သူ့ကိုလည်စည်းဖြင့်ပစ်တဲ့ပရိသတ်နှင့်ပတ်သက်ပြီးကူညီပေးမယ့်လုခ်ရှော

မန်ယူဘယ်နောက်ခံလူလုခ်ရှောကအိုးထရက်ဖို့ဒ်ကွင်းတွင်သူ့ကိုအစိမ်းရောင်/ရွှေရောင်လည်စည်းဖြင့်ပစ်မှုကြောင့်လုံခြုံရေးများရဲ့ဆွဲထုတ်ခြင်းခံခဲ့ရတဲ့မန်ယူပရိသတ်အားအကူအညီပေးသွားမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဟာမနေ့ညတုန်းကဖူလ်ဟမ်နှင့်ပွဲစဉ်တွင်ကာဗာနီရဲ့ကိုက်၄၀အကွာမှဖူလ်ဟမ်ဂိုးသမားအားကျော်ကာသွင်းတဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ဂျိုးဘရိုင်ယန်ရဲ့ချေပဂိုးကြောင့်တစ်ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။

အဆိုပါပရီးမီးယားလိဂ်ပွဲစဉ်တွင်ပရိသတ်တစ်ဦးကလုခ်ရှောထောင့်ကန်ဘောကန်ရန်ပြင်ဆင်နေစဉ်အစိမ်းရောင်/ရွှေရောင်လည်စည်းဖြင့်ပစ်ပေါက်ခဲ့ပါတယ်။

လည်စည်းဖြင့်ပစ်ပေါက်ခဲ့တဲ့ပရိသတ်ကိုလုံခြုံရေးတို့ဝိုင်းရံထိန်းချုပ်ခဲ့ပါတယ်။သူဟာယင်းလုပ်ရပ်အတွက်ပွဲကြည့်ခွင့်၃နှစ်ပိတ်ပင်ခြင်းခံရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

လုခ်ရှောကပရိသတ်ရဲ့ယင်းလုပ်ရပ်အတွက်နားလည်ပေးနိုင်ကြောင်း၊ယင်းပြဿနာကိုကူညီဖြေရှင်းပေးဖို့အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်ကြောင်းပြောကြားသွားပါတယ်။

မန်ယူနှင့်ဖူလ်ဟမ်တို့ပွဲစဉ်ကိုပရိသတ်တစ်သောင်းလာရောက်ကြည့်ခွင့်ရရှိခဲ့ပြီးပရိသတ်များဟာယင်းပွဲမှာဂလေဇာထွက်ခွာရေးဆိုင်းပုဒ်များကိုင်ကာဆန္ဒပြခဲ့ကြပါတယ်။

ZawGyi

သူ႔ကိုလည္စည္းျဖင့္ပစ္တဲ့ပရိသတ္ႏွင့္ပတ္သက္ၿပီးကူညီေပးမယ့္လုခ္ေရွာ

မန္ယူဘယ္ေနာက္ခံလူလုခ္ေရွာကအိုးထရက္ဖို႔ဒ္ကြင္းတြင္သူ႔ကိုအစိမ္းေရာင္/ေ႐ႊေရာင္လည္စည္းျဖင့္ပစ္မႈေၾကာင့္လုံၿခဳံေရးမ်ားရဲ႕ဆြဲထုတ္ျခင္းခံခဲ့ရတဲ့မန္ယူပရိသတ္အားအကူအညီေပးသြားမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဟာမေန႔ညတုန္းကဖူလ္ဟမ္ႏွင့္ပြဲစဥ္တြင္ကာဗာနီရဲ႕ကိုက္၄၀အကြာမွဖူလ္ဟမ္ဂိုးသမားအားေက်ာ္ကာသြင္းတဲ့ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ဂ်ိဳးဘ႐ိုင္ယန္ရဲ႕ေခ်ပဂိုးေၾကာင့္တစ္ဂိုးစီသေရျဖင့္ေက်နပ္ခဲ့ရပါတယ္။

အဆိုပါပရီးမီးယားလိဂ္ပြဲစဥ္တြင္ပရိသတ္တစ္ဦးကလုခ္ေရွာေထာင့္ကန္ေဘာကန္ရန္ျပင္ဆင္ေနစဥ္အစိမ္းေရာင္/ေ႐ႊေရာင္လည္စည္းျဖင့္ပစ္ေပါက္ခဲ့ပါတယ္။

လည္စည္းျဖင့္ပစ္ေပါက္ခဲ့တဲ့ပရိသတ္ကိုလုံၿခဳံေရးတို႔ဝိုင္းရံထိန္းခ်ဳပ္ခဲ့ပါတယ္။သူဟာယင္းလုပ္ရပ္အတြက္ပြဲၾကည့္ခြင့္၃ႏွစ္ပိတ္ပင္ျခင္းခံရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။

လုခ္ေရွာကပရိသတ္ရဲ႕ယင္းလုပ္ရပ္အတြက္နားလည္ေပးႏိုင္ေၾကာင္း၊ယင္းျပႆနာကိုကူညီေျဖရွင္းေပးဖို႔အစြမ္းကုန္ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

မန္ယူႏွင့္ဖူလ္ဟမ္တို႔ပြဲစဥ္ကိုပရိသတ္တစ္ေသာင္းလာေရာက္ၾကည့္ခြင့္ရရွိခဲ့ၿပီးပရိသတ္မ်ားဟာယင္းပြဲမွာဂေလဇာထြက္ခြာေရးဆိုင္းပုဒ္မ်ားကိုင္ကာဆႏၵျပခဲ့ၾကပါတယ္။