သူငယ်ချင်း ဆိုးလ်ရှားအထုတ်ခံရပြီးနောက် အိုးထရက်ဖို့ဒ်သုံးစားမရများကို သရဲနီဂန္ထဝင်အီဗရာသတိပေး

ပက်ထရစ်အီဗရာဟာသူငယ်ချင်းဖြစ်သူအိုလီဂန်းနားဆိုးလ်ရှား မန်ယူနည်းပြရာထူးမှထုတ်ပယ်ခြင်းခံရမှုအတွက် မန်ယူကစားသမားများကိုအပြစ်တင်လိုက်ပြီး မကြာမီသူကိုယ်တိုင်လာတွေ့မှာဖြစ်ကြောင်းသတိပေးပြောကြားလာပါတယ်။

ဆိုးလ်ရှားဟာဝက်ဖို့ဒ်ကို၄-၁ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တနင်္ဂနွေနေ့နံနက်ပိုင်းတုန်းကရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

မန်ယူဟာနည်းပြသစ်ရှာဖွေနေစဉ်အတွင်းတွင်မိုက်ကယ်ကာရစ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။

မန်ယူဟာအင်္ဂါနေ့တွင်စပိန်သို့သွားရောက်ကာဗီလာရီးရဲလ်နှင့်ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်ပြီးတနင်္ဂနွေနေ့တွင်ချဲလ်ဆီးကိုလန်ဒန်သို့သွားရောက်ရင်ဆိုင်ရပါမယ်။

ယင်းနောက်မန်ယူဟာလာမယ့်အပတ်ကြားရက်တွင်အာဆင်နယ်ကိုအိုးထရက်ဖို့ဒ်မှာဧည့်ခံကစားရပါမယ်။ယင်းပွဲမှာဆိုးလ်ရှားခေတ်အလွန်ပထမဆုံးအိုးထရက်ဖို့ဒ်ပွဲစဉ်ဖြစ်လာပါမယ်။

နော်ဝေနည်းပြရဲ့ကစားဖော်ဟောင်းအီဗရာဟာအာဆင်နယ်သို့လာရောက်ကြည့်ပြီးပွဲအပြီးတွင်အိုးထရက်ဖို့ဒ်မှသုံးစားမရတဲ့ကစားသမားများနှင့်တွေ့ဆုံသွားမယ်လို့ပြောကြားလာပါတယ်။

အီဗရာက “မန်ချက်စတာယူနိုက်တက်အပေါ်ထပ်ပြီးယုံကြည်လာအောင်လုပ်ပေးခဲ့လို့သူငယ်ချင်းကိုကျေးဇူးတင်ပါတယ်။ကံဆိုးတာကတော့ကလပ်အတွက်မင်းလုပ်ခဲ့တာကိုလူတွေမေ့ပစ်လိုက်ကြပြီ။ဒါပေမယ့်ဒါတွေအားလုံးကကစားသမားတွေကြောင့်။မင်းတို့ကိုငါလာတွေ့မယ်။အာဆင်နယ်နဲ့ပွဲမှာတွေ့ကြတာပေါ့”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာနည်းပြသစ်အားခြောက်လစာချုပ်ဖြင့်ယာယီနည်းပြအဖြစ်သာခန့်အပ်လိုနေပါတယ်။၎င်းတို့ဟာနွေရာသီမှာမှအမြဲတမ်းနည်းပြတစ်ဦးခန့်အပ်ကာစီမံကိန်းသစ်စတင်သွားပါမယ်။

ZawGyi

သူငယ္ခ်င္း ဆိုးလ္ရွားအထုတ္ခံရၿပီးေနာက္ အိုးထရက္ဖို႔ဒ္သုံးစားမရမ်ားကို သရဲနီဂႏၴဝင္အီဗရာသတိေပး

ပက္ထရစ္အီဗရာဟာသူငယ္ခ်င္းျဖစ္သူအိုလီဂန္းနားဆိုးလ္ရွား မန္ယူနည္းျပရာထူးမွထုတ္ပယ္ျခင္းခံရမႈအတြက္ မန္ယူကစားသမားမ်ားကိုအျပစ္တင္လိုက္ၿပီး မၾကာမီသူကိုယ္တိုင္လာေတြ႕မွာျဖစ္ေၾကာင္းသတိေပးေျပာၾကားလာပါတယ္။

ဆိုးလ္ရွားဟာဝက္ဖို႔ဒ္ကို၄-၁ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္တနဂၤေႏြေန႔နံနက္ပိုင္းတုန္းကရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

မန္ယူဟာနည္းျပသစ္ရွာေဖြေနစဥ္အတြင္းတြင္မိုက္ကယ္ကာရစ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။

မန္ယူဟာအဂၤါေန႔တြင္စပိန္သို႔သြားေရာက္ကာဗီလာရီးရဲလ္ႏွင့္ခ်န္ပီယံလိဂ္ပြဲကစားရမွာျဖစ္ၿပီးတနဂၤေႏြေန႔တြင္ခ်ဲလ္ဆီးကိုလန္ဒန္သို႔သြားေရာက္ရင္ဆိုင္ရပါမယ္။

ယင္းေနာက္မန္ယူဟာလာမယ့္အပတ္ၾကားရက္တြင္အာဆင္နယ္ကိုအိုးထရက္ဖို႔ဒ္မွာဧည့္ခံကစားရပါမယ္။ယင္းပြဲမွာဆိုးလ္ရွားေခတ္အလြန္ပထမဆုံးအိုးထရက္ဖို႔ဒ္ပြဲစဥ္ျဖစ္လာပါမယ္။

ေနာ္ေဝနည္းျပရဲ႕ကစားေဖာ္ေဟာင္းအီဗရာဟာအာဆင္နယ္သို႔လာေရာက္ၾကည့္ၿပီးပြဲအၿပီးတြင္အိုးထရက္ဖို႔ဒ္မွသုံးစားမရတဲ့ကစားသမားမ်ားႏွင့္ေတြ႕ဆုံသြားမယ္လို႔ေျပာၾကားလာပါတယ္။

အီဗရာက “မန္ခ်က္စတာယူႏိုက္တက္အေပၚထပ္ၿပီးယုံၾကည္လာေအာင္လုပ္ေပးခဲ့လို႔သူငယ္ခ်င္းကိုေက်းဇူးတင္ပါတယ္။ကံဆိုးတာကေတာ့ကလပ္အတြက္မင္းလုပ္ခဲ့တာကိုလူေတြေမ့ပစ္လိုက္ၾကၿပီ။ဒါေပမယ့္ဒါေတြအားလုံးကကစားသမားေတြေၾကာင့္။မင္းတို႔ကိုငါလာေတြ႕မယ္။အာဆင္နယ္နဲ႔ပြဲမွာေတြ႕ၾကတာေပါ့”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာနည္းျပသစ္အားေျခာက္လစာခ်ဳပ္ျဖင့္ယာယီနည္းျပအျဖစ္သာခန႔္အပ္လိုေနပါတယ္။၎တို႔ဟာေႏြရာသီမွာမွအၿမဲတမ္းနည္းျပတစ္ဦးခန႔္အပ္ကာစီမံကိန္းသစ္စတင္သြားပါမယ္။