သားအဖနှစ်ဦးလုံးနှင့် ကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်သူဖြစ်လာတဲ့ ဘူဖွန်

ဂျီယန်လူဂီဘူဖွန်ဟာမနေ့ညတုန်းကဂျူဗင်တပ်နှင့်အတူကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ပြီးနောက်ချီယေဆာတို့သားအဖနှစ်ဦးလုံးနှင့်ကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

ဂျီယန်လူဂီဘူဖွန်ဟာသူ့ရဲ့ပထမဆုံးကိုပါအီတာလီယာဖလားကို၁၉၉၉ခုနှစ်တုန်းကပါးမားတွင်ကစားဖော်အန်ရီကိုချီယေဆာနှင့်အတူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မနေ့ညတုန်းကဂျူဗင်တပ်ဟာကိုပါအီတာလီယာဖလားဗိုလ်လုပွဲတွင်အတ္တလန္တာကို၂-၁ဂိုးဖြင့်အနိုင်ကာအန်ရီကိုချီယေဆာရဲ့သားဖြစ်သူဖီဒီရီကိုချီယေဆာနှင့်အတူကိုပါအီတာလီယာဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယင်းဖလားအားဘူဖွန်အတွက်ခြောက်ကြိမ်မြောက်ကိုပါအီတာလီယာဖလားဖြစ်ပြီးမန်စီနီနှင့်အတူကိုပါအီတာလီယာဖလားအများဆုံးဆွတ်ခူးနိုင်သူဖြစ်လာခဲ့ပါတယ်။

ဘူဖွန်ဟာကိုပါအီတာလီယာဖလားကို၁၉၉၉ခုနှစ်တုန်းကပါးမားနှင့်ပထမဦးဆုံးဆွတ်ခူးနိုင်ခဲ့ပြီး၂၀၁၄-၁၅၊၂၀၁၅-၁၆၊၂၀၁၆-၁၇၊၂၀၁၇-၁၈၊၂၀၂၀-၂၁တို့တွင်ဂျူဗင်တပ်နှင့်အတူငါးကြိမ်ဆွတ်ခူးထားနိုင်ပါတယ်။

ဘူဖွန်ဟာ၁၉၉၉ခုနှစ်၊မေလတုန်းကဖီအိုရင်တီးနားကိုအနိုင်ရရှိတုန်းကအန်ရီကိုချီယေဆာနှင့်အတူတွဲကစားခဲ့ပါတယ်။ထိုစဉ်ကဖီဒီရီကိုချီယေဆာမှာအသက်၂နှစ်ပင်မပြည့်သေးပါဘူး။

ဖီဒီရီကိုချီယေဆာဟာမနေ့ညတုန်းကဂျူဗင်တပ်ကအတ္တလန္တာကို၂-၁ဖြင့်အနိုင်ရရှိတဲ့ကိုပါအီတာလီယာဗိုလ်လုပွဲမှာဂျူဗင်တပ်အတွက်အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

အတ္တလန္တာနှင့်ပွဲစဉ်မှာအသက်၄၃နှစ်ရှိဘူဖွန်အတွက်ဂျူဗင်တပ်အတွက်နောက်ဆုံးကစားတဲ့ပွဲလည်းဖြစ်ပါတယ်။ဘူဖွန်ဟာရာသီအကုန်မှာဂျူဗင်တပ်မှထွက်ခွာတော့မှာဖြစ်ပါတယ်။

ZawGyi

သားအဖႏွစ္ဦးလုံးႏွင့္ ကိုပါအေမရိကဖလားဆြတ္ခူးႏိုင္သူျဖစ္လာတဲ့ ဘူဖြန္

ဂ်ီယန္လူဂီဘူဖြန္ဟာမေန႔ညတုန္းကဂ်ဴဗင္တပ္ႏွင့္အတူကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ၿပီးေနာက္ခ်ီေယဆာတို႔သားအဖႏွစ္ဦးလုံးႏွင့္ကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္တဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

ဂ်ီယန္လူဂီဘူဖြန္ဟာသူ႔ရဲ႕ပထမဆုံးကိုပါအီတာလီယာဖလားကို၁၉၉၉ခုႏွစ္တုန္းကပါးမားတြင္ကစားေဖာ္အန္ရီကိုခ်ီေယဆာႏွင့္အတူဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

မေန႔ညတုန္းကဂ်ဴဗင္တပ္ဟာကိုပါအီတာလီယာဖလားဗိုလ္လုပြဲတြင္အတၱလႏၲာကို၂-၁ဂိုးျဖင့္အႏိုင္ကာအန္ရီကိုခ်ီေယဆာရဲ႕သားျဖစ္သူဖီဒီရီကိုခ်ီေယဆာႏွင့္အတူကိုပါအီတာလီယာဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ယင္းဖလားအားဘူဖြန္အတြက္ေျခာက္ႀကိမ္ေျမာက္ကိုပါအီတာလီယာဖလားျဖစ္ၿပီးမန္စီနီႏွင့္အတူကိုပါအီတာလီယာဖလားအမ်ားဆုံးဆြတ္ခူးႏိုင္သူျဖစ္လာခဲ့ပါတယ္။

ဘူဖြန္ဟာကိုပါအီတာလီယာဖလားကို၁၉၉၉ခုႏွစ္တုန္းကပါးမားႏွင့္ပထမဦးဆုံးဆြတ္ခူးႏိုင္ခဲ့ၿပီး၂၀၁၄-၁၅၊၂၀၁၅-၁၆၊၂၀၁၆-၁၇၊၂၀၁၇-၁၈၊၂၀၂၀-၂၁တို႔တြင္ဂ်ဴဗင္တပ္ႏွင့္အတူငါးႀကိမ္ဆြတ္ခူးထားႏိုင္ပါတယ္။

ဘူဖြန္ဟာ၁၉၉၉ခုႏွစ္၊ေမလတုန္းကဖီအိုရင္တီးနားကိုအႏိုင္ရရွိတုန္းကအန္ရီကိုခ်ီေယဆာႏွင့္အတူတြဲကစားခဲ့ပါတယ္။ထိုစဥ္ကဖီဒီရီကိုခ်ီေယဆာမွာအသက္၂ႏွစ္ပင္မျပည့္ေသးပါဘူး။

ဖီဒီရီကိုခ်ီေယဆာဟာမေန႔ညတုန္းကဂ်ဴဗင္တပ္ကအတၱလႏၲာကို၂-၁ျဖင့္အႏိုင္ရရွိတဲ့ကိုပါအီတာလီယာဗိုလ္လုပြဲမွာဂ်ဴဗင္တပ္အတြက္အႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

အတၱလႏၲာႏွင့္ပြဲစဥ္မွာအသက္၄၃ႏွစ္ရွိဘူဖြန္အတြက္ဂ်ဴဗင္တပ္အတြက္ေနာက္ဆုံးကစားတဲ့ပြဲလည္းျဖစ္ပါတယ္။ဘူဖြန္ဟာရာသီအကုန္မွာဂ်ဴဗင္တပ္မွထြက္ခြာေတာ့မွာျဖစ္ပါတယ္။