သီးသန့်ကြံ့ခိုင်ရေးနည်းပြငှားရမ်းထားတဲ့ လီဗာပူးစတားကို ကလော့ပ်စိတ်ပျက်နေ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာသီးသန့်ကြံ့ခိုင်ရေးနည်းပြငှားရမ်းအသုံးပြုနေတဲ့ကွင်းလယ်သမားအာသာမယ်လိုရဲ့လုပ်ဆောင်မှုအပေါ်စိတ်ပျက်လျက်ရှိနေပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင်ဂျူဗင်တပ်မှလီဗာပူးသို့တစ်ရာသီအငှားဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

ကလော့ပ်ဟာကွင်းလယ်ကစားသမားများဒဏ်ရာပြဿနာများနှင့်ကြုံနေရမှုနှင့်အတူ အလျှင်စလိုဝယ်ယူမှုအဖြစ်အာသာမယ်လိုကိုခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

မယ်လိုဟာဂျူဗင်တပ်တွင်ကစားစဉ်တုန်းကကြံ့ခိုင်ရေးပြဿနာများနှင့်ရင်ဆိုင်လာရသူဖြစ်ပြီးနာပိုလီကိုရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်မိနစ်အနည်းငယ်ဝင်ရောက်ကစားခဲ့ပါတယ်။

သူဟာကြံ့ခိုင်မှုပိုင်းရုန်းကန်နေရမှုနှင့်အတူဇန်နဝါရီလတွင်းဂျူဗင်တပ်သို့ပြန်ပို့ခြင်းခံရမယ်လို့သတင်းထွက်နေပါတယ်။

ဒါပေမဲ့လီဗာပူးနည်းပြကလော့ပ်နှင့်နည်းပြအဖွဲ့ဝင်များဟာအာသာမယ်လိုရဲ့အရည်အသွေးနှင့်အလုပ်ကြိုးစားမှုကိုသဘောကျနေပါတယ်။ဒါပေမဲ့ကလော့ပ်ကအာသာမယ်လိုကသူ့အတွက်သီးသန့်ကြံ့ခိုင်ရေးနည်းပြငှားရမ်းပြီး ကြံ့ခိုင်မှုပိုင်းကောင်းမွန်ရေးလုပ်ဆောင်နေမှုအပေါ်စိတ်ပျက်နေပါတယ်။

ကလော့ပ်ကကလပ်ရဲ့ကြံ့ခိုင်ရေးနည်းပြများရဲ့လမ်းညွှန်မှုအတိုင်းသာအာသာမယ်လိုကိုလုပ်ဆောင်စေလိုမှုနှင့်အတူယင်းသို့သီးသန့်ကြံ့ခိုင်ရေးနည်းပြငှားရမ်းလာမှုအပေါ်သဘောမကျဖြစ်နေပါတယ်။

ZawGyi

သီးသန႔္ႀကံ့ခိုင္ေရးနည္းျပငွားရမ္းထားတဲ့ လီဗာပူးစတားကို ကေလာ့ပ္စိတ္ပ်က္ေန

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာသီးသန႔္ႀကံ့ခိုင္ေရးနည္းျပငွားရမ္းအသုံးျပဳေနတဲ့ကြင္းလယ္သမားအာသာမယ္လိုရဲ႕လုပ္ေဆာင္မႈအေပၚစိတ္ပ်က္လ်က္ရွိေနပါတယ္။

ဘရာဇီးကြင္းလယ္ကစားသမားဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးေန႔တြင္ဂ်ဴဗင္တပ္မွလီဗာပူးသို႔တစ္ရာသီအငွားျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

ကေလာ့ပ္ဟာကြင္းလယ္ကစားသမားမ်ားဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံေနရမႈႏွင့္အတူ အလွ်င္စလိုဝယ္ယူမႈအျဖစ္အာသာမယ္လိုကိုေခၚယူခဲ့တာလည္းျဖစ္ပါတယ္။

မယ္လိုဟာဂ်ဴဗင္တပ္တြင္ကစားစဥ္တုန္းကႀကံ့ခိုင္ေရးျပႆနာမ်ားႏွင့္ရင္ဆိုင္လာရသူျဖစ္ၿပီးနာပိုလီကိုရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္မိနစ္အနည္းငယ္ဝင္ေရာက္ကစားခဲ့ပါတယ္။

သူဟာႀကံ့ခိုင္မႈပိုင္း႐ုန္းကန္ေနရမႈႏွင့္အတူဇန္နဝါရီလတြင္းဂ်ဴဗင္တပ္သို႔ျပန္ပို႔ျခင္းခံရမယ္လို႔သတင္းထြက္ေနပါတယ္။

ဒါေပမဲ့လီဗာပူးနည္းျပကေလာ့ပ္ႏွင့္နည္းျပအဖြဲ႕ဝင္မ်ားဟာအာသာမယ္လိုရဲ႕အရည္အေသြးႏွင့္အလုပ္ႀကိဳးစားမႈကိုသေဘာက်ေနပါတယ္။ဒါေပမဲ့ကေလာ့ပ္ကအာသာမယ္လိုကသူ႔အတြက္သီးသန႔္ႀကံ့ခိုင္ေရးနည္းျပငွားရမ္းၿပီး ႀကံ့ခိုင္မႈပိုင္းေကာင္းမြန္ေရးလုပ္ေဆာင္ေနမႈအေပၚစိတ္ပ်က္ေနပါတယ္။

ကေလာ့ပ္ကကလပ္ရဲ႕ႀကံ့ခိုင္ေရးနည္းျပမ်ားရဲ႕လမ္းၫႊန္မႈအတိုင္းသာအာသာမယ္လိုကိုလုပ္ေဆာင္ေစလိုမႈႏွင့္အတူယင္းသို႔သီးသန႔္ႀကံ့ခိုင္ေရးနည္းျပငွားရမ္းလာမႈအေပၚသေဘာမက်ျဖစ္ေနပါတယ္။