သူပင်နယ်တီမကန်မီ မိုဟာမက်ဆာလက် ဘာပြောခဲ့လဲ ဂျော်ဂျင်ဟိုဖွင့်ဟလာ

ဂျော်ဂျင်ဟိုကတနင်္ဂနွေနေ့တုန်းကလီဗာပူးနှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲ ပင်နယ်တီအဆုံးအဖြတ်ကန်စဉ် သူပင်နယ်တီကန်ရန်သွားစဉ် မိုဟာမက်ဆာလက်ကသူ့ကိုဘာပြောကြားခဲ့သလဲဆိုတာအတည်ပြုပြောကြားလာပါတယ်။

အီတလီလက်ရွေးစင်ကစားသမားဟာချဲလ်ဆီးကလီဗာပူးကိုပင်နယ်တီအဆုံးအဖြတ်မှာ၁၁-၁၀ဖြင့်ရှုံးနိမ့်တဲ့ပွဲမှာ ပင်နယ်တီဝင်အောင်ကန်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ဆာလက်ဟာဂျော်ဂျင်ဟိုကိုအာရုံပျံ့လွှင့်လာအောင် ပြုလုပ်ခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

လီဗာပူးစတားဆာလက်ဟာချဲလ်ဆီးကစားသမားကို “မခုန်နဲ့”လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဆာလက်ကဂျော်ဂျင်ဟိုရဲ့ခုန်ပြီးပင်နယ်တီကန်တဲ့စနစ်ကိုရည်ရွယ်ပြောကြားခဲ့တာပါ။

ဒါပေမဲ့ဂျော်ဂျင်ဟိုဟာယင်းပင်နယ်တီကိုသွေးအေးအေးဖြင့်ကန်သွင်းခဲ့ပါတယ်။

Zawgyi

သူပင္နယ္တီမကန္မီ မိုဟာမက္ဆာလက္ ဘာေျပာခဲ့လဲ ေဂ်ာ္ဂ်င္ဟိုဖြင့္ဟလာ

ေဂ်ာ္ဂ်င္ဟိုကတနဂၤေႏြေန႔တုန္းကလီဗာပူးႏွင့္ခါရာေဘာင္ဖလားဗိုလ္လုပြဲ ပင္နယ္တီအဆုံးအျဖတ္ကန္စဥ္ သူပင္နယ္တီကန္ရန္သြားစဥ္ မိုဟာမက္ဆာလက္ကသူ႔ကိုဘာေျပာၾကားခဲ့သလဲဆိုတာအတည္ျပဳေျပာၾကားလာပါတယ္။

အီတလီလက္ေ႐ြးစင္ကစားသမားဟာခ်ဲလ္ဆီးကလီဗာပူးကိုပင္နယ္တီအဆုံးအျဖတ္မွာ၁၁-၁၀ျဖင့္ရႈံးနိမ့္တဲ့ပြဲမွာ ပင္နယ္တီဝင္ေအာင္ကန္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ဆာလက္ဟာေဂ်ာ္ဂ်င္ဟိုကိုအာ႐ုံပ်ံ႕လႊင့္လာေအာင္ ျပဳလုပ္ခဲ့ေပမဲ့လည္း မေအာင္ျမင္ခဲ့ပါဘူး။

လီဗာပူးစတားဆာလက္ဟာခ်ဲလ္ဆီးကစားသမားကို “မခုန္နဲ႔”လို႔ ေျပာၾကားခဲ့တာလည္းျဖစ္ပါတယ္။ဆာလက္ကေဂ်ာ္ဂ်င္ဟိုရဲ႕ခုန္ၿပီးပင္နယ္တီကန္တဲ့စနစ္ကိုရည္႐ြယ္ေျပာၾကားခဲ့တာပါ။

ဒါေပမဲ့ေဂ်ာ္ဂ်င္ဟိုဟာယင္းပင္နယ္တီကိုေသြးေအးေအးျဖင့္ကန္သြင္းခဲ့ပါတယ္။