သူငယ်ချင်းဖြစ်သူဆွာရက်ဇ်ရဲ့စားသောက်ဆိုင်နဲ့ ကိုက်၁၀၀အကွာတွင်ဘားတည်ဆောက်နေတဲ့မက်ဆီ

လီယွန်နယ်မက်ဆီနှင့်လူးဝစ်ဆွာရက်ဇ်တို့ဟာဘာစီလိုနာမှာကစားတဲ့ကာလအတွင်းမှာကွင်းတွင်း/ကွင်းပြင် အလွန်ရင်းနှီးခဲ့ကြတဲ့သူများဖြစ်ပါတယ်။သူတို့ဟာဘောလုံးအတွက်သာမကမိသားစုကိစ္စရပ်များမှာလည်း အပြန်အလှန်တီးတိုးတိုင်ပင်ကြသူများလည်းဖြစ်ပါတယ်။

နွေရာသီတုန်းကဆွာရက်ဇ်ကအက်သလက်တီကိုမက်ဒရစ်သို့ပြောင်းရွှေ့သွားခဲ့ရပေမယ့်လည်း၎င်းတို့နှစ်ဦးအကြားမှာအလွန်ခိုင်မာတဲ့ရင်းနှီးမှုရှိနေဆဲဖြစ်ပါတယ်။

မက်ဆီဟာလူးဝစ်ဆွာရက်ဇ်နှင့်ဘယ်လောက်ခင်မင်သလဲဆိုရင်ဥရုဂွေးတိုက်စစ်မှူးဖွင့်လှစ်ထားတဲ့စားသောက်ဆိုင်နဲ့ကိုက်၁၀၀ခန့်အကွာမှာဘားတစ်ခုတည်ဆောက်လိုက်ကြောင်းသိရပါတယ်။

လူးဝစ်ဆွာရက်ဇ်ဟာ၂၀၁၇ခုနှစ်တုန်းကဘာစီလိုနာမှ Castelldefels ကမ်းခြေအရှေ့ဘက်မှာ Chalito အမည်ရှိစားသောက်ဆိုင်ဖွင့်လှစ်ခဲ့ပါတယ်။ယခုမက်ဆီဟာလည်းဆွာရက်ဇ်ရဲ့စားသောက်ဆိုင်ရှိတဲ့လမ်းမှာဘဲဘားတစ်ခုတည်ဆောက်လာပါတယ်။

လက်ရှိအချိန်မှာအာဂျင်တီးနားစူပါစတားရဲ့ဘားမှာတည်ဆောက်နေဆဲကာလမှာသာရှိနေပါတယ်။

အသက်၃၂နှစ်ရှိမက်ဆီဟာ၂၀၀၉ခုနှစ်ကတည်းက Castelledfers မှာနေထိုင်လာခဲ့သူဖြစ်ပြီးဆွာရက်ဇ်ရဲ့နေအိမ်မှာလည်းယင်းတွင်ပင်ရှိပါတယ်။၎င်းတို့နှစ်ဦးဟာအားလပ်ရက်များကိုအတူတကွာသွားလေ့ရှိသလိုသားသမီးများကိုလည်းကျောင်းတစ်ခုတည်းမှာဘဲထားပါတယ်။

ZawGyi






