သူ့ကို တွေ့ဖို့ ၁၂ နာရီကြာစောင့်ဆိုင်းနေခဲ့တဲ့ ပရိသတ်များနှင့်စကားပြောဖို့ ကားပြန်လှည့်မောင်းခဲ့တဲ့ နယူးကာဆယ်နည်းပြဟိုဝီ

အက်ဒီဟိုဝီဟာသူနှင့်တွေ့ဆုံဖို့နာရီပေါင်းများစွာစောင့်ဆိုင်းနေခဲ့ကြတဲ့နယူးကာဆယ်ပရိသတ်များနှင့်တွေ့ဆုံရန်ကားကိုရပ်ဆိုင်းတွေ့ဆုံပေးကာသူ့ရဲ့ရွှေရောင်နှလုံးသားကိုပြသခဲ့ပါတယ်။

နယူးကာဆယ်ပရိသတ်များဟာနယူးကာဆယ်အသင်းရဲ့လေကျင့်ရေးကွင်းအပြင်ဘက်လမ်းဘေးတစ်ဖက်တစ်ချက်စီတွင်စောင့်ဆိုင်းနေခဲ့ကြပါတယ်။

တကယ်တမ်းတွင်အက်ဒီဟိုဝီရဲ့ကားဟာလေ့ကျင့်ရေးကွင်းမှထွက်ခွာပြီးနောက်မရပ်ဆိုင်းဘဲထွက်ခွာသွားမှုနဲ့အတူနယူးကာဆယ်ပရိသတ်များအတွက်စိတ်ပျက်စရာကြုံခဲ့ရပါတယ်။

ဒါပေမယ့်အက်ဒီဟိုဝီဟာကားကိုရပ်ပြီးပြန်လှည့်လာခဲ့ကာလမ်းအတိုင်းပြန်မောင်းလာပြီးနယူးကာဆယ်ပရိသတ်များနှင့်တွေ့ဆုံခဲ့ပါတယ်။

ယင်းသို့အက်ဒီဟိုဝီရဲ့လုပ်ဆောင်မှုကြောင့်နယူးကာဆယ်ပရိသတ်များမှာအံ့ဩပျော်ရွှင်ခဲ့ရပါတယ်။

နယူးကာဆယ်နည်းပြဟိုဝီက “ဟယ်လို။ဒီအတိုင်းမောင်းသွားပြီးမင်းတို့ကိုအမှောင်ထဲမှာမထားခဲ့နိုင်ဘူး”လို့ပြောကြားခဲ့ပါတယ်။

အက်ဒီဟိုဝီဟာသူ့ကိုစောင့်ဆိုင်းနေတဲ့နယူးကာဆယ်ပရိသတ်များအားအမှတ်တရလက်မှတ်ထိုးပေးခြင်း၊ဓာတ်ပုံရိုက်ကူးပေးခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။

တကယ်တော့နယူးကာဆယ်ပရိသတ်များဟာအက်ဒီဟိုဝီနှင့်တွေ့ဆုံနိုင်ဖို့အတွက်၁၂နာရီကြာစောင့်ဆိုင်းနေခဲ့ကြတာလည်းဖြစ်ပါတယ်။

အက်ဒီဟိုဝီဟာမနေ့တုန်းကနံနက်၆နာရီ၊၅၅မိနစ်ကတည်းကလေ့ကျင့်ရေးလေ့ကျင့်ကွင်းသို့ရောက်နေခဲ့တာဖြစ်ပြီးနယူးကာဆယ်နည်းပြအဖြစ်မိတ်ဆက်ပွဲပြုလုပ်မှုအပါအဝင်အလွန်အလုပ်များနေခဲ့ပါတယ်။

ZawGyi

သူ႔ကို ေတြ႕ဖို႔ ၁၂ နာရီၾကာေစာင့္ဆိုင္းေနခဲ့တဲ့ ပရိသတ္မ်ားႏွင့္စကားေျပာဖို႔ ကားျပန္လွည့္ေမာင္းခဲ့တဲ့ နယူးကာဆယ္နည္းျပဟိုဝီ

အက္ဒီဟိုဝီဟာသူႏွင့္ေတြ႕ဆုံဖို႔နာရီေပါင္းမ်ားစြာေစာင့္ဆိုင္းေနခဲ့ၾကတဲ့နယူးကာဆယ္ပရိသတ္မ်ားႏွင့္ေတြ႕ဆုံရန္ကားကိုရပ္ဆိုင္းေတြ႕ဆုံေပးကာသူ႔ရဲ႕ေ႐ႊေရာင္ႏွလုံးသားကိုျပသခဲ့ပါတယ္။

နယူးကာဆယ္ပရိသတ္မ်ားဟာနယူးကာဆယ္အသင္းရဲ႕ေလက်င့္ေရးကြင္းအျပင္ဘက္လမ္းေဘးတစ္ဖက္တစ္ခ်က္စီတြင္ေစာင့္ဆိုင္းေနခဲ့ၾကပါတယ္။

တကယ္တမ္းတြင္အက္ဒီဟိုဝီရဲ႕ကားဟာေလ့က်င့္ေရးကြင္းမွထြက္ခြာၿပီးေနာက္မရပ္ဆိုင္းဘဲထြက္ခြာသြားမႈနဲ႔အတူနယူးကာဆယ္ပရိသတ္မ်ားအတြက္စိတ္ပ်က္စရာႀကဳံခဲ့ရပါတယ္။

ဒါေပမယ့္အက္ဒီဟိုဝီဟာကားကိုရပ္ၿပီးျပန္လွည့္လာခဲ့ကာလမ္းအတိုင္းျပန္ေမာင္းလာၿပီးနယူးကာဆယ္ပရိသတ္မ်ားႏွင့္ေတြ႕ဆုံခဲ့ပါတယ္။

ယင္းသို႔အက္ဒီဟိုဝီရဲ႕လုပ္ေဆာင္မႈေၾကာင့္နယူးကာဆယ္ပရိသတ္မ်ားမွာအံ့ဩေပ်ာ္႐ႊင္ခဲ့ရပါတယ္။

နယူးကာဆယ္နည္းျပဟိုဝီက “ဟယ္လို။ဒီအတိုင္းေမာင္းသြားၿပီးမင္းတို႔ကိုအေမွာင္ထဲမွာမထားခဲ့ႏိုင္ဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

အက္ဒီဟိုဝီဟာသူ႔ကိုေစာင့္ဆိုင္းေနတဲ့နယူးကာဆယ္ပရိသတ္မ်ားအားအမွတ္တရလက္မွတ္ထိုးေပးျခင္း၊ဓာတ္ပုံ႐ိုက္ကူးေပးျခင္းတို႔ျပဳလုပ္ခဲ့ၾကပါတယ္။

တကယ္ေတာ့နယူးကာဆယ္ပရိသတ္မ်ားဟာအက္ဒီဟိုဝီႏွင့္ေတြ႕ဆုံႏိုင္ဖို႔အတြက္၁၂နာရီၾကာေစာင့္ဆိုင္းေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

အက္ဒီဟိုဝီဟာမေန႔တုန္းကနံနက္၆နာရီ၊၅၅မိနစ္ကတည္းကေလ့က်င့္ေရးေလ့က်င့္ကြင္းသို႔ေရာက္ေနခဲ့တာျဖစ္ၿပီးနယူးကာဆယ္နည္းျပအျဖစ္မိတ္ဆက္ပြဲျပဳလုပ္မႈအပါအဝင္အလြန္အလုပ္မ်ားေနခဲ့ပါတယ္။