သူ့ကို ကန်ထုတ်ခဲ့တယ်လို့ ဘာစီလိုနာကို စပါးစ်ကစားသမားသစ်အီမာဆင်ဝေဖန်

စပါးစ်ကစားသမားသစ်အီမာဆင်ရွိုင်ရယ်ကဘာစီလိုနာဟာသူ့ကိုကန်ထုတ်ခဲ့တယ်လို့ဝေဖန်ပြောကြားလိုက်ပါတယ်။

အီမာဆင်ရွိုင်ရယ်ဟာခြေစွမ်းပြကစားနိုင်မှုကြောင့်ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဘာစီလိုနာသို့ပြန်လည်ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပါတယ်။

သူဟာယခုရာသီမှာဘာစီလိုနာရဲ့လာလီဂါသုံးပွဲလုံးကစားခဲ့တဲ့အပြင်ဆိုစီဒက်နှင့်ပွဲတွင်ပွဲထွက်ကစားခဲ့သူလည်းဖြစ်ပါတယ်။

ဒါပေမယ့်သူဟာဆိုစီဒက်နှင့်ပွဲတွင်ပွဲထွက်ကစားပြီးနောက်တစ်ရက်အကြာတွင်စပါးစ်သို့ပြောင်းရွှေ့ကြေးပေါင်၂၆သန်းဖြင့်ရောင်းချခြင်းခံခဲ့ရပါတယ်။

အသက်၂၂နှစ်ရှိဘရာဇီးကစားသမားက “ဘာကာလုပ်ပုံတွေကကျွန်တော့်ကိုနာကျင်စေပါတယ်။သူတို့အနေနဲ့အခြားနည်းတွေနဲ့လုပ်သင့်တယ်။ဒီထက်ပိုကောင်းတဲ့နည်းပေါ့ဗျာ။ကျွန်တော့်ကိုသွားမလား၊မသွားဘူးလားမေးသင့်တယ်။ကျွန်တော့်ကိုရောင်းမှာမဟုတ်လို့ဘာစီလိုနာသို့လာခဲ့တာပါ။ဒါပေမယ့်သူတို့ဟာကျွန်တော့်ကိုရောင်းချဖို့ရည်ရွယ်ချက်နဲ့ပြန်ခေါ်ခဲ့တာပါ။တနင်္ဂနွေနေ့မှာပွဲထွက်ကစားသမားအဖြစ်ကစားခဲ့တယ်။နောက်တစ်နေ့နိုးတယ်၊လေ့ကျင့်ခန်းကောင်းကောင်းလုပ်တယ်။နောက်တော့ဖြစ်ပျက်လာတာတွေအများကြီးပါပဲ။စပါးစ်ကဘာစီလိုနာနဲ့ဆွေးနွေးလာတယ်။နောက်တော့အပြောင်းအရွှေ့ပြီးသွားတယ်။ဘာတွေဖြစ်ခဲ့သလဲဆိုတာဘာမှန်းတောင်သိခဲ့တာမဟုတ်ပါဘူး။နေ့လည်ပိုင်းကျတော့ကလပ်ကကျွန်တော့်ကိုကူဒက်ဒီပို့တီဗိုသို့ခေါ်တယ်။သူတို့ကိုရောင်းချတယ်ဆိုတာပြောဖို့ပါ။ကလပ်ကအကြီးအကဲတွေနဲ့တွေ့တယ်။ကလပ်အခြေအနေမကောင်းကြောင်းပြောပြပါတယ်။သူတို့အတွက်ကကျွန်တော့်ကိုရောင်းတာကအကောင်းဆုံးပါ။ကျွန်တော်ကလည်းဘာကာမှာဘဲဆက်ကစားချင်တယ်လို့ပြောခဲ့တယ်။အကောင်းဆုံးပုံစံရနေတာအောင်မြင်မယ်ဆိုတာယုံကြည်မှုရှိပြီးသားပါ။သူတို့အနေနဲ့ထွက်မလား၊မထွက်ဘူးလားမေးသင့်တယ်။အခုတော့ကျွန်တော့်ကိုစကားလှလှလေးပြောပြီးကန်ထုတ်ခဲ့တာပါ”လို့ပြောကြားခဲ့ပါတယ်။

အီမာဆင်ရွိုင်ရယ်ဟာလာမယ့်စနေနေ့မှာခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှာစပါးစ်အတွက်ပထမဆုံးပွဲကိုကစားလာဖို့ရှိပါတယ်။

ZawGyi

သူ႔ကို ကန္ထုတ္ခဲ့တယ္လို႔ ဘာစီလိုနာကို စပါးစ္ကစားသမားသစ္အီမာဆင္ေဝဖန္

စပါးစ္ကစားသမားသစ္အီမာဆင္႐ြိဳင္ရယ္ကဘာစီလိုနာဟာသူ႔ကိုကန္ထုတ္ခဲ့တယ္လို႔ေဝဖန္ေျပာၾကားလိုက္ပါတယ္။

အီမာဆင္႐ြိဳင္ရယ္ဟာေျခစြမ္းျပကစားႏိုင္မႈေၾကာင့္ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဘာစီလိုနာသို႔ျပန္လည္ေခၚယူျခင္းခံခဲ့ရသူျဖစ္ပါတယ္။

သူဟာယခုရာသီမွာဘာစီလိုနာရဲ႕လာလီဂါသုံးပြဲလုံးကစားခဲ့တဲ့အျပင္ဆိုစီဒက္ႏွင့္ပြဲတြင္ပြဲထြက္ကစားခဲ့သူလည္းျဖစ္ပါတယ္။

ဒါေပမယ့္သူဟာဆိုစီဒက္ႏွင့္ပြဲတြင္ပြဲထြက္ကစားၿပီးေနာက္တစ္ရက္အၾကာတြင္စပါးစ္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၆သန္းျဖင့္ေရာင္းခ်ျခင္းခံခဲ့ရပါတယ္။

အသက္၂၂ႏွစ္ရွိဘရာဇီးကစားသမားက “ဘာကာလုပ္ပုံေတြကကြၽန္ေတာ့္ကိုနာက်င္ေစပါတယ္။သူတို႔အေနနဲ႔အျခားနည္းေတြနဲ႔လုပ္သင့္တယ္။ဒီထက္ပိုေကာင္းတဲ့နည္းေပါ့ဗ်ာ။ကြၽန္ေတာ့္ကိုသြားမလား၊မသြားဘူးလားေမးသင့္တယ္။ကြၽန္ေတာ့္ကိုေရာင္းမွာမဟုတ္လို႔ဘာစီလိုနာသို႔လာခဲ့တာပါ။ဒါေပမယ့္သူတို႔ဟာကြၽန္ေတာ့္ကိုေရာင္းခ်ဖို႔ရည္႐ြယ္ခ်က္နဲ႔ျပန္ေခၚခဲ့တာပါ။တနဂၤေႏြေန႔မွာပြဲထြက္ကစားသမားအျဖစ္ကစားခဲ့တယ္။ေနာက္တစ္ေန႔ႏိုးတယ္၊ေလ့က်င့္ခန္းေကာင္းေကာင္းလုပ္တယ္။ေနာက္ေတာ့ျဖစ္ပ်က္လာတာေတြအမ်ားႀကီးပါပဲ။စပါးစ္ကဘာစီလိုနာနဲ႔ေဆြးေႏြးလာတယ္။ေနာက္ေတာ့အေျပာင္းအေ႐ႊ႕ၿပီးသြားတယ္။ဘာေတြျဖစ္ခဲ့သလဲဆိုတာဘာမွန္းေတာင္သိခဲ့တာမဟုတ္ပါဘူး။ေန႔လည္ပိုင္းက်ေတာ့ကလပ္ကကြၽန္ေတာ့္ကိုကူဒက္ဒီပို႔တီဗိုသို႔ေခၚတယ္။သူတို႔ကိုေရာင္းခ်တယ္ဆိုတာေျပာဖို႔ပါ။ကလပ္ကအႀကီးအကဲေတြနဲ႔ေတြ႕တယ္။ကလပ္အေျခအေနမေကာင္းေၾကာင္းေျပာျပပါတယ္။သူတို႔အတြက္ကကြၽန္ေတာ့္ကိုေရာင္းတာကအေကာင္းဆုံးပါ။ကြၽန္ေတာ္ကလည္းဘာကာမွာဘဲဆက္ကစားခ်င္တယ္လို႔ေျပာခဲ့တယ္။အေကာင္းဆုံးပုံစံရေနတာေအာင္ျမင္မယ္ဆိုတာယုံၾကည္မႈရွိၿပီးသားပါ။သူတို႔အေနနဲ႔ထြက္မလား၊မထြက္ဘူးလားေမးသင့္တယ္။အခုေတာ့ကြၽန္ေတာ့္ကိုစကားလွလွေလးေျပာၿပီးကန္ထုတ္ခဲ့တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

အီမာဆင္႐ြိဳင္ရယ္ဟာလာမယ့္စေနေန႔မွာခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္မွာစပါးစ္အတြက္ပထမဆုံးပြဲကိုကစားလာဖို႔ရွိပါတယ္။