သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်သို့ ခြေချလာတဲ့ ချဲလ်ဆီးပိုင်ရှင်အေဘရာမိုဗစ်ချ်
ချဲလ်ဆီးပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ်ဟာသုံးနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်လန်ဒန်သို့ပြန်လာခဲ့ပါတယ်။အသက်၅၄နှစ်ရှိရုရှားဘီလျှံနာဟာ၂၀၁၈ခုနှစ်၊ဧပြီလတုန်းကဗီဇာသက်တမ်းကုန်ဆုံးခဲ့သူဖြစ်ပြီးမိသားစုနှင့်တွေ့ဆုံရန်ပြန်လာဖို့ခက်နေခဲ့သူလည်းဖြစ်ပါတယ်။
ဗြိတိန်အစိုးရဟာ၂၀၁၈ခုနှစ်တုန်းကဆာလစ်ဘူရီအဆိပ်ခတ်သတ်မှုဖြစ်ပျက်ပြီးနောက်ရုရှားနို်ငံသားပါဝါကြီးသူများကိုဗီဇာနှင့်ပတ်သက်ပြီးတင်းကြပ်စွာကိုင်တွယ်လာခဲ့ပါတယ်။
ဒါကြောင့်လည်းရိုမန်အေဘရာမိုဗစ်ချ်ဟာဗြိတိန်သို့ဝင်ရောက်ရန်ခက်ခဲတဲ့အနေအထားမှာရှိနေခဲ့ပါတယ်။
ဒါပေမယ့်သူဟာယခုနှစ်အစောပိုင်းတုန်းကအစ္စရေးနိုင်ငံသားခံယူနိုင်ခဲ့မှုနဲ့အတူသုံးနှစ်အတွင်းဗြိတိန်သို့ပထမဆုံးအကြိမ်အဖြစ်ဝင်ရောက်ရန်ဗီဇာရရှိခဲ့ပါတယ်။
သူဟာသုံးနှစ်ကြာဝေးကွာလာခဲ့တဲ့ချဲလ်ဆီးအသင်းနှင့်ဆုံတွေ့သွားဖို့လည်းရှိနေပါတယ်။ချဲလ်ဆီးနည်းပြတူချယ်ဟာပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကတစ်ကြိမ်တည်းသာရိုမန်အေဘရာမိုဗစ်ချ်နှင့်ဆုံတွေ့ခဲ့ဖူးပါတယ်။
သူဟာဗီဇာပြဿနာကြောင့်ရပ်ဆိုင်းလိုက်ရတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအားပေါင်၁ဘီလီယံသုံးစွဲပြင်ဆင်တည်ဆောက်ရေးကိုလည်းပြန်လည်စတင်သွားဖို့ရှိပါတယ်။
ZawGyi
သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်သို့ ခြေချလာတဲ့ ချဲလ်ဆီးပိုင်ရှင်အေဘရာမိုဗစ်ခ်ျ
ဗြိတိန်အစိုးရဟာ၂၀၁၈ခုနှစ်တုန်းကဆာလစ်ဘူရီအဆိပ်ခတ်သတ်မှုဖြစ်ပျက်ပြီးနောက်ရုရှားနိုငံသားပါဝါကြီးသူများကိုဗီဇာနှင့်ပတ်သက်ပြီးတင်းကြပ်စွာကိုင်တွယ်လာခဲ့ပါတယ်။
ဒါကြောင့်လည်းရိုမန်အေဘရာမိုဗစ်ခ်ျဟာဗြိတိန်သို့ဝင်ရောက်ရန်ခက်ခဲတဲ့အနေအထားမှာရှိနေခဲ့ပါတယ်။
သူဟာဗီဇာပြဿနာကြောင့်ရပ်ဆိုင်းလိုက်ရတဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းအားပေါင်၁ဘီလီယံသုံးစွဲပြင်ဆင်တည်ဆောက်ရေးကိုလည်းပြန်လည်စတင်သွားဖို့ရှိပါတယ်။