သူနေထိုင်ရာအိမ်ကို ပရိသတ်များ သိသွားမှုကြောင့် အိမ်ပြောင်းပြေးခဲ့ရတဲ့ ဂျက်ဂရဲလ်လစ်ရှ်

ဂျက်ဂရဲလ်လစ်ရှ်ဟာသူနေထိုင်ရာနေရာကိုပရိသတ်များသိရှိသွားမှုကြောင့်မန်ချက်စတာရှိတိုက်ခန်းမှပြောင်းပြေးခဲ့ရကြောင်းသိရပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဗီလာမှမန်စီးတီးသို့ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ဖြင့်ပြောင်းခဲ့တဲ့အင်္ဂလန်လက်ရွေးစင်စတားဟာသူ့ချစ်သူဆာရှာအတ်ဝုဒ်ရဲ့လုံခြုံရေးအတွက်စိုးရိမ်ရမှုနဲ့အတူနေအိမ်ပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ရဲ့ချစ်သူဆာရှာအက်ဝုဒ်ဟာနွေရာသီတုန်းကအင်္ဂလန်အသင်း ယူရိုပြိုင်ပွဲကာလအတွင်းတွင်အွန်လိုင်းမှထောင်ပေါင်းများစွာသောအန္တရာယ်ခြိမ်းခြောက်မှုနဲ့ရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်နဲနီးစပ်သူတစ်ဦးက “ဂျက်ဟာမန်ချက်စတာမှာအရမ်းကောင်းတဲ့အခန်းတစ်ခန်းမှာနေထိုင်နေခဲ့တာပါ။ဒါပေမယ့်တလောတုန်းကသူ့အခန်းသို့ပရိသတ်တွေလာရောက်နှုတ်ဆက်တာတွေ့ရှိခဲ့ပါတယ်။အခုအချိန်မှာဘာမှမဖြစ်ပါဘူး။အားလုံးကနှစ်လိုဖွယ်နှုတ်ဆက်ကြတာပါ။သူတို့ကဂျက်နဲ့ဓာတ်ပုံတွဲရိုက်ဖို့နဲ့အမှတ်တရလက်မှတ်ရဖို့စောင့်ကြတာပါ။လူတွေဘယ်ကနေဘယ်လိုသိသွားကြလဲမသိပါဘူး။ဒီဖြစ်ရပ်ကြောင့်ဆာရှာအတွက်အရမ်းစိုးရိမ်စရာဖြစ်လာပါတယ်။အခုဆိုရင်သူဟာနေရာပြောင်းပြီးလုံခြုံစိတ်ချရတဲ့နေရာသို့ရောက်နေပါပြီ။အရင်တုန်းကနေရာမှာမနေတော့ပါဘူး”လို့ပြောကြားသွားပါတယ်။

အသက်၂၃နှစ်ရှိဆာရှာနှင့်ဂျက်ဂရဲလ်လစ်ရှ်တို့ဟာဆယ်ကျော်သက်အရွယ်ကတည်းကချစ်ကြိုက်လာခဲ့ကြတာဖြစ်ပါတယ်။မော်ဒယ်တစ်ဦးအဖြစ်ရပ်တည်နေတဲ့သူမဟာမကြာသေးမီတုန်းက Boohoo နှင့်အကျိုးခံစားခွင့်များစွာရရှိမယ့်စာချုပ်တစ်ခုချုပ်ဆိုနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

သူေနထိုင္ရာအိမ္ကို ပရိသတ္မ်ား သိသြားမႈေၾကာင့္ အိမ္ေျပာင္းေျပးခဲ့ရတဲ့ ဂ်က္ဂရဲလ္လစ္ရွ္

ဂ်က္ဂရဲလ္လစ္ရွ္ဟာသူေနထိုင္ရာေနရာကိုပရိသတ္မ်ားသိရွိသြားမႈေၾကာင့္မန္ခ်က္စတာရွိတိုက္ခန္းမွေျပာင္းေျပးခဲ့ရေၾကာင္းသိရပါတယ္။

ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဗီလာမွမန္စီးတီးသို႔ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ျဖင့္ေျပာင္းခဲ့တဲ့အဂၤလန္လက္ေ႐ြးစင္စတားဟာသူ႔ခ်စ္သူဆာရွာအတ္ဝုဒ္ရဲ႕လုံၿခဳံေရးအတြက္စိုးရိမ္ရမႈနဲ႔အတူေနအိမ္ေျပာင္းခဲ့ရတာလည္းျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ရဲ႕ခ်စ္သူဆာရွာအက္ဝုဒ္ဟာေႏြရာသီတုန္းကအဂၤလန္အသင္း ယူ႐ိုၿပိဳင္ပြဲကာလအတြင္းတြင္အြန္လိုင္းမွေထာင္ေပါင္းမ်ားစြာေသာအႏၲရာယ္ၿခိမ္းေျခာက္မႈနဲ႔ရင္ဆိုင္ခဲ့ရသူလည္းျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္နဲနီးစပ္သူတစ္ဦးက “ဂ်က္ဟာမန္ခ်က္စတာမွာအရမ္းေကာင္းတဲ့အခန္းတစ္ခန္းမွာေနထိုင္ေနခဲ့တာပါ။ဒါေပမယ့္တေလာတုန္းကသူ႔အခန္းသို႔ပရိသတ္ေတြလာေရာက္ႏႈတ္ဆက္တာေတြ႕ရွိခဲ့ပါတယ္။အခုအခ်ိန္မွာဘာမွမျဖစ္ပါဘူး။အားလုံးကႏွစ္လိုဖြယ္ႏႈတ္ဆက္ၾကတာပါ။သူတို႔ကဂ်က္နဲ႔ဓာတ္ပုံတြဲ႐ိုက္ဖို႔နဲ႔အမွတ္တရလက္မွတ္ရဖို႔ေစာင့္ၾကတာပါ။လူေတြဘယ္ကေနဘယ္လိုသိသြားၾကလဲမသိပါဘူး။ဒီျဖစ္ရပ္ေၾကာင့္ဆာရွာအတြက္အရမ္းစိုးရိမ္စရာျဖစ္လာပါတယ္။အခုဆိုရင္သူဟာေနရာေျပာင္းၿပီးလုံၿခဳံစိတ္ခ်ရတဲ့ေနရာသို႔ေရာက္ေနပါၿပီ။အရင္တုန္းကေနရာမွာမေနေတာ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၃ႏွစ္ရွိဆာရွာႏွင့္ဂ်က္ဂရဲလ္လစ္ရွ္တို႔ဟာဆယ္ေက်ာ္သက္အ႐ြယ္ကတည္းကခ်စ္ႀကိဳက္လာခဲ့ၾကတာျဖစ္ပါတယ္။ေမာ္ဒယ္တစ္ဦးအျဖစ္ရပ္တည္ေနတဲ့သူမဟာမၾကာေသးမီတုန္းက Boohoo ႏွင့္အက်ိဳးခံစားခြင့္မ်ားစြာရရွိမယ့္စာခ်ဳပ္တစ္ခုခ်ဳပ္ဆိုႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။