သုံးနှစ်စာချုပ်ချုပ်ဆိုထားသော်လည်း နှစ်လမပြည့်မီ အယ်အာလီနှင့် စာချုပ်ဖျက်သိမ်းလိုက်တဲ့ ပေါ်လင်ဟို

ဘရာဇီးကွင်းလယ်ကစားသမားပေါ်လင်ဟိုဟာဆော်ဒီကလပ်အယ်အာလီနှင့်စာချုပ်ချုပ်ဆိုပြီးနှစ်လမပြည့်မီအချိန်မီအချိန်မှာဘဲစာချုပ်အားနှစ်ဦးသဘောတူဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိပေါ်လင်ဟိုဟာဇူလိုင်လ၂၂ရက်နေ့တုန်းကမှအယ်အာလီနှင့်သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးယခုအခါနှစ်ဦးသဘောတူဖျက်သိမ်းလိုက်ပြီဖြစ်ကာအခြားကလပ်တစ်ခုသို့လွတ်လပ်စွာပြောင်းရွှေ့နိုင်ပြီဖြစ်ပါတယ်။

သူဟာဆော်ဒီပရိုလိဂ်တွင်ကာလတိုကစားစဉ်အတွင်းတွင်လေးပွဲကစားခဲ့ရာမှာနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ကလပ်ဘက်ကထုတ်ပြန်ချက်တွင်ပေါ်လင်ဟိုမှာအံ့ဩစရာကောင်းတဲ့ဂိုးသွင်းမှတ်တမ်းရရှိခဲ့သော်လည်းကလပ်အတွက်အကောင်းဆုံးလုပ်ပေးနိုင်တော့မှာမဟုတ်ကြောင်းပြောကြားလာမှုနဲ့အတူနှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်းပါဝင်ပါတယ်။

ဘရာဇီးအသင်းအတွက်၅၆ပွဲကစားခွင့်ရရှိခဲ့တဲ့ပေါ်လင်ဟိုဟာ၂၀၁၃ခုနှစ်တုန်းကဘရာဇီးကလပ်ကိုရင်သီယန်မှစပါးစ်သို့ပေါင်၁၇သန်းဖြင့်ရောက်လာပြီးနောက်၆၇ပွဲကစားခဲ့သူဖြစ်ပါတယ်။သူဟာဘာစီလိုနာမှာလည်းကစားခဲ့ဖူးပြီး၄၉ပွဲကစားခဲ့ကာ၂၀၁၇-၁၈ရာသီတွင်လာလီဂါဖလားနှင့်ကိုပါဒယ်ရေးဖလားနှစ်လုံးတို့ဆွတ်ခူးခဲ့ပါတယ်။

ZawGyi





