သုံးနှစ်ကြာချိန်တွင်မှ သူ့အရည်အချင်းကို ဆုံးဖြတ်ကြရန် အာဆင်နယ်ပရိသတ်များကို အာတီတာပြောကြား

မီခေးလ်အာတီတာကရာသီသစ်အစပထမတစ်ပွဲတည်းဖြင့်သူ့အရည်အချင်းအားအကဲဖြတ်လာမှုအပေါ်ဂရုစိုက်နေမည်မဟုတ်ကြောင်းပြောကြားလာပါတယ်။

အာဆင်နယ်နည်းပြအာတီတာနှင့်ကစားသမားများဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်တန်းတက်ဘရန့်ဖို့ဒ်အားရှုံးနိမ့်မှုနဲ့အတူဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

အာဆင်နယ်ဟာမနက်ဖြန်တနင်္ဂနေ့တွင်လန်ဒန်ဒါဘီပွဲအဖြစ်ချဲလ်ဆီးနှင့်ရင်ဆိုင်ရပါမယ်။ယင်းပွဲအပြီးတွင်အာဆင်နယ်ဟာကြားရက်တွင်ဝက်စ်ဘရွန်းနှင့်လိဂ်ဖလားပွဲအဖြစ်ရင်ဆိုင်ရပြီးနောက်မန်စီးတီးအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရပါမယ်။

အသက်၃၉နှစ်ရှိအာတီတာကဘရန့်ဖို့ဒ်အားရှုံးနိမ့်ပြီးနောက်အပြင်းအထန်ဝေဖန်နေမှုများအပေါ်ဂရုမစိုက်ကြောင်းနှင့်သူ့အရည်အချင်းအား၂နှစ်(သို့မဟုတ်)၃နှစ်ကြာချိန်တွင်မှအကဲဖြတ်ကျရန်ပြောလာပါတယ်။

အာတီတာက “လူတွေဟာကျွန်တော်တို့ကိုလောင်မြိုက်နေချင်ကြပါတယ်။ဝေဖန်ဖို့ကြိုးပမ်းနေကြပါတယ်။ဒါပေမယ့်ဒါကအထူးအဆန်းမဟုတ်ပါဘူး။စိတ်လည်းမဝင်စားပါဘူး။ကျွန်တော်ကဘယ်သူ့ကိုမှလက်ညှိုးထိုးပြောတာမဟုတ်ပါဘူး။ဒါပေမယ့်တစ်ချို့ပြောတာတွေကမလေးစားသလိုဖြစ်နေပါတယ်။ပရီးမီးယားလိဂ်အဖွင့်ပွဲဆိုတော့လည်းဝေဖန်မှုကလည်းပိုပြင်းပါတယ်။ဒါပေမယ့်ရှေ့မှာတစ်ရာသီလုံးကျန်နေပါသေးတယ်။ကလပ်ရဲ့အပြင်ဘက်ကအရာတွေကအပြင်မှာဘဲရှိစေချင်ပါတယ်။ကျွန်တော်ကကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့အဝိုင်းအဝန်းတည်ဆောက်ချင်ပါတယ်။ဖိအားရှိနေတယ်လို့လည်းမခံစားရပါဘူး။ဘောလုံးမှာဖိအားရှိလာပြီလို့ခံစားရပြီဆိုတာနဲ့အမှားတွေလုပ်တော့တာပါပဲ။ကံဆိုးတာကတော့ဝေဖန်မှုတွေကထိန်းချုပ်မရတော့ဟန်ချက်ညီအောင်တော့နေရပါမယ်။ကိုယ့်ဘက်ကအကောင်းဆုံးတော့လုပ်ပြရပါမယ်။ရလဒ်တစ်ခုတည်းနဲ့ဝေဖန်အကဲဖြတ်ခံရမယ်။ဒါပေမယ့်ဒါကကိုယ်လုပ်တာမကောင်းဘူး၊ဆိုးနေတာမျိုးတော့မဟုတ်ပါဘူး။ဘောလုံးမှာအနိုင်နဲ့အရှုံးရှိပါတယ်။ကျွန်တော်ဟာဒီမှာရှိနေတဲ့၁၈လအတွင်းစိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပါတယ်။အခုအချိန်ကဖြစ်ပြီးသားတွေကိုဆန်းစစ်ရမယ့်အချိန်လည်းမဟုတ်ပါဘူး။ဒါပေမယ့်၂နှစ်(သို့)၃နှစ်အချိန်မှာပြန်ကြည့်လိုက်ရင်အကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာတွေ့ရပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

အာတီတာဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်အရေးပါတဲ့ခေါ်ယူမှုများအဖြစ်နောက်ခံလူဘင်ဝှိုက်၊ကွင်းလယ်ကစားသမားအိုဒီဂတ်၊ဂိုးသမားရမ်ဒဲလ်တို့ကိုခေါ်ယူထားပါတယ်။

ZawGyi

သုံးႏွစ္ၾကာခ်ိန္တြင္မွ သူ႔အရည္အခ်င္းကို ဆုံးျဖတ္ၾကရန္ အာဆင္နယ္ပရိသတ္မ်ားကို အာတီတာေျပာၾကား

မီေခးလ္အာတီတာကရာသီသစ္အစပထမတစ္ပြဲတည္းျဖင့္သူ႔အရည္အခ်င္းအားအကဲျဖတ္လာမႈအေပၚဂ႐ုစိုက္ေနမည္မဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။

အာဆင္နယ္နည္းျပအာတီတာႏွင့္ကစားသမားမ်ားဟာပရီးမီးယားလိဂ္အဖြင့္ပြဲတြင္တန္းတက္ဘရန႔္ဖို႔ဒ္အားရႈံးနိမ့္မႈနဲ႔အတူေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

အာဆင္နယ္ဟာမနက္ျဖန္တနဂၤေန႔တြင္လန္ဒန္ဒါဘီပြဲအျဖစ္ခ်ဲလ္ဆီးႏွင့္ရင္ဆိုင္ရပါမယ္။ယင္းပြဲအၿပီးတြင္အာဆင္နယ္ဟာၾကားရက္တြင္ဝက္စ္ဘ႐ြန္းႏွင့္လိဂ္ဖလားပြဲအျဖစ္ရင္ဆိုင္ရၿပီးေနာက္မန္စီးတီးအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရပါမယ္။

အသက္၃၉ႏွစ္ရွိအာတီတာကဘရန႔္ဖို႔ဒ္အားရႈံးနိမ့္ၿပီးေနာက္အျပင္းအထန္ေဝဖန္ေနမႈမ်ားအေပၚဂ႐ုမစိုက္ေၾကာင္းႏွင့္သူ႔အရည္အခ်င္းအား၂ႏွစ္(သို႔မဟုတ္)၃ႏွစ္ၾကာခ်ိန္တြင္မွအကဲျဖတ္က်ရန္ေျပာလာပါတယ္။

အာတီတာက “လူေတြဟာကြၽန္ေတာ္တို႔ကိုေလာင္ၿမိဳက္ေနခ်င္ၾကပါတယ္။ေဝဖန္ဖို႔ႀကိဳးပမ္းေနၾကပါတယ္။ဒါေပမယ့္ဒါကအထူးအဆန္းမဟုတ္ပါဘူး။စိတ္လည္းမဝင္စားပါဘူး။ကြၽန္ေတာ္ကဘယ္သူ႔ကိုမွလက္ညႇိဳးထိုးေျပာတာမဟုတ္ပါဘူး။ဒါေပမယ့္တစ္ခ်ိဳ႕ေျပာတာေတြကမေလးစားသလိုျဖစ္ေနပါတယ္။ပရီးမီးယားလိဂ္အဖြင့္ပြဲဆိုေတာ့လည္းေဝဖန္မႈကလည္းပိုျပင္းပါတယ္။ဒါေပမယ့္ေရွ႕မွာတစ္ရာသီလုံးက်န္ေနပါေသးတယ္။ကလပ္ရဲ႕အျပင္ဘက္ကအရာေတြကအျပင္မွာဘဲရွိေစခ်င္ပါတယ္။ကြၽန္ေတာ္ကကိုယ့္ပတ္ဝန္းက်င္ကလူေတြနဲ႔အဝိုင္းအဝန္းတည္ေဆာက္ခ်င္ပါတယ္။ဖိအားရွိေနတယ္လို႔လည္းမခံစားရပါဘူး။ေဘာလုံးမွာဖိအားရွိလာၿပီလို႔ခံစားရၿပီဆိုတာနဲ႔အမွားေတြလုပ္ေတာ့တာပါပဲ။ကံဆိုးတာကေတာ့ေဝဖန္မႈေတြကထိန္းခ်ဳပ္မရေတာ့ဟန္ခ်က္ညီေအာင္ေတာ့ေနရပါမယ္။ကိုယ့္ဘက္ကအေကာင္းဆုံးေတာ့လုပ္ျပရပါမယ္။ရလဒ္တစ္ခုတည္းနဲ႔ေဝဖန္အကဲျဖတ္ခံရမယ္။ဒါေပမယ့္ဒါကကိုယ္လုပ္တာမေကာင္းဘူး၊ဆိုးေနတာမ်ိဳးေတာ့မဟုတ္ပါဘူး။ေဘာလုံးမွာအႏိုင္နဲ႔အရႈံးရွိပါတယ္။ကြၽန္ေတာ္ဟာဒီမွာရွိေနတဲ့၁၈လအတြင္းစိန္ေခၚမႈေတြရင္ဆိုင္ခဲ့ရပါတယ္။အခုအခ်ိန္ကျဖစ္ၿပီးသားေတြကိုဆန္းစစ္ရမယ့္အခ်ိန္လည္းမဟုတ္ပါဘူး။ဒါေပမယ့္၂ႏွစ္(သို႔)၃ႏွစ္အခ်ိန္မွာျပန္ၾကည့္လိုက္ရင္အေကာင္းဆုံးလုပ္ခဲ့တယ္ဆိုတာေတြ႕ရပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

အာတီတာဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အေရးပါတဲ့ေခၚယူမႈမ်ားအျဖစ္ေနာက္ခံလူဘင္ဝႈိက္၊ကြင္းလယ္ကစားသမားအိုဒီဂတ္၊ဂိုးသမားရမ္ဒဲလ္တို႔ကိုေခၚယူထားပါတယ္။