သိုးများ နှောင့်ယှက်နေမှုကြောင့် အိမ်အပြောင်းအရွှေ့လုပ်လိုက်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုနဲ့သူ့မိသားစုဝင်များဟာသိုးများအော်ဟစ်သံကြောင့်ကောင်းမွန်စွာအိပ်စက်မရမှုနဲ့အတူနေအိမ်အပြောင်းအလဲပြုလုပ်လိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ကစားသမားသစ်အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာပွဲများအတွင်းတွင်ကောင်းမွန်စွာအနားယူရမှုကိုနှစ်သက်သူဖြစ်ပြီးယခုအခါအိပ်ခန်း၇ခန်းမှနေအိမ်မှအခြားတစ်အိမ်သို့ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာမန်ယူစတားဟောင်းတစ်ဦးပိုင်ဆိုင်တဲ့ပေါင်၃သန်းတန်အိပ်ခန်း၇ခန်းပါနေအိမ်သို့ပြောင်းရွှေ့လိုက်တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာမန်ယူသို့ပြောင်းရွှေ့ပြီးတဲ့နောက်၂၃ဧကကျယ်ဝန်းတဲ့ပေါင်၆သန်းတန်နေအိမ်သို့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာယင်းနေအိမ်မှာနေထိုင်လာခဲ့တာတစ်ပတ်ကျော်ကျော်မျှသာရှိသေးပေမယ့်လည်းနံနက်ပိုင်းတွင်သိုးများအော်မြည်သံကြောင့်ကောင်းမွန်စွာအိပ်စက်မရမှုနဲ့အတူနေအိမ်ပြောင်းလိုက်ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုအသစ်ပြောင်းရွှေ့လိုက်တဲ့နေအိမ်မှာလည်းရေကူးကန်၊ရုပ်ရှင်ရုံ၊ကားလေးစီးအတွက်ကားဂိုဒေါင်တို့ပါဝင်ပါတယ်။

ZawGyi






