သူ့ကားကိုခိုးဖို့ကြိုးစားနေတဲ့သူခိုးကို တားဆီးလိုက်နိုင်ခဲ့တဲ့ ရိုးမားတိုက်စစ်သမားအယ်လ်ရှာရာဝီ

Sky Sports Italia ရဲ့ဖော်ပြချက်အရ ရိုးမားတိုက်စစ်သမားစတီဖင်အယ်လ်ရှာရာဝီဟာရောမမြို့မှာသူ့ကားကို ခိုးဖို့ကြိုးစားနေတဲ့သူခိုးအားတားဆီးလိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။

သူခိုးတစ်ဦးဟာအယ်လ်ရှာရာဝီရဲ့ကားမှန်ကိုရိုက်ခွဲပြီးကားကိုခိုးယူဖို့ကြိုးစားခဲ့ပါတယ်။ကံကောင်းချင်တော့ အယ်လ်ရှာရာဝီကသူ့ကားဆီသို့လာတဲ့အချိန်မှာဖြစ်နေပြီးသူခိုးကကားကိုခိုးယူဖို့ကြိုးစားနေကြောင်းတွေ့ရှိပြီးနောက်အခိုးခံရမယ့်အရေးမှတားဆီးနိုင်ခဲ့ပါတယ်။

အီတလီလက်ရွေးစင်တိုက်စစ်သမားဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်တရုတ်ကလပ်ရှန်ဟိုင်းဂရိန်းလန်းရှန်ဟွာမှရိုးမားသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာသူဖြစ်ပြီးရိုးမားအတွက်တစ်ပွဲမျှမကစားရသေးပါဘူး။သူဟာ၂၀၁၆ခုနှစ်မှ၂၀၁၉ခုနှစ်အထိရိုးမားတွင်ကစားခဲ့ဖူးပြီး၁၃၉ပွဲကစားကာဂိုး၄၀သွင်းယူခဲ့သူဖြစ်ပါတယ်။

သူဟာရိုးမားအသင်းနှင့်၂၀၂၃ခုနှစ်၊ဇွန်လအထိစာချုပ်ချုပ်ဆိုထားပါတယ်။

ZawGyi

သူ႔ကားကိုခိုးဖို႔ႀကိဳးစားေနတဲ့သူခိုးကို တားဆီးလိုက္ႏိုင္ခဲ့တဲ့ ႐ိုးမားတိုက္စစ္သမားအယ္လ္ရွာရာဝီ

Sky Sports Italia ရဲ႕ေဖာ္ျပခ်က္အရ ႐ိုးမားတိုက္စစ္သမားစတီဖင္အယ္လ္ရွာရာဝီဟာေရာမၿမိဳ႕မွာသူ႔ကားကို ခိုးဖို႔ႀကိဳးစားေနတဲ့သူခိုးအားတားဆီးလိုက္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

သူခိုးတစ္ဦးဟာအယ္လ္ရွာရာဝီရဲ႕ကားမွန္ကို႐ိုက္ခြဲၿပီးကားကိုခိုးယူဖို႔ႀကိဳးစားခဲ့ပါတယ္။ကံေကာင္းခ်င္ေတာ့ အယ္လ္ရွာရာဝီကသူ႔ကားဆီသို႔လာတဲ့အခ်ိန္မွာျဖစ္ေနၿပီးသူခိုးကကားကိုခိုးယူဖို႔ႀကိဳးစားေနေၾကာင္းေတြ႕ရွိၿပီးေနာက္အခိုးခံရမယ့္အေရးမွတားဆီးႏိုင္ခဲ့ပါတယ္။

အီတလီလက္ေ႐ြးစင္တိုက္စစ္သမားဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္တ႐ုတ္ကလပ္ရွန္ဟိုင္းဂရိန္းလန္းရွန္ဟြာမွ႐ိုးမားသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာသူျဖစ္ၿပီး႐ိုးမားအတြက္တစ္ပြဲမွ်မကစားရေသးပါဘူး။သူဟာ၂၀၁၆ခုႏွစ္မွ၂၀၁၉ခုႏွစ္အထိ႐ိုးမားတြင္ကစားခဲ့ဖူးၿပီး၁၃၉ပြဲကစားကာဂိုး၄၀သြင္းယူခဲ့သူျဖစ္ပါတယ္။

သူဟာ႐ိုးမားအသင္းႏွင့္၂၀၂၃ခုႏွစ္၊ဇြန္လအထိစာခ်ဳပ္ခ်ဳပ္ဆိုထားပါတယ္။