သူသွင်းတဲ့ဂိုးတိုင်းကို မှတ်တမ်းတင်ထားတဲ့ အသက်ရာပြည့်အာဂျင်တီးနားပရိသတ်ကို ချစ်စဖွယ်မက်ဆေ့ချ်ပို့ခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာသူ့ကစားသမားဘဝတစ်လျှောက်ဆုံးသွင်းယူတဲ့ဂိုးတိုင်းကိုမှတ်တမ်းတင်နေတဲ့အသက်၁၀၀ရှိအာဂျင်တီးနားပရိသတ်ထံသို့ချစ်စဖွယ်ကောင်းတဲ့ မက်ဆေ့ချ်ပို့လိုက်ပါတယ်။

နည်းပညာအဆင့်မြင့်မားနေတဲ့မျက်မှောက်ကမ္ဘာမှာခလုတ်လေးတစ်ချက်နှိပ်လိုက်ရင် ဘာမှမဆိုသိရှိနိုင်ပေမယ့်အာဂျင်တီးနားပရိသတ်ဒွန်ဟာနန်ကတော့ခေတ်ဟောင်းကနည်းအတိုင်း မှတ်တမ်းမှတ်ရာပြုလုပ်ကာမှတ်သားထားပါတယ်။

အသက်၁၀၀ရှိပြီဖြစ်တဲ့ဟာနန်ဟာမြေးဖြစ်သူဂျူလီယန်မာစထရန်ဂျီလိုကြောင့် TikTok မှာနာမည်ကျော်နေတဲ့သူလည်းဖြစ်ပါတယ်။

သူဟာအသက်၃၄နှစ်ရှိလီယွန်နယ်မက်ဆီသွင်းယူတဲ့ဂိုးတိုင်းကိုသွင်းယူထားတာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းလီယွန်နယ်မက်ဆီဟာအာဂျင်တီးနားနှင့်အတူကိုပါအမေရိကဖလားဆွတခူးနိုင်ခဲ့ပြီးနောက်သူ့ရဲ့အသက်ရာကျော် အာမခံပရိသတ်ထံသို့ချစ်စဖွယ်ကောင်းတဲ့မက်ဆေ့ချ်ပို့လာပြီဖြစ်ပါတယ်။

မက်ဆီက “ဟယ်လို၊ဟာနန်ရေ အဘိုးရဲ့အကြောင်းကိုကြားရပါတယ်။ကျွန်တော်သွင်းတဲ့ဂိုးတိုင်းကိုမှတ်တမ်းတင်နေတာသိရလို့အရမ်းအံ့ဩရပါတယ်။ဒါကြောင့်လည်းအဘိုးရဲ့လုပ်ဆောင်မှုတွေအတွက်အရမ်းကိုပွေ့ဖက်လိုက်ချင်တယ်”လို့ ဗီဒီယိုတင်ခဲ့ပါတယ်။

မက်ဆီရဲ့ဗီဒီယိုဖိုင်ကိုတွေ့ရပြီးနောက်မျက်ရည်စက်လက်ဖြင့်ဟာနန်ကလည်း “ငါကမင်းကိုအမြဲတမ်းစောင့်ကြည့်လာခဲ့တာပါ။ဆက်ပြီးတော့စောင့်ကြည့်သွားဦးမယ်။မင်းနောက်ကနေအမြဲလိုက်နေမယ်”လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီဟာဘာစီလိုနာအတွက်ပွဲ၈၁၀ကစားထားရာမှာ၆၈၃ဂိုးသွင်းယူထားပါတယ်။သူဟာအာဂျင်တီးနားအတွက်၁၇၄ပွဲကစားကာ၉၂ဂိုးသွင်းထားပါတယ်။

မက်ဆီဟာဇွန်လအကုန်မှာဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးတဲ့နောက် ကလပ်လက်မဲ့ဖြစ်နေသူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာဘာစီလိုနာအသင်း ဘဏ္ဍာရေးပြဿနာကြုံဆုံနေရမှုနဲ့အတူလုပ်ခ၅၀ရာခိုင်နှုန်းအထိလျှော့ချပြီး၅နှစ်စာချုပ်သက်တမ်းတိုးရန်သဘောတူညီလိုက်ပြီဖြစ်ပါတယ်။

မက်ဆီဟာလုပ်ခ၅၀ရာခိုင်နှုန်းလျှော့ချလိုက်ပေမယ့်တစ်ပတ်လုပ်ခပေါင်၁.၂သန်းရရှိနေဦးမှာဖြစ်ပြီးဘောလုံးလောကရဲ့လုပ်ခအများဆုံးကစားသမားအဖြစ်ရပ်တည်နေဦးမှာဖြစ်ပါတယ်။

ZawGyi

သူသြင္းတဲ့ဂိုးတိုင္းကို မွတ္တမ္းတင္ထားတဲ့ အသက္ရာျပည့္အာဂ်င္တီးနားပရိသတ္ကို ခ်စ္စဖြယ္မက္ေဆ့ခ်္ပို႔ခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာသူ႔ကစားသမားဘဝတစ္ေလွ်ာက္ဆုံးသြင္းယူတဲ့ဂိုးတိုင္းကိုမွတ္တမ္းတင္ေနတဲ့အသက္၁၀၀ရွိအာဂ်င္တီးနားပရိသတ္ထံသို႔ခ်စ္စဖြယ္ေကာင္းတဲ့ မက္ေဆ့ခ်္ပို႔လိုက္ပါတယ္။

နည္းပညာအဆင့္ျမင့္မားေနတဲ့မ်က္ေမွာက္ကမာၻမွာခလုတ္ေလးတစ္ခ်က္ႏွိပ္လိုက္ရင္ ဘာမွမဆိုသိရွိႏိုင္ေပမယ့္အာဂ်င္တီးနားပရိသတ္ဒြန္ဟာနန္ကေတာ့ေခတ္ေဟာင္းကနည္းအတိုင္း မွတ္တမ္းမွတ္ရာျပဳလုပ္ကာမွတ္သားထားပါတယ္။

အသက္၁၀၀ရွိၿပီျဖစ္တဲ့ဟာနန္ဟာေျမးျဖစ္သူဂ်ဴလီယန္မာစထရန္ဂ်ီလိုေၾကာင့္ TikTok မွာနာမည္ေက်ာ္ေနတဲ့သူလည္းျဖစ္ပါတယ္။

သူဟာအသက္၃၄ႏွစ္ရွိလီယြန္နယ္မက္ဆီသြင္းယူတဲ့ဂိုးတိုင္းကိုသြင္းယူထားတာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းလီယြန္နယ္မက္ဆီဟာအာဂ်င္တီးနားႏွင့္အတူကိုပါအေမရိကဖလားဆြတခူးႏိုင္ခဲ့ၿပီးေနာက္သူ႔ရဲ႕အသက္ရာေက်ာ္ အာမခံပရိသတ္ထံသို႔ခ်စ္စဖြယ္ေကာင္းတဲ့မက္ေဆ့ခ်္ပို႔လာၿပီျဖစ္ပါတယ္။

မက္ဆီက “ဟယ္လို၊ဟာနန္ေရ အဘိုးရဲ႕အေၾကာင္းကိုၾကားရပါတယ္။ကြၽန္ေတာ္သြင္းတဲ့ဂိုးတိုင္းကိုမွတ္တမ္းတင္ေနတာသိရလို႔အရမ္းအံ့ဩရပါတယ္။ဒါေၾကာင့္လည္းအဘိုးရဲ႕လုပ္ေဆာင္မႈေတြအတြက္အရမ္းကိုေပြ႕ဖက္လိုက္ခ်င္တယ္”လို႔ ဗီဒီယိုတင္ခဲ့ပါတယ္။

မက္ဆီရဲ႕ဗီဒီယိုဖိုင္ကိုေတြ႕ရၿပီးေနာက္မ်က္ရည္စက္လက္ျဖင့္ဟာနန္ကလည္း “ငါကမင္းကိုအၿမဲတမ္းေစာင့္ၾကည့္လာခဲ့တာပါ။ဆက္ၿပီးေတာ့ေစာင့္ၾကည့္သြားဦးမယ္။မင္းေနာက္ကေနအၿမဲလိုက္ေနမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မက္ဆီဟာဘာစီလိုနာအတြက္ပြဲ၈၁၀ကစားထားရာမွာ၆၈၃ဂိုးသြင္းယူထားပါတယ္။သူဟာအာဂ်င္တီးနားအတြက္၁၇၄ပြဲကစားကာ၉၂ဂိုးသြင္းထားပါတယ္။

မက္ဆီဟာဇြန္လအကုန္မွာဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးတဲ့ေနာက္ ကလပ္လက္မဲ့ျဖစ္ေနသူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာဘာစီလိုနာအသင္း ဘ႑ာေရးျပႆနာႀကဳံဆုံေနရမႈနဲ႔အတူလုပ္ခ၅၀ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်ၿပီး၅ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန္သေဘာတူညီလိုက္ၿပီျဖစ္ပါတယ္။

မက္ဆီဟာလုပ္ခ၅၀ရာခိုင္ႏႈန္းေလွ်ာ့ခ်လိုက္ေပမယ့္တစ္ပတ္လုပ္ခေပါင္၁.၂သန္းရရွိေနဦးမွာျဖစ္ၿပီးေဘာလုံးေလာကရဲ႕လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနဦးမွာျဖစ္ပါတယ္။