သားများအတွက် တက္ကစီဝန်ဆောင်မှုလုပ်ရမည်ဖြစ်၍ ရော်နယ်ဒိုရဲ့မန်ယူပထမဆုံးပွဲကို ရွန်းနီ လာကြည့်နိုင်မည်မဟုတ်

မန်ယူဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီကလာမယ့်စနေနေ့တွင်သားများရဲ့ဘောလုံးပွဲကိုလိုက်ပို့ပေးရမှာဖြစ်လို့ကစားဖော်ဟောင်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူတစ်ကျော့ပြန်ပထမဆုံးပွဲစဉ်ကိုအိုးထရက်ဖို့ဒ်သို့လာရောက်ကြည့်ရှုအားပေးနိုင်မှာမဟုတ်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ဒါဘီကောင်တီနည်းပြဟာသောကြာနေ့တွင်ဘာမင်ဂမ်နှင့်ရင်ဆိုင်ရမယ့်ချန်ပီယံရှစ်ပွဲစဉ်ကိုကြီးကြပ်ရမှာဖြစ်လို့စနေနှင့်တနင်္ဂနွေနေ့တို့တွင်နားရက်ရထားပါတယ်။

ဒါပေမယ့်သူဟာနယူးကာဆယ်နှင့်ပွဲတွင်မန်ယူအတွက်ပထမဆုံးပွဲအဖြစ်ကစားလာဖို့ရှိနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုအားအိုးထရက်ဖို့ဒ်သို့ကိုယ်တိုင်ကိုယ်ကျလာရောက်အားပေးနိုင်မှာမဟုတ်ပါဘူး။

မန်ယူသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ဝိန်းရွန်းနီက “ကျုပ်သားနှစ်ယောက်မှာလည်းပွဲကစားဖို့ရှိနေတယ်။ဒီတော့စနေနေ့မှာကျုပ်ကတက္ကစီဒရိုင်ဘာအဖြစ်တာဝန်ယူရပါမယ်။မန်ယူပွဲကိုတော့ကျွန်တော်စောင့်ကြည့်နေမှာပါ။သူတို့ကိုရလဒ်ကောင်းရစေချင်တယ်။ခရစ္စတီယာနိုရော်နယ်ဒိုကိုပြန်ခေါ်နိုင်ခဲ့တာသူတို့အတွက်အရမ်းကောင်းပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့လည်းသူ့အတွက်စပိန်နဲ့အီတလီမှာလိုမဟုတ်ဘူးဆိုတာသိမှာပါ။ဒီလိဂ်ကကြံ့ခိုင်မှုအသားပေးတဲ့လိဂ်ပါ။သူလည်းသိထားပြီးသားပါ။ကစားခဲ့ဖူးတာပဲလေ။သူလည်းအကောင်းဆုံးပြင်ဆင်ပြီးအသင့်ဖြစ်နေမယ်လို့ယုံကြည်ပါတယ်။မန်ယူအတွက်ဂိုးတွေထပ်သွင်းနိုင်မယ်လို့ယုံကြည်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဝိန်းရွန်းနီကခရစ္စတီယနာရော်နယ်ဒိုမှာမန်ယူအတွက်၂၀၁၃ခုနှစ်နောက်ပိုင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးပေးမယ့်အရေးပါတဲ့သူဖြစ်လာမှာဖြစ်ကြောင်းလည်းပြောကြားသွားပါတယ်။

ZawGyi

သားမ်ားအတြက္ တကၠစီဝန္ေဆာင္မႈလုပ္ရမည္ျဖစ္၍ ေရာ္နယ္ဒိုရဲ႕မန္ယူပထမဆုံးပြဲကို ႐ြန္းနီ လာၾကည့္ႏိုင္မည္မဟုတ္

မန္ယူဂႏၴဝင္တိုက္စစ္မႉးဝိန္း႐ြန္းနီကလာမယ့္စေနေန႔တြင္သားမ်ားရဲ႕ေဘာလုံးပြဲကိုလိုက္ပို႔ေပးရမွာျဖစ္လို႔ကစားေဖာ္ေဟာင္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္ယူတစ္ေက်ာ့ျပန္ပထမဆုံးပြဲစဥ္ကိုအိုးထရက္ဖို႔ဒ္သို႔လာေရာက္ၾကည့္ရႈအားေပးႏိုင္မွာမဟုတ္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ဒါဘီေကာင္တီနည္းျပဟာေသာၾကာေန႔တြင္ဘာမင္ဂမ္ႏွင့္ရင္ဆိုင္ရမယ့္ခ်န္ပီယံရွစ္ပြဲစဥ္ကိုႀကီးၾကပ္ရမွာျဖစ္လို႔စေနႏွင့္တနဂၤေႏြေန႔တို႔တြင္နားရက္ရထားပါတယ္။

ဒါေပမယ့္သူဟာနယူးကာဆယ္ႏွင့္ပြဲတြင္မန္ယူအတြက္ပထမဆုံးပြဲအျဖစ္ကစားလာဖို႔ရွိေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုအားအိုးထရက္ဖို႔ဒ္သို႔ကိုယ္တိုင္ကိိုယ္က်လာေရာက္အားေပးႏိုင္မွာမဟုတ္ပါဘူး။

မန္ယူသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ဝိန္း႐ြန္းနီက “က်ဳပ္သားႏွစ္ေယာက္မွာလည္းပြဲကစားဖို႔ရွိေနတယ္။ဒီေတာ့စေနေန႔မွာက်ဳပ္ကတကၠစီဒ႐ိုင္ဘာအျဖစ္တာဝန္ယူရပါမယ္။မန္ယူပြဲကိုေတာ့ကြၽန္ေတာ္ေစာင့္ၾကည့္ေနမွာပါ။သူတို႔ကိုရလဒ္ေကာင္းရေစခ်င္တယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုကိုျပန္ေခၚႏိုင္ခဲ့တာသူတို႔အတြက္အရမ္းေကာင္းပါတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုအေနနဲ႔လည္းသူ႔အတြက္စပိန္နဲ႔အီတလီမွာလိုမဟုတ္ဘူးဆိုတာသိမွာပါ။ဒီလိဂ္ကႀကံ့ခိုင္မႈအသားေပးတဲ့လိဂ္ပါ။သူလည္းသိထားၿပီးသားပါ။ကစားခဲ့ဖူးတာပဲေလ။သူလည္းအေကာင္းဆုံးျပင္ဆင္ၿပီးအသင့္ျဖစ္ေနမယ္လို႔ယုံၾကည္ပါတယ္။မန္ယူအတြက္ဂိုးေတြထပ္သြင္းႏိုင္မယ္လို႔ယုံၾကည္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဝိန္း႐ြန္းနီကခရစၥတီယနာေရာ္နယ္ဒိုမွာမန္ယူအတြက္၂၀၁၃ခုႏွစ္ေနာက္ပိုင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးေပးမယ့္အေရးပါတဲ့သူျဖစ္လာမွာျဖစ္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။