သားဦးမွေးဖွားပြီးနောက် နှစ်ရက်ကြာ မအိပ်ခဲ့ရပေမဲ့ စပါးစ်နှင့်ပွဲတွင် ခြေစွမ်းပြကစားခဲ့တဲ့ ဘရူနိုဂူမာရေးစ်

နယူးကာဆယ်စတားဘရူနိုဂူမာရေးစ်ဟာသားဦးလေးရရှိလာမှုနှင့်အတူ နှစ်ရက်တိုင်တိုင်အိပ်ရေးပျက်နေခဲ့ပေမဲ့လည်းစပါးစ်နှင့်ပွဲတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားကာ နယူးကာဆယ်ကိုကူညီပေးနိုင်ခဲ့ပါတယ်။

အသက်၂၄နှစ်ရှိဘရာဇီးစတားရဲ့ချစ်သူအန်နာလီဒီယာမာတင်ဟာသောကြာနေ့ညတုန်းကသားဦးလေးမက်တီယိုကိုမွေးဖွားခဲ့ပါတယ်။

ယင်းနောက်၄၈နာရီအကြာတွင်ဘရူနိုဂူမာရေးစ်ဟာတော်တင်ဟမ်ဟော့စပါးစ်ကွင်းတွင်ကွန်တီရဲ့စပါးကို၂-၁ဂိုးဖြင့်အနိုင်ရရှိအောင်အဓိကနေရာမှခြေစွမ်းပြကူညီနိုင်ခဲ့ပါတယ်။

ယင်းပွဲအပြီးတွင်ဂူမာရေးစ်ကသားဦးလေးရရှိလာမှုနှင့်အတူ နှစ်ရက်တိုင်တိုင်အိပ်ရေးပျက်ခဲ့ရကြောင်းဆိုသွားပါတယ်။

၎င်းက “ကျွန်တော့်အတွက်အံ့ဩသင့်စရာနေ့ရက်တွေပါ။ပထမဆုံးအကြိမ်အဖြစ်အဖေဖြစ်လာခဲ့တယ်။တကယ့်ကိုကြီးကျယ်တယ်။နှစ်ရက်တိတိမအိပ်ခဲ့ရဘူး။အိမ်မှာနေလို့ရပေမဲ့ဒီကောင်တွေနဲ့အတူရှိချင်တယ်။သူတို့ကြောင့်ကျွန်တော်ပျော်ရသလိုဂုဏ်လည်းယူရတယ်။ဒီနေ့ကျွန်တော်တို့ထိုက်တန်စွာရခဲ့တယ်။ကျွန်တော့်ဘဝအတွက်အကောင်းဆုံးနေ့တွေပါ(မက်တီယိုမွေးဖွားမှု)။အရမ်းပျော်တယ်။ဂုဏ်လည်းယူတယ်။အိပ်မက်တစ်ခုလိုပဲ။အံ့ဩစရာကောင်းတာတွေဖြစ်လာလို့ပြောစရာစကားတောင်မရှိဘူး။ကျွန်တော့်မိသားစုကိုကျေးဇူးတင်တယ်။အရမ်းခက်ခဲပေမဲ့ထိုက်တန်ပါတယ်”လို့ဆိုသွားပါတယ်။

ဂူမာရေးစ်ရဲ့နယူးကာဆယ်ကစားဖော်ကယ်လမ်ဝီလ်ဆင်ကလည်းစပါးစ်နှင့်ပွဲနိုင်ပွဲမှာ မက်တီယိုကိုရည်ရွယ်ကြောင်းဆိုသွားပါတယ်။စပါးစ်နှင့်ပွဲတွင်နယူးကာဆယ်အတွက်ဦးဆောင်ဂိုးသွင်းခဲ့တဲ့ဝီလ်ဆင်က “ဒီနိုင်ပွဲကမက်တီယိုအတွက်ပါ”လို့ဆိုသွားပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားဂူမာရေးစ်ဟာယခုရာသီတွင်လည်းနယူးကာဆယ်အတွက်အဓိကကစားသမားအဖြစ်ခြေစွမ်းပြနေသူဖြစ်ပြီးပရီးမီးယားလိဂ်ပွဲ၈ပွဲကစားထားရာမှာ၂ဂိုးသွင်းကာ၂ကြိမ်ဖန်တီးထားပါတယ်။

နယူးကာဆယ်ကိုစပါးစ်ကိုအနိုင်ရရှိပြီးနောက်အမှတ်ပေးဇယားအဆင့်၄နေရာသို့အထိတက်လှမ်းလာနိုင်ပါတယ်။

ZawGyi

သားဦးေမြးဖြားၿပီးေနာက္ ႏွစ္ရက္ၾကာ မအိပ္ခဲ့ရေပမဲ့ စပါးစ္ႏွင့္ပြဲတြင္ ေျခစြမ္းျပကစားခဲ့တဲ့ ဘ႐ူႏိုဂူမာေရးစ္

နယူးကာဆယ္စတားဘ႐ူႏိုဂူမာေရးစ္ဟာသားဦးေလးရရွိလာမႈႏွင့္အတူ ႏွစ္ရက္တိုင္တိုင္အိပ္ေရးပ်က္ေနခဲ့ေပမဲ့လည္းစပါးစ္ႏွင့္ပြဲတြင္အေကာင္းဆုံးေျခစြမ္းျဖင့္ကစားကာ နယူးကာဆယ္ကိုကူညီေပးႏိုင္ခဲ့ပါတယ္။

အသက္၂၄ႏွစ္ရွိဘရာဇီးစတားရဲ႕ခ်စ္သူအန္နာလီဒီယာမာတင္ဟာေသာၾကာေန႔ညတုန္းကသားဦးေလးမက္တီယိုကိုေမြးဖြားခဲ့ပါတယ္။

ယင္းေနာက္၄၈နာရီအၾကာတြင္ဘ႐ူႏိုဂူမာေရးစ္ဟာေတာ္တင္ဟမ္ေဟာ့စပါးစ္ကြင္းတြင္ကြန္တီရဲ႕စပါးကို၂-၁ဂိုးျဖင့္အႏိုင္ရရွိေအာင္အဓိကေနရာမွေျခစြမ္းျပကူညီႏိုင္ခဲ့ပါတယ္။

ယင္းပြဲအၿပီးတြင္ဂူမာေရးစ္ကသားဦးေလးရရွိလာမႈႏွင့္အတူ ႏွစ္ရက္တိုင္တိုင္အိပ္ေရးပ်က္ခဲ့ရေၾကာင္းဆိုသြားပါတယ္။

၎က “ကြၽန္ေတာ့္အတြက္အံ့ဩသင့္စရာေန႔ရက္ေတြပါ။ပထမဆုံးအႀကိမ္အျဖစ္အေဖျဖစ္လာခဲ့တယ္။တကယ့္ကိုႀကီးက်ယ္တယ္။ႏွစ္ရက္တိတိမအိပ္ခဲ့ရဘူး။အိမ္မွာေနလို႔ရေပမဲ့ဒီေကာင္ေတြနဲ႔အတူရွိခ်င္တယ္။သူတို႔ေၾကာင့္ကြၽန္ေတာ္ေပ်ာ္ရသလိုဂုဏ္လည္းယူရတယ္။ဒီေန႔ကြၽန္ေတာ္တို႔ထိုက္တန္စြာရခဲ့တယ္။ကြၽန္ေတာ့္ဘဝအတြက္အေကာင္းဆုံးေန႔ေတြပါ(မက္တီယိုေမြးဖြားမႈ)။အရမ္းေပ်ာ္တယ္။ဂုဏ္လည္းယူတယ္။အိပ္မက္တစ္ခုလိုပဲ။အံ့ဩစရာေကာင္းတာေတြျဖစ္လာလို႔ေျပာစရာစကားေတာင္မရွိဘူး။ကြၽန္ေတာ့္မိသားစုကိုေက်းဇူးတင္တယ္။အရမ္းခက္ခဲေပမဲ့ထိုက္တန္ပါတယ္”လို႔ဆိုသြားပါတယ္။

ဂူမာေရးစ္ရဲ႕နယူးကာဆယ္ကစားေဖာ္ကယ္လမ္ဝီလ္ဆင္ကလည္းစပါးစ္ႏွင့္ပြဲႏိုင္ပြဲမွာ မက္တီယိုကိုရည္႐ြယ္ေၾကာင္းဆိုသြားပါတယ္။စပါးစ္ႏွင့္ပြဲတြင္နယူးကာဆယ္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့တဲ့ဝီလ္ဆင္က “ဒီႏိုင္ပြဲကမက္တီယိုအတြက္ပါ”လို႔ဆိုသြားပါတယ္။

ဘရာဇီးကြင္းလယ္ကစားသမားဂူမာေရးစ္ဟာယခုရာသီတြင္လည္းနယူးကာဆယ္အတြက္အဓိကကစားသမားအျဖစ္ေျခစြမ္းျပေနသူျဖစ္ၿပီးပရီးမီးယားလိဂ္ပြဲ၈ပြဲကစားထားရာမွာ၂ဂိုးသြင္းကာ၂ႀကိမ္ဖန္တီးထားပါတယ္။

နယူးကာဆယ္ကိုစပါးစ္ကိုအႏိုင္ရရွိၿပီးေနာက္အမွတ္ေပးဇယားအဆင့္၄ေနရာသို႔အထိတက္လွမ္းလာႏိုင္ပါတယ္။