သိုးများကြောင့် အိမ်ပြောင်းခဲ့ရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို မျက်နှာပြောင်လာတဲ့ အီဗရာ

မန်ယူဂန္ထဝင်ကစားသမားပက်ထရစ်အီဗရာဟာသိုးများကြောင့်နံနက်စောစောနိုးကာအိပ်ရေးမဝမှုကြောင့်အိမ်ပြောင်းရွှေ့လိုက်ရတဲ့ကစားဖော်ဟောင်း မန်ယူစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုလှောင်ပြောင်လာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာသို့ရောက်လာပြီးနောက်ပေါင်၆သန်းတန်နေအိမ်တွင်နေထိုင်နေခဲ့သော်လည်းယင်းနေအိမ်ပတ်ဝန်းကျင်ရှိသိုးများရဲ့ဆူညံမှုကြောင့်နံနက်ပိုင်းတွင်စောစောစီးစီးနိုးနေမှုနဲ့အတူ မန်ယူကစားသမားဟောင်းတစ်ဦးပိုင်ဆိုင်တဲ့ပေါင်၃သန်းတန်နေအိမ်သို့ပြောင်းခဲ့ပါတယ်။

မန်ယူတွင်ခရစ္စတီယာနိုရော်နယ်ဒိုနဲ့အတူတွဲကစားခဲ့တဲ့ပက်ထရစ်အီဗရာဟာမော်တော်တစ်စီးပေါ်တွင်သိုးအချို့ကိုတင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုအားဆိုရှယ်မီဒီယာပေါ်တွင်ကာ ခရစ္စတီယာနိုရော်နယ်ဒိုအားကူညီနေကြောင်း မျက်နှာပြောင်ကာတင်လာပါတယ်။

အီဗရာက “ညီလေးရော်နယ်ဒိုရေ ငါရှိပါတယ်ကွာ။မင်းအခုတော့ ကောင်းကောင်းအိပ်ရပါပြီကွာ”လို့ ရေးသားလာပါတယ်။

ပက်ထရစ်အီဗရာဟာယင်းဗီဒီယိုဖိုင်ရိုက်ကူးရန် သိုးအချို့နှင့်လှေငှားကာရည်ရွယ်ချက်ရှိရှိဖန်တီးရိုက်ကူးခဲ့တာမဟုတ်ပါဘူး။ ပက်ထရစ်အီဗရာပါဝင်တဲ့ A League of Their Own အစီအစဉ်အတွက်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ငယ်တစ်ခုကိုအသုံးပြုတင်လာခဲ့တာဖြစ်ပါတယ်။

ယင်းအစီအစဉ်မှာဘောလုံးသမားဟောင်းဂျေမီရက်နပ်၊ခရစ်ကတ်စတားဟောင်းအင်ဒရူးဖရက်ဒီဖလင့်တော့ဖ်နှင့်ဟာသသရုပ်ဆောင်ရိုမတ်ရှ်ရန်ဂါနသန်တို့လည်းပါဝင်ပါတယ်။

ZawGyi

သိုးမ်ားေၾကာင့္ အိမ္ေျပာင္းခဲ့ရတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကို မ်က္ႏွာေျပာင္လာတဲ့ အီဗရာ

မန္ယူဂႏၴဝင္ကစားသမားပက္ထရစ္အီဗရာဟာသိုးမ်ားေၾကာင့္နံနက္ေစာေစာႏိုးကာအိပ္ေရးမဝမႈေၾကာင့္အိမ္ေျပာင္းေ႐ႊ႕လိုက္ရတဲ့ကစားေဖာ္ေဟာင္း မန္ယူစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကိုေလွာင္ေျပာင္လာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာသို႔ေရာက္လာၿပီးေနာက္ေပါင္၆သန္းတန္ေနအိမ္တြင္ေနထိုင္ေနခဲ့ေသာ္လည္းယင္းေနအိမ္ပတ္ဝန္းက်င္ရွိသိုးမ်ားရဲ႕ဆူညံမႈေၾကာင့္နံနက္ပိုင္းတြင္ေစာေစာစီးစီးႏိုးေနမႈနဲ႔အတူ မန္ယူကစားသမားေဟာင္းတစ္ဦးပိုင္ဆိုင္တဲ့ေပါင္၃သန္းတန္ေနအိမ္သို႔ေျပာင္းခဲ့ပါတယ္။

မန္ယူတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔အတူတြဲကစားခဲ့တဲ့ပက္ထရစ္အီဗရာဟာေမာ္ေတာ္တစ္စီးေပၚတြင္သိုးအခ်ိဳ႕ကိုတင္ထားတဲ့ ဗီဒီယိုဖိုင္တစ္ခုအားဆိုရွယ္မီဒီယာေပၚတြင္ကာ ခရစၥတီယာႏိုေရာ္နယ္ဒိုအားကူညီေနေၾကာင္း မ်က္ႏွာေျပာင္ကာတင္လာပါတယ္။

အီဗရာက “ညီေလးေရာ္နယ္ဒိုေရ ငါရွိပါတယ္ကြာ။မင္းအခုေတာ့ ေကာင္းေကာင္းအိပ္ရပါၿပီကြာ”လို႔ ေရးသားလာပါတယ္။

ပက္ထရစ္အီဗရာဟာယင္းဗီဒီယိုဖိုင္႐ိုက္ကူးရန္ သိုးအခ်ိဳ႕ႏွင့္ေလွငွားကာရည္႐ြယ္ခ်က္ရွိရွိဖန္တီး႐ိုက္ကူးခဲ့တာမဟုတ္ပါဘူး။ ပက္ထရစ္အီဗရာပါဝင္တဲ့ A League of Their Own အစီအစဥ္အတြက္႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ငယ္တစ္ခုကိုအသုံးျပဳတင္လာခဲ့တာျဖစ္ပါတယ္။

ယင္းအစီအစဥ္မွာေဘာလုံးသမားေဟာင္းေဂ်မီရက္နပ္၊ခရစ္ကတ္စတားေဟာင္းအင္ဒ႐ူးဖရက္ဒီဖလင့္ေတာ့ဖ္ႏွင့္ဟာသသ႐ုပ္ေဆာင္႐ိုမတ္ရွ္ရန္ဂါနသန္တို႔လည္းပါဝင္ပါတယ္။