိုပြဲၾကည့္စင္မွာေနာက္ထပ္မျမင္ေတြ႕ရေတာ့ပါဘူး။
အဆိုပါပြဲစဥ္တြင္ဘရန႔္ဖို႔ဒ္က၃-၂ဂိုးျဖင့္အႏိုင္ရခဲ့ကာ႐ိုမီယိုတစ္ေယာက္ဂိုးမသြင္းႏိုင္ခဲ့ေပမဲ့အေရးပါတဲ့ေနရာမွပါဝင္ကစားသြားခဲ့ပါတယ္။
အဆိုပါပြဲစဥ္ကိုပရိသတ္၅၅၄ဦးသာလာၾကည့္ေပမဲ့ ယင္းပမာဏမွာPark View Roadတြင္ပရိသတ္စံခ်ိန္တင္ေရာက္ၾကည့္ရႈတဲ့ပမာဏလည္းျဖစ္ပါတယ္။