သီအိုရီအရ ဇန်နဝါရီလမတိုင်ခင်အထိ မန်ယူနည်းပြအဖြစ် ဆိုးလ်ရှားရှိနေဦးမည်

မန်ယူဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်ကမန်ချက်စတာယူနိုက်တက်ဟာအိုလီဂန်းနားဆိုးလ်ရှားကိုထုတ်ပယ်လိမ့်ဦးမည်မဟုတ်သေးကြောင်းပြောကြားလာပါတယ်။နဗီးလ်ကမန်ယူအမှုဆောင်ချုပ်အဖြစ်နောက်ဆုံးကာလတာဝန်ထမ်းဆောင်နေတဲ့အက်ဒ်ဝုဒ်ဝတ်မှာသူ့ရဲ့နောက်ဆုံးအလုပ်အဖြစ်နည်းပြတစ်ဦးကိုထုတ်ပယ်ခြင်းမျိုးပြုလုပ်လိုမည်မဟုတ်ကြောင်းပြောကြားလာတာပါ။

အသက်၄၈နှစ်ရှိဆိုးလ်ရှားဟာစနေနေ့တုန်းကအိုးထရက်ဖို့ဒ်တွင်ခါးသီးလှတဲ့မြို့ခံပြိုင်ဘက်မန်စီးတီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်မှုနဲ့အတူဖိအားများထပ်မံကျရောက်လာပြန်ပါတယ်။

ယင်းသို့ရလဒ်ဆိုးရွားမှုနဲ့အတူဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ရန်တောင်းဆိုမှုများလည်းမြင့်တက်လာပါတယ်။

ဒါပေမယ့်ဂယ်ရီနဗီးလ်ကတော့အက်ဝုဒ်ဝတ်မှာမကြာမီထွက်ခွာတော့မှာဖြစ်တာကြောင့်ဆိုးလ်ရှားရဲ့အနာဂတ်မှာအာမခံချက်ရှိနေဆဲဖြစ်ကြောင်းဆိုလာပါတယ်။

နဗီးလ်က “အက်ဒီဝုဒ်ကလာမယ့်ရက်သတ္တပတ်အနည်းငယ်မှာထွက်ခွာတော့မှာဆိုတော့ယူနိုက်တက်ရဲ့လက်ရှိအခြေအနေကအရမ်းရှုပ်ထွေးနေပါတယ်။သူဟာလွန်ခဲ့တဲ့လအနည်းငယ်တုန်းကမှအိုလီကိုသုံးနှစ်စာချုပ်ချုပ်ဆိုခဲ့တယ်။သူ့ရဲ့နောက်ဆုံးလုပ်ဆောင်ချက်အဖြစ်မန်နေဂျာတစ်ဦးကိုထုတ်တာမျိုးလုပ်ချင်မှာလည်းမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဒါမေပယ့်နဗီးလ်ကအက်ဒ်ဝုဒ်ဝတ်အနေဖြင့်ဆိုးလ်ရှားကိုထုတ်ပယ်နိုင်တဲ့အကြောင်းပြချက်လည်းရှိနေကြောင်းဆိုသွားပါတယ်။

နဗီးလ်က “လာမယ့်စီအီးအိုကဆိုးလ်ရှားကိုချက်ချင်းထုတ်ပြီးသူ့ကိုအပြစ်ဖို့နိုင်တာသူ(ဝုဒ်ဝတ်)သိထားပြီးသားပါ”လို့ပြောကြားသွားပါတယ်။

မန်ယူစီအီးအိုအက်ဒ်ဝုဒ်ဝတ်ဟာယခုနှစ်အကုန်တွင်မန်ယူမှထွက်ခွာပါမယ်။သူဟာဧပြီလတုန်းကဥရောပစူပါလိဂ်တွင်ပါဝင်ပတ်သက်မှုကြောင့်နုတ်ထွက်မည်လို့ကြေညာထားတာလည်းဖြစ်ပါတယ်။

မန်ယူဟာဇူလိုင်လတုန်းကမှဆိုးလ်ရှားကိုသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဆိုးလ်ရှားနေရာတွင်ကွန်တီဖြင့်အစားထိုးမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပေမယ့် အီတလီလူမျိုးနည်းပြကိုစပါးစ်ကခန့်အပ်သွားပြီဖြစ်ပါတယ်။

ZawGyi

သီအိုရီအရ ဇန္နဝါရီလမတိုင္ခင္အထိ မန္ယူနည္းျပအျဖစ္ ဆိုးလ္ရွားရွိေနဦးမည္

မန္ယူဂႏၴဝင္ေနာက္ခံလူဂယ္ရီနဗီးလ္ကမန္ခ်က္စတာယူႏိုက္တက္ဟာအိုလီဂန္းနားဆိုးလ္ရွားကိုထုတ္ပယ္လိမ့္ဦးမည္မဟုတ္ေသးေၾကာင္းေျပာၾကားလာပါတယ္။နဗီးလ္ကမန္ယူအမႈေဆာင္ခ်ဳပ္အျဖစ္ေနာက္ဆုံးကာလတာဝန္ထမ္းေဆာင္ေနတဲ့အက္ဒ္ဝုဒ္ဝတ္မွာသူ႔ရဲ႕ေနာက္ဆုံးအလုပ္အျဖစ္နည္းျပတစ္ဦးကိုထုတ္ပယ္ျခင္းမ်ိဳးျပဳလုပ္လိုမည္မဟုတ္ေၾကာင္းေျပာၾကားလာတာပါ။

အသက္၄၈ႏွစ္ရွိဆိုးလ္ရွားဟာစေနေန႔တုန္းကအိုးထရက္ဖို႔ဒ္တြင္ခါးသီးလွတဲ့ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္မႈနဲ႔အတူဖိအားမ်ားထပ္မံက်ေရာက္လာျပန္ပါတယ္။

ယင္းသို႔ရလဒ္ဆိုး႐ြားမႈနဲ႔အတူဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ရန္ေတာင္းဆိုမႈမ်ားလည္းျမင့္တက္လာပါတယ္။

ဒါေပမယ့္ဂယ္ရီနဗီးလ္ကေတာ့အက္ဝုဒ္ဝတ္မွာမၾကာမီထြက္ခြာေတာ့မွာျဖစ္တာေၾကာင့္ဆိုးလ္ရွားရဲ႕အနာဂတ္မွာအာမခံခ်က္ရွိေနဆဲျဖစ္ေၾကာင္းဆိုလာပါတယ္။

နဗီးလ္က “အက္ဒီဝုဒ္ကလာမယ့္ရက္သတၱပတ္အနည္းငယ္မွာထြက္ခြာေတာ့မွာဆိုေတာ့ယူႏိုက္တက္ရဲ႕လက္ရွိအေျခအေနကအရမ္းရႈပ္ေထြးေနပါတယ္။သူဟာလြန္ခဲ့တဲ့လအနည္းငယ္တုန္းကမွအိုလီကိုသုံးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္။သူ႔ရဲ႕ေနာက္ဆုံးလုပ္ေဆာင္ခ်က္အျဖစ္မန္ေနဂ်ာတစ္ဦးကိုထုတ္တာမ်ိဳးလုပ္ခ်င္မွာလည္းမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဒါေမပယ့္နဗီးလ္ကအက္ဒ္ဝုဒ္ဝတ္အေနျဖင့္ဆိုးလ္ရွားကိုထုတ္ပယ္ႏိုင္တဲ့အေၾကာင္းျပခ်က္လည္းရွိေနေၾကာင္းဆိုသြားပါတယ္။

နဗီးလ္က “လာမယ့္စီအီးအိုကဆိုးလ္ရွားကိုခ်က္ခ်င္းထုတ္ၿပီးသူ႔ကိုအျပစ္ဖို႔ႏိုင္တာသူ(ဝုဒ္ဝတ္)သိထားၿပီးသားပါ”လို႔ေျပာၾကားသြားပါတယ္။

မန္ယူစီအီးအိုအက္ဒ္ဝုဒ္ဝတ္ဟာယခုႏွစ္အကုန္တြင္မန္ယူမွထြက္ခြာပါမယ္။သူဟာဧၿပီလတုန္းကဥေရာပစူပါလိဂ္တြင္ပါဝင္ပတ္သက္မႈေၾကာင့္ႏုတ္ထြက္မည္လို႔ေၾကညာထားတာလည္းျဖစ္ပါတယ္။

မန္ယူဟာဇူလိုင္လတုန္းကမွဆိုးလ္ရွားကိုသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဆိုးလ္ရွားေနရာတြင္ကြန္တီျဖင့္အစားထိုးမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚခဲ့ေပမယ့္ အီတလီလူမ်ိဳးနည္းျပကိုစပါးစ္ကခန႔္အပ္သြားၿပီျဖစ္ပါတယ္။