သူရဲနီကို ထိုက်တန်တဲ့နေရာသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟု ခရစ္စတီယာနိုရော်နယ်ဒိုကတိပြု

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာယူနိုက်တက်နှင့်တရားဝင်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုကမန်ချက်စတာယူနိုက်တက်အားထိုက်တန်တဲ့နေရာသို့ပြန်လည်ပို့ဆောင်ပေးရန်အစွမ်းကုန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်းကတိပြုသွားပါတယ်။

အသက်၃၆နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနှင့်၂နှစ်စာချုပ်ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။သူဟာစနေနေ့မှာကစားရမယ့်နယူးကာဆယ်နှင့်ပွဲစဉ်မှာမန်ယူအတွက်ပထမဆုံးပွဲစဉ်ကိုကစားသွားဖို့ရှိပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုက “ပြန်လာခွင့်ရလို့အရမ်းဝမ်းသာတယ်။ပြန်လာခွင့်ရမယ်လို့လုံးဝမတွေးခဲ့ပါဘူး။ဒါပေမယ့်အခုပြန်လာနိုင်လို့အရမ်းဂုဏ်ယူတယ်။အရမ်းလည်းစိတ်လှုပ်ရှားရတယ်။အကောင်းဆုံးစတင်စတင်နိုင်ဖို့ကြိုးစားပါမယ်။အရမ်းပျော်တယ်။ကျွန်တော့်မိသားစုရောကလေးတွေရောပျော်နေတယ်။အသက်၁၈နှစ်အရွယ်တုန်းကဒီကိုရောက်တုန်းကခင်ဗျား(ဝက်စ်ဘရောင်း)၊ရီယို(ဖာဒီနန်)၊ရွိုင်ကိန်း၊ဂယ်ရီနဗီးလ်၊ပေါလ်စခိုးလ်၊ဂယ်ရီနဗီးလ်တို့နဲ့ကြီးမားတဲ့အမှတ်တရတွေရှိခဲ့တယ်။မန်ယူအတွက်ကစားခွင့်ရရေးကအိပ်မက်တစ်ခုဖြစ်ခဲ့တယ်။အောင်မြင်မှုလည်းအများကြီးရခဲ့တယ်။ပြန်တွေးကြည့်လိုက်ရင်အမှတ်တရတွေအများကြီးပါ။ဒါပေမယ့်ဒီတစ်ကြိမ်ကအသစ်ပါ။မျိုးဆက်သစ်တွေနဲ့တွဲရပါမယ်။နောက်ထပ်အောင်မြင်မှုရယူဖို့ဒီကိုပြန်ရောက်လာတာပါ။အသင်းကိုလည်းကူညီပါမယ်။အလားအလာကောင်းတွေရှိတဲ့ကလေးတွေအများကြီးပါ။အနိုင်ရယူဖို့၊သမိုင်းရေးဖို့ပြန်ရောက်လာတာပါ။အနိုင်ယူဖို့ရောက်လာတာပါ။လူတွေကအသက်အရွယ်ကိုပြောနေကြတယ်။ဒါပေမယ့်ကျွန်တော်ကအခြားသူတွေနဲ့ကွဲပြားတာကိုသိသင့်ပါတယ်။ကျွန်တော်ဟာတစ်နှစ်ပြီးတစ်နှစ်ပြသလာပြီးပါပြီ။ဒီနှစ်လည်းလုပ်ပြပါဦးမယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုက၎င်းမှာမန်ချက်စတာသို့အပန်းဖြေခရီးထွက်လာခြင်းမဟုတ်ကြောင်းနှင့်နယူးကာဆယ်နှင့်ပွဲတွင်သူ့ကိုပွဲထွက်ကစားသမားအဖြစ်အသုံးပြုရန်ပြောကြားလိုက်ပါတယ်။

ZawGyi

သူရဲနီကို ထိုက္တန္တဲ့ေနရာသို႔ ျပန္လည္ပို႔ေဆာင္ေပးမည္ဟု ခရစၥတီယာႏိုေရာ္နယ္ဒိုကတိျပဳ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုကမန္ခ်က္စတာယူႏိုက္တက္အားထိုက္တန္တဲ့ေနရာသို႔ျပန္လည္ပို႔ေဆာင္ေပးရန္အစြမ္းကုန္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းလည္းကတိျပဳသြားပါတယ္။

အသက္၃၆ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူႏွင့္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာျဖစ္ပါတယ္။သူဟာစေနေန႔မွာကစားရမယ့္နယူးကာဆယ္ႏွင့္ပြဲစဥ္မွာမန္ယူအတြက္ပထမဆုံးပြဲစဥ္ကိုကစားသြားဖို႔ရွိပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုက “ျပန္လာခြင့္ရလို႔အရမ္းဝမ္းသာတယ္။ျပန္လာခြင့္ရမယ္လို႔လုံးဝမေတြးခဲ့ပါဘူး။ဒါေပမယ့္အခုျပန္လာႏိုင္လို႔အရမ္းဂုဏ္ယူတယ္။အရမ္းလည္းစိတ္လႈပ္ရွားရတယ္။အေကာင္းဆုံးစတင္စတင္ႏိုင္ဖို႔ႀကိဳးစားပါမယ္။အရမ္းေပ်ာ္တယ္။ကြၽန္ေတာ့္မိသားစုေရာကေလးေတြေရာေပ်ာ္ေနတယ္။အသက္၁၈ႏွစ္အ႐ြယ္တုန္းကဒီကိုေရာက္တုန္းကခင္ဗ်ား(ဝက္စ္ဘေရာင္း)၊ရီယို(ဖာဒီနန္)၊႐ြိဳင္ကိန္း၊ဂယ္ရီနဗီးလ္၊ေပါလ္စခိုးလ္၊ဂယ္ရီနဗီးလ္တို႔နဲ႔ႀကီးမားတဲ့အမွတ္တရေတြရွိခဲ့တယ္။မန္ယူအတြက္ကစားခြင့္ရေရးကအိပ္မက္တစ္ခုျဖစ္ခဲ့တယ္။ေအာင္ျမင္မႈလည္းအမ်ားႀကီးရခဲ့တယ္။ျပန္ေတြးၾကည့္လိုက္ရင္အမွတ္တရေတြအမ်ားႀကီးပါ။ဒါေပမယ့္ဒီတစ္ႀကိမ္ကအသစ္ပါ။မ်ိဳးဆက္သစ္ေတြနဲ႔တြဲရပါမယ္။ေနာက္ထပ္ေအာင္ျမင္မႈရယူဖို႔ဒီကိုျပန္ေရာက္လာတာပါ။အသင္းကိုလည္းကူညီပါမယ္။အလားအလာေကာင္းေတြရွိတဲ့ကေလးေတြအမ်ားႀကီးပါ။အႏိုင္ရယူဖို႔၊သမိုင္းေရးဖို႔ျပန္ေရာက္လာတာပါ။အႏိုင္ယူဖို႔ေရာက္လာတာပါ။လူေတြကအသက္အ႐ြယ္ကိုေျပာေနၾကတယ္။ဒါေပမယ့္ကြၽန္ေတာ္ကအျခားသူေတြနဲ႔ကြဲျပားတာကိုသိသင့္ပါတယ္။ကြၽန္ေတာ္ဟာတစ္ႏွစ္ၿပီးတစ္ႏွစ္ျပသလာၿပီးပါၿပီ။ဒီႏွစ္လည္းလုပ္ျပပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ခရစၥတီယာႏိုေရာ္နယ္ဒိုက၎မွာမန္ခ်က္စတာသို႔အပန္းေျဖခရီးထြက္လာျခင္းမဟုတ္ေၾကာင္းႏွင့္နယူးကာဆယ္ႏွင့္ပြဲတြင္သူ႔ကိုပြဲထြက္ကစားသမားအျဖစ္အသုံးျပဳရန္ေျပာၾကားလိုက္ပါတယ္။