သူငယ်ချင်းအား အကြွေး ပေါင် ၁ သိန်းပြန်မဆပ်နိုင်လို့ ဒေဝါလီခံလိုက်ရတဲ့ နယူးကာဆယ်စတားဟောင်း

နယူးကာဆယ်အလယ်တန်းကစားသမားဟောင်းဒန်နီဂတ်သရီဟာသူငယ်ချင်းတစ်ဦးထံမှချေးယူထားတဲ့ပေါင်၁သိန်းအားပြန်မဆပ်နိုင်မှုနဲ့အတူဒေဝါလီခံလိုက်ရပါတယ်။

အသက်၃၄နှစ်ရှိကစားသမားဟာအိမ်တစ်လုံးဝယ်ယူရန်အတွက်သူငယ်ချင်းဖြစ်သူစီးပွားရေးလုပ်ငန်းရှင်ခရစ်ဟဲသီးထံမှချေးယူခဲ့တာဖြစ်ပါတယ်။

ခရစ်ဟဲသီးဟာဂတ်သရီဘက်ကအိမ်ကိုပြန်ရောင်းပြီးငွေပြန်ဆပ်လာမယ်လို့ယုံကြည်ခဲ့ပေမယ့်ငွေပြန်ဆပ်ခြင်းလုံးဝမရှိခဲ့ပါဘူး။

ဒါကြောင့်လည်းခရစ်ဟဲသီးဟာအကြွေးပြန်လည်ရရှိရေးအတွက်ဂတ်သရီပိုင်ဆိုင်မှုများကိုရောင်းချနိုင်ရေးတရားရုံးမှာကြိုးပမ်းလာခဲ့ပါတယ်။

တရားရုံးကလည်းလက်ခံခဲ့ကာဂတ်သရီအားဒေဝါလီခံစေခဲ့ပြီးသူ့ပိုင်ဆိုင်မှုကိုထိန်းချုပ်ကာအကြွေးပေးရန်ရှိတဲ့သူများကိုဖြေရှင်းပေးသွားတော့မှာဖြစ်ပါတယ်။

ခရစ်က “သူနဲ့ရင်းနှီးလာခဲ့တာနှစ်အတန်ကြာပါပြီ။ပရဟိတပွဲတွေလည်းတွေ့ဖြစ်ကြတယ်။အရမ်းအဆင်ပြေခဲ့တယ်။သူကရည်မွန်တယ်။ဒီတော့သူ့ကိုပျော်ပျော်ကြီးငွေချေးခဲ့တာပါ။ပြန်ဆပ်ဖို့သူ့ကိုအကြိမ်ကြိမ်ပြောခဲ့တယ်။သူကငြင်းတယ်။ဒီတော့သူ့ကိုဒေဝါလီခံရအောင်လုပ်ဖို့ဖြစ်လာခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

ဂတ်သရီဟာလူငယ်ကစားသမားဘဝတုန်းကမန်ယူ၊လီဗာပူးတို့မှာကစားခဲ့သူဖြစ်ပြီးလီဗာပူးမှာပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပါတယ်။သူဟာဘော်လ်တန်၊ဆောက်သမ်တန်၊နယူးကာဆယ်၊ရီးဒင်း၊ဘလက်ဘန်းတို့မှာကစားခဲ့ကာလက်ရှိအချိန်တွင်အိုက်စလန်ကလပ်ဖမ်းတွင်ကစားနေပါတယ်။သူဟာအင်္ဂလန်ယူ-၁၆လ က်ရွေးစင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

သူငယ္ခ်င္းအား အေႂကြး ေပါင္ ၁ သိန္းျပန္မဆပ္ႏိုင္လို႔ ေဒဝါလီခံလိုက္ရတဲ့ နယူးကာဆယ္စတားေဟာင္း

နယူးကာဆယ္အလယ္တန္းကစားသမားေဟာင္းဒန္နီဂတ္သရီဟာသူငယ္ခ်င္းတစ္ဦးထံမွေခ်းယူထားတဲ့ေပါင္၁သိန္းအားျပန္မဆပ္ႏိုင္မႈနဲ႔အတူေဒဝါလီခံလိုက္ရပါတယ္။

အသက္၃၄ႏွစ္ရွိကစားသမားဟာအိမ္တစ္လုံးဝယ္ယူရန္အတြက္သူငယ္ခ်င္းျဖစ္သူစီးပြားေရးလုပ္ငန္းရွင္ခရစ္ဟဲသီးထံမွေခ်းယူခဲ့တာျဖစ္ပါတယ္။

ခရစ္ဟဲသီးဟာဂတ္သရီဘက္ကအိမ္ကိုျပန္ေရာင္းၿပီးေငြျပန္ဆပ္လာမယ္လို႔ယုံၾကည္ခဲ့ေပမယ့္ေငြျပန္ဆပ္ျခင္းလုံးဝမရွိခဲ့ပါဘူး။

ဒါေၾကာင့္လည္းခရစ္ဟဲသီးဟာအေႂကြးျပန္လည္ရရွိေရးအတြက္ဂတ္သရီပိုင္ဆိုင္မႈမ်ားကိုေရာင္းခ်ႏိုင္ေရးတရား႐ုံးမွာႀကိဳးပမ္းလာခဲ့ပါတယ္။

တရား႐ုံးကလည္းလက္ခံခဲ့ကာဂတ္သရီအားေဒဝါလီခံေစခဲ့ၿပီးသူ႔ပိုင္ဆိုင္မႈကိုထိန္းခ်ဳပ္ကာအေႂကြးေပးရန္ရွိတဲ့သူမ်ားကိုေျဖရွင္းေပးသြားေတာ့မွာျဖစ္ပါတယ္။

ခရစ္က “သူနဲ႔ရင္းႏွီးလာခဲ့တာႏွစ္အတန္ၾကာပါၿပီ။ပရဟိတပြဲေတြလည္းေတြ႕ျဖစ္ၾကတယ္။အရမ္းအဆင္ေျပခဲ့တယ္။သူကရည္မြန္တယ္။ဒီေတာ့သူ႔ကိုေပ်ာ္ေပ်ာ္ႀကီးေငြေခ်းခဲ့တာပါ။ျပန္ဆပ္ဖို႔သူ႔ကိုအႀကိမ္ႀကိမ္ေျပာခဲ့တယ္။သူကျငင္းတယ္။ဒီေတာ့သူ႔ကိုေဒဝါလီခံရေအာင္လုပ္ဖို႔ျဖစ္လာခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဂတ္သရီဟာလူငယ္ကစားသမားဘဝတုန္းကမန္ယူ၊လီဗာပူးတို႔မွာကစားခဲ့သူျဖစ္ၿပီးလီဗာပူးမွာပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ခဲ့သူျဖစ္ပါတယ္။သူဟာေဘာ္လ္တန္၊ေဆာက္သမ္တန္၊နယူးကာဆယ္၊ရီးဒင္း၊ဘလက္ဘန္းတို႔မွာကစားခဲ့ကာလက္ရွိအခ်ိန္တြင္အိုက္စလန္ကလပ္ဖမ္းတြင္ကစားေနပါတယ္။သူဟာအဂၤလန္ယူ-၁၆လ က္ေ႐ြးစင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။