သီအိုရီအရ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ဖလားကို မန်ယူအသင်း ဆွတ်ခူးမည်

မန်ယူဟာနည်းပြဆိုးလ်ရှားလက်ထက်မှာဆုဖလားလက်မဲ့ဖြစ်နေပေမယ့်လည်းလာမယ့်ဘောလုံးရာသီမှာပရီးမီးယားလိဂ်ဖလားကိုအနည်းဆုံးဆွတ်ခူးနိုင်ဖို့အတွက်ကံကြမ္မာက မျက်နှာပေးနေပြီဖြစ်ပါတယ်။

မန်ယူဟာဆာအဲလက်စ်ဖာဂူဆန်ရဲ့နောက်ဆုံးရာသီမှာပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ပြီးနောက်ပရီးမီးယားလိဂ်ဖလားနှင့်ဝေးကွာလာခဲ့တာဖြစ်ပြီးပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နိုင်တဲ့အနေအထားမှာတောင်ရှိမနေခဲ့ပါဘူး။

အိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူဟာ၂၀၂၀-၂၁ရာသီတုန်းကပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာအဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့ပြီးချန်ပီယံမန်စီးတီးနှင့်ရမှတ်၁၂မှတ်ဘဲကွာဟခဲ့ပါတယ်။၂၀၁၈ခုနှစ်တုန်းကမော်ရင်ဟိုလက်ထက်မှာချန်ပီယံမန်စီးတီးနှင့်၁၉မှတ်ကွာဟပြီးနောက်မန်ယူအတွက်ချန်ပီယံအသင်းနှင့်ရမှတ်ကျဉ်းမြောင်းမှုအနည်းဆုံးနှစ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်မန်ယူဟာလာမယ့်၂၀၂၁-၂၂ဘောလုံးရာသီမှာပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်တဲ့သီအိုရီကဖြစ်ပေါ်နေပြီဖြစ်ပါတယ်။လာမယ့်ရာသီမှာမန်ယူအတွက်၁၄ကြိမ်မြောက်ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်မယ့်ကြီးမားတဲ့တိုက်ဆိုင်မှုကြီးတွေကဖြစ်ပေါ်ထားပြီးလည်းဖြစ်ပါတယ်။

မကြာသေးမီတုန်းကချဲလ်ဆီးအသင်းချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တာကလည်းအံ့ဩစရာကောင်းလောက်အောင်မန်ယူအတွက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ကံတရားတစ်ခုဖြစ်နေတာလည်းတွေ့ရပါတယ်။အထူးသဖြင့်မန်ယူအတွက်၂၀၁၁-၁၂ဘောလုံးရာသီမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်များက၂၀၂၀-၂၁ဘောလုံးရာသီမှာဖြစ်ပျက်မှုများကတော်တော်လေးတိုက်ဆိုင်နေပါတယ်။မန်ယူဟာ၂၀၁၁-၁၂ဘောလုံးရာသီမှာအံ့ဩဖွယ်အဖြစ်အပျက်များကြုံရပြီးနောက်၂၀၁၂-၁၃ရာသီမှာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။

မန်ယူကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေမယ့်အကြောင်းပြချက်များ

တိုက်ဆိုင်မှု (၁) – မန်ယူဟာ၂၀၁၁-၁၂ဘောလုံးရာသီတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာ၆-၁ ဂိုးရလဒ်ရှုံးနိမ့်ခဲ့ပါတယ်။ယင်းသို့ရှုံးနိမ့်ပြီးနောက်တစ်ရာသီမှာမန်ယူဟာပရီးမီးယားလိဂ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မန်ယူဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာအိုးထရက်ဖို့ဒ်ကွင်းမှာစပါးစ်အသင်းကို၆-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

တိုက်ဆိုင်မှု (၂) – မန်ယူဟာ၂၀၁၁-၁၂ရာသီမှာအိုးထရက်ဖို့ဒ်မှာအဲဗာတန်နှင့်၄-၄သရေကျခဲ့ပါတယ်။

မန်ယူဟာ၂၀၂၀-၂၁ဘောလုံးရာသီမှာအိုးထရက်ဖို့ဒ်ကွင်းမှာအဲဗာတန်နှင့်၃-၃သရေကျခဲ့ပါတယ်။

တိုက်ဆိုင်မှု(၃) – မန်ယူဟာ၂၀၁၁-၁၂ဘောလုံးရာသီမှာပရီးမီးယားလိဂ်မှာအနီကတ်တစ်ကတ်တည်းဘဲပြသခြင်းခံခဲ့ရပါတယ်။

မန်ယူဟာ၂၀၂၁-၂၂ဘောလုံးရာသီမှာလည်းပရီးမီးယားလိဂ်မှာအနီကတ်တစ်ကတ်တည်းဘဲပြသခြင်းခံခဲ့ရပါတယ်။

တိုက်ဆိုင်မှု (၄) – မန်ယူဟာ၂၀၁၁-၁၂ဘောလုံးရာသီတုန်းကချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အဆင့်၃နေရာသာရရှိပြီးထွက်ခွာခဲ့ရပါတယ်။ယင်းနောက်မန်ယူဟာယူရိုပါလိဂ်မှာစပိန်အသင်းတစ်သင်းကိုရှုံးနိမ့်ပြီးထွက်ခဲ့ရပါတယ်။

၂၀၂၀-၂၁ရာသီမှာလည်းမန်ယူဟာချန်ပီယံလိဂ်အုပ်စုအဆင့်မှာအဆင့်၃သာရရှိခဲ့ပြီးယူရိုပါလိဂ်မှာစပိန်အသင်းတစ်သင်းကိုရှုံးနိမ့်ခဲ့ရပါတယ်။မန်ယူဟာယူရိုပါလိဂ်ဗိုလ်လုပွဲမှာဗီလာရီးရဲလ်ကိုရှုံးနိမ့်ခဲ့ပါတယ်။

တိုက်ဆိုင်မှု (၅) – ၂၀၁၁-၁၂ဘောလုံးရာသီမှာလီယွန်နယ်မက်ဆီကလာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။ယင်းနောက်နောက်တစ်ရာသီမှာမန်ယူတို့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။

ယခု၂၀၂၀-၂၁ဘောလုံးရာသီမှာလည်းလီယွန်နယ်မက်ဆီဟာလာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။

တိုက်ဆိုင်မှု(၆) – ၂၀၁၁-၁၂ဘောလုံးရာသီမှာမန်စီးတီးအသင်းမှဂိုးသမားကပရီးမီးယားလိဂ်ရွှေလက်အိတ်ဆွတ်ခူးခဲ့ပါတယ်။ယင်းနောက်နောက်တစ်ရာသီမှာမန်ယူကပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။

၂၀၂၀-၂၁ ဘောလုံးရာသီမှာလည်းမန်စီးတီးဂိုးသမားအီဒါဆင်ကပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကိုဆွတ်ခူးခဲ့ပါတယ်။

တိုက်ဆိုင်မှု (၇) – ၂၀၁၁-၁၂ဘောလုံးရာသီတုန်းကဒီဂျွန်ဟာလီဂူး၁ကနေတန်းဆင်းသွားခဲ့ရပါတယ်။ယခု၂၀၂၀-၂၁ဘောလုံးရာသီမှာလည်းဒီဂျွန်ဟာလီဂူး၁ကနေတန်းဆင်းသွားခဲ့ရပါတယ်။

တိုက်ဆိုင်မှု(၈) – ၂၀၁၁-၁၂ဘောလုံးရာသီတုန်းကပီအက်စ်ဂျီ၊လိုင်ယွန်၊ရန်းနက်စ်တို့ကလီဂူး၁မှာအဆင့်၂၊၄၊၆တို့တွင်ရပ်တည်ခဲ့ကြပါတယ်။ယခု၂၀၂၀-၂၁ရာသီမှာလည်းပီအက်စ်ဂျီ၊လိုင်ယွန်၊ရန်းနက်စ်တို့ဟာအဆင့်၂၊၄၊၆တို့မှာရပ်တည်ခဲ့ကြပါတယ်။

တိုက်ဆိုင်မှု (၉) – မန်ယူဟာ၂၀၁၁-၁၂ဘောလုံးရာသီမှာပရီးမီးယားလိဂ်မှာအဆင့်၂နေရာမှာရပ်တည်ခဲ့သလို ၂၀၂၀-၂၁ဘောလုံးရာသီမှာလည်းအဆင့်၂နေရာမှာဘဲရပ်တည်နိုင်ခဲ့ပါတယ်။

တိုက်ဆိုင်မှု(၁၀)ယူရို၂၀၁၂ပြိုင်ပွဲတုန်းကဂျာမနီနှင့်ပေါ်တူဂီတို့ဟာအုပ်စုတစ်အုပ်စုတည်းမှာကျရောက်နေခဲ့ကြပါတယ်။ယခုယူရို၂၀၂၀ပြိုင်ပွဲမှာလည်းဂျာမနီနှင့်ပေါ်တူဂီတို့ဟာတစ်အုပ်စုတည်းကျရောက်နေပါတယ်။

တိုက်ဆိုင်မှု(၁၁)၂၀၁၁-၁၂ဘောလုံးရာသီတစ်ဝက်မှာချဲလ်ဆီးနည်းပြအထုတ်ခံခဲ့ရပြီး၂၀၂၀-၂၁ဘောလုံးရာသီမှာချဲလ်ဆီးနည်းပြတစ်ဦးဟာရာသီဝက်မှာတင်အထုတ်ခံခဲ့ရပါတယ်။

အထက်ပါတိုက်ဆိုင်မှုများကိုကြည့်ရင်မန်ယူပရိသတ်များအတွက်လာမယ့်ရာသီမှာပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ဖို့အတွက်မျှော်လင့်ချက်လင်းလက်လာပြီလို့ဆိုရပါမယ်။ဒါပေမယ့်တကယ်တမ်းမှာတော့အထက်ပါအချက်များကမန်ယူကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာစေမယ့်အချက်တွေလို့ယုံကြည်ဖို့ကအလွန်ခက်ပါတယ်။

အထူးသဖြင့်လီယွန်နယ်မက်ဆီဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့အချက်ပါ။တကယ်တော့မက်ဆီဟာမန်ယူအသင်းပရီးမီးယားလိဂ်ဖလားကိုနောက်ဆုံးအကြိမ်ဆွတ်ခူးပြီးနောက်လာလီဂါဂိုးသွင်းဘုရင်ဆုကိုငါးကြိမ်အထိဆွတ်ခူးထားခဲ့တာပါ။

ဘာပဲဖြစ်ဖြစ်အိုလီဂန်းနားဆိုးလ်ရှားအနေဖြင့်အထက်ပါသီအိုရီကမှန်ကန်ကြောင်းကိုလာမယ့်ဘောလုံးရာသီမှာပရီးမီးယားလိဂ်ဖလားဆွတ်ခူးပြီးပြသလာနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

သေချာတာကတော့တိုက်ဆိုင်မှုတွေ တော်တော်လေးခိုင်မာနေတာတော့အမှန်ပါပဲ။

ZawGyi

သီအိုရီအရ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္ဖလားကို မန္ယူအသင္း ဆြတ္ခူးမည္

မန္ယူဟာနည္းျပဆိုးလ္ရွားလက္ထက္မွာဆုဖလားလက္မဲ့ျဖစ္ေနေပမယ့္လည္းလာမယ့္ေဘာလုံးရာသီမွာပရီးမီးယားလိဂ္ဖလားကိုအနည္းဆုံးဆြတ္ခူးႏိုင္ဖို႔အတြက္ကံၾကမၼာက မ်က္ႏွာေပးေနၿပီျဖစ္ပါတယ္။

မန္ယူဟာဆာအဲလက္စ္ဖာဂူဆန္ရဲ႕ေနာက္ဆုံးရာသီမွာပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ၿပီးေနာက္ပရီးမီးယားလိဂ္ဖလားႏွင့္ေဝးကြာလာခဲ့တာျဖစ္ၿပီးပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚႏိုင္တဲ့အေနအထားမွာေတာင္ရွိမေနခဲ့ပါဘူး။

အိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူဟာ၂၀၂၀-၂၁ရာသီတုန္းကပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာအဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့ၿပီးခ်န္ပီယံမန္စီးတီးႏွင့္ရမွတ္၁၂မွတ္ဘဲကြာဟခဲ့ပါတယ္။၂၀၁၈ခုႏွစ္တုန္းကေမာ္ရင္ဟိုလက္ထက္မွာခ်န္ပီယံမန္စီးတီးႏွင့္၁၉မွတ္ကြာဟၿပီးေနာက္မန္ယူအတြက္ခ်န္ပီယံအသင္းႏွင့္ရမွတ္က်ဥ္းေျမာင္းမႈအနည္းဆုံးႏွစ္ျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္မန္ယူဟာလာမယ့္၂၀၂၁-၂၂ေဘာလုံးရာသီမွာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္တဲ့သီအိုရီကျဖစ္ေပၚေနၿပီျဖစ္ပါတယ္။လာမယ့္ရာသီမွာမန္ယူအတြက္၁၄ႀကိမ္ေျမာက္ပရီးမီးယားလိဂ္ဖလားကိုဆြတ္ခူးႏိုင္မယ့္ႀကီးမားတဲ့တိုက္ဆိုင္မႈႀကီးေတြကျဖစ္ေပၚထားၿပီးလည္းျဖစ္ပါတယ္။

မၾကာေသးမီတုန္းကခ်ဲလ္ဆီးအသင္းခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ခဲ့တာကလည္းအံ့ဩစရာေကာင္းေလာက္ေအာင္မန္ယူအတြက္ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာဖို႔ကံတရားတစ္ခုျဖစ္ေနတာလည္းေတြ႕ရပါတယ္။အထူးသျဖင့္မန္ယူအတြက္၂၀၁၁-၁၂ေဘာလုံးရာသီမွာျဖစ္ပ်က္ခဲ့တဲ့အျဖစ္အပ်က္မ်ားက၂၀၂၀-၂၁ေဘာလုံးရာသီမွာျဖစ္ပ်က္မႈမ်ားကေတာ္ေတာ္ေလးတိုက္ဆိုင္ေနပါတယ္။မန္ယူဟာ၂၀၁၁-၁၂ေဘာလုံးရာသီမွာအံ့ဩဖြယ္အျဖစ္အပ်က္မ်ားႀကဳံရၿပီးေနာက္၂၀၁၂-၁၃ရာသီမွာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

မန္ယူကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေစမယ့္အေၾကာင္းျပခ်က္မ်ား

တိုက္ဆိုင္မႈ (၁) – မန္ယူဟာ၂၀၁၁-၁၂ေဘာလုံးရာသီတုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာ၆-၁ ဂိုးရလဒ္ရႈံးနိမ့္ခဲ့ပါတယ္။ယင္းသို႔ရႈံးနိမ့္ၿပီးေနာက္တစ္ရာသီမွာမန္ယူဟာပရီးမီးယားလိဂ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မန္ယူဟာ၂၀၂၀-၂၁ေဘာလုံးရာသီမွာအိုးထရက္ဖို႔ဒ္ကြင္းမွာစပါးစ္အသင္းကို၆-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

တိုက္ဆိုင္မႈ (၂) – မန္ယူဟာ၂၀၁၁-၁၂ရာသီမွာအိုးထရက္ဖို႔ဒ္မွာအဲဗာတန္ႏွင့္၄-၄သေရက်ခဲ့ပါတယ္။

မန္ယူဟာ၂၀၂၀-၂၁ေဘာလုံးရာသီမွာအိုးထရက္ဖို႔ဒ္ကြင္းမွာအဲဗာတန္ႏွင့္၃-၃သေရက်ခဲ့ပါတယ္။

တိုက္ဆိုင္မႈ(၃) – မန္ယူဟာ၂၀၁၁-၁၂ေဘာလုံးရာသီမွာပရီးမီးယားလိဂ္မွာအနီကတ္တစ္ကတ္တည္းဘဲျပသျခင္းခံခဲ့ရပါတယ္။

မန္ယူဟာ၂၀၂၁-၂၂ေဘာလုံးရာသီမွာလည္းပရီးမီးယားလိဂ္မွာအနီကတ္တစ္ကတ္တည္းဘဲျပသျခင္းခံခဲ့ရပါတယ္။

တိုက္ဆိုင္မႈ (၄) – မန္ယူဟာ၂၀၁၁-၁၂ေဘာလုံးရာသီတုန္းကခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ အဆင့္၃ေနရာသာရရွိၿပီးထြက္ခြာခဲ့ရပါတယ္။ယင္းေနာက္မန္ယူဟာယူ႐ိုပါလိဂ္မွာစပိန္အသင္းတစ္သင္းကိုရႈံးနိမ့္ၿပီးထြက္ခဲ့ရပါတယ္။

၂၀၂၀-၂၁ရာသီမွာလည္းမန္ယူဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာအဆင့္၃သာရရွိခဲ့ၿပီးယူ႐ိုပါလိဂ္မွာစပိန္အသင္းတစ္သင္းကိုရႈံးနိမ့္ခဲ့ရပါတယ္။မန္ယူဟာယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာဗီလာရီးရဲလ္ကိုရႈံးနိမ့္ခဲ့ပါတယ္။

တိုက္ဆိုင္မႈ (၅) – ၂၀၁၁-၁၂ေဘာလုံးရာသီမွာလီယြန္နယ္မက္ဆီကလာလီဂါဂိုးသြင္းဘုရင္ျဖစ္ခဲ့ပါတယ္။ယင္းေနာက္ေနာက္တစ္ရာသီမွာမန္ယူတို႔ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ယခု၂၀၂၀-၂၁ေဘာလုံးရာသီမွာလည္းလီယြန္နယ္မက္ဆီဟာလာလီဂါဂိုးသြင္းဘုရင္ျဖစ္ခဲ့ပါတယ္။

တိုက္ဆိုင္မႈ(၆) – ၂၀၁၁-၁၂ေဘာလုံးရာသီမွာမန္စီးတီးအသင္းမွဂိုးသမားကပရီးမီးယားလိဂ္ေ႐ႊလက္အိတ္ဆြတ္ခူးခဲ့ပါတယ္။ယင္းေနာက္ေနာက္တစ္ရာသီမွာမန္ယူကပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

၂၀၂၀-၂၁ ေဘာလုံးရာသီမွာလည္းမန္စီးတီးဂိုးသမားအီဒါဆင္ကပရီးမီးယားလိဂ္ေ႐ႊလက္အိတ္ဆုကိုဆြတ္ခူးခဲ့ပါတယ္။

တိုက္ဆိုင္မႈ (၇) – ၂၀၁၁-၁၂ေဘာလုံးရာသီတုန္းကဒီဂြၽန္ဟာလီဂူး၁ကေနတန္းဆင္းသြားခဲ့ရပါတယ္။ယခု၂၀၂၀-၂၁ေဘာလုံးရာသီမွာလည္းဒီဂြၽန္ဟာလီဂူး၁ကေနတန္းဆင္းသြားခဲ့ရပါတယ္။

တိုက္ဆိုင္မႈ(၈) – ၂၀၁၁-၁၂ေဘာလုံးရာသီတုန္းကပီအက္စ္ဂ်ီ၊လိုင္ယြန္၊ရန္းနက္စ္တို႔ကလီဂူး၁မွာအဆင့္၂၊၄၊၆တို႔တြင္ရပ္တည္ခဲ့ၾကပါတယ္။ယခု၂၀၂၀-၂၁ရာသီမွာလည္းပီအက္စ္ဂ်ီ၊လိုင္ယြန္၊ရန္းနက္စ္တို႔ဟာအဆင့္၂၊၄၊၆တို႔မွာရပ္တည္ခဲ့ၾကပါတယ္။

တိုက္ဆိုင္မႈ (၉) – မန္ယူဟာ၂၀၁၁-၁၂ေဘာလုံးရာသီမွာပရီးမီးယားလိဂ္မွာအဆင့္၂ေနရာမွာရပ္တည္ခဲ့သလို ၂၀၂၀-၂၁ေဘာလုံးရာသီမွာလည္းအဆင့္၂ေနရာမွာဘဲရပ္တည္ႏိုင္ခဲ့ပါတယ္။

တိုက္ဆိုင္မႈ(၁၀)ယူ႐ို၂၀၁၂ၿပိဳင္ပြဲတုန္းကဂ်ာမနီႏွင့္ေပၚတူဂီတို႔ဟာအုပ္စုတစ္အုပ္စုတည္းမွာက်ေရာက္ေနခဲ့ၾကပါတယ္။ယခုယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလည္းဂ်ာမနီႏွင့္ေပၚတူဂီတို႔ဟာတစ္အုပ္စုတည္းက်ေရာက္ေနပါတယ္။

တိုက္ဆိုင္မႈ(၁၁)၂၀၁၁-၁၂ေဘာလုံးရာသီတစ္ဝက္မွာခ်ဲလ္ဆီးနည္းျပအထုတ္ခံခဲ့ရၿပီး၂၀၂၀-၂၁ေဘာလုံးရာသီမွာခ်ဲလ္ဆီးနည္းျပတစ္ဦးဟာရာသီဝက္မွာတင္အထုတ္ခံခဲ့ရပါတယ္။

အထက္ပါတိုက္ဆိုင္မႈမ်ားကိုၾကည့္ရင္မန္ယူပရိသတ္မ်ားအတြက္လာမယ့္ရာသီမွာပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ႏိုင္ဖို႔အတြက္ေမွ်ာ္လင့္ခ်က္လင္းလက္လာၿပီလို႔ဆိုရပါမယ္။ဒါေပမယ့္တကယ္တမ္းမွာေတာ့အထက္ပါအခ်က္မ်ားကမန္ယူကိုပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာေစမယ့္အခ်က္ေတြလို႔ယုံၾကည္ဖို႔ကအလြန္ခက္ပါတယ္။

အထူးသျဖင့္လီယြန္နယ္မက္ဆီဂိုးသြင္းဘုရင္ျဖစ္ခဲ့တဲ့အခ်က္ပါ။တကယ္ေတာ့မက္ဆီဟာမန္ယူအသင္းပရီးမီးယားလိဂ္ဖလားကိုေနာက္ဆုံးအႀကိမ္ဆြတ္ခူးၿပီးေနာက္လာလီဂါဂိုးသြင္းဘုရင္ဆုကိုငါးႀကိမ္အထိဆြတ္ခူးထားခဲ့တာပါ။

ဘာပဲျဖစ္ျဖစ္အိုလီဂန္းနားဆိုးလ္ရွားအေနျဖင့္အထက္ပါသီအိုရီကမွန္ကန္ေၾကာင္းကိုလာမယ့္ေဘာလုံးရာသီမွာပရီးမီးယားလိဂ္ဖလားဆြတ္ခူးၿပီးျပသလာႏိုင္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

ေသခ်ာတာကေတာ့တိုက္ဆိုင္မႈေတြ ေတာ္ေတာ္ေလးခိုင္မာေနတာေတာ့အမွန္ပါပဲ။