သူ့ကို ဝေဖန်တဲ့ ဝိန်းရွန်းနီကို ဟာသဆန်ဆန် ရုပ်ချင်းနှိုင်းယှဉ်ပြီး တုံ့ပြန်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်သူ့ကိုဝေဖန်မှုပြုလုပ်လာတဲ့မန်ချက်စတာယူနိုက်တက်ကစားဖော်ဟောင်းဝိန်းရွန်းနီကိုတုံ့ပြန်မှုပြုလုပ်လာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာသူငယ်ချင်းဖြစ်သူပီယာမော်ဂန်နှင့် အင်တာဗျူးပြုလုပ်ခဲ့ပြီးသူ့ရဲ့ယူနိုက်တက်အခြေအနေနှင့်ပတ်သက်ပြီး ပရိသတ်များကိုအမှန်တရားသိအောင်ဖွင့်ချလာပါတယ်။

ယင်းအင်တာဗျူးအတွင်းတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာဝိန်းရွန်းနီနှင့်ပတ်သက်ပြီးတော့တုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။

ဝိန်းရွန်းနီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာယူနိုက်တက်တွင်၂၀၀၄ခုနှစ်မှ၂၀၀၉ခုနှစ်အထိအတူတွဲကစားခဲ့ကြပြီး ပရီးမီးယားလိဂ်ဖလား၂ကြိမ်နှင့်ချန်ပီယံလိဂ်၁ကြိမ်ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့၎င်းတို့အကြားဆက်ဆံရေးမှာဝိန်းရွန်းနီကခရစ္စတီယာနိုရော်နယ်ဒိုရဲ့အပြုအမူများကိုဝေဖန်လာပြီးနောက်အဆုံးသတ်သွားပါတယ်။

ပထမတွင်ဝိန်းရွန်းနီက ခရစ္စတီယာနိုရော်နယ်ဒိုအား “တချိန်တုန်းကလို ကစားသမားမျိုးမဟုတ်တော့ကြောင်း”ဆိုခဲ့ဖူးပါတယ်။ယင်းနောက်ဝိန်းရွန်းနီဟာစပါးစ်နှင့်ပွဲတွင်အရန်အဖြစ်ဝင်ရောက်ကစားရန်ငြင်းဆိုတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကို “ခေါင်းငုံပြီးအလုပ်ကြိုးစားပါ”လို့ဆိုခဲ့ပါတယ်။

ယခုအခါခရစ္စတီယာနိုရော်နယ်ဒိုက “ဘာလို့ကျုပ်ကိုအပြင်းအထန်ဝေဖန်ရတာလဲမသိဘူး။သေချာတာကတော့ကျုပ်ကထိပ်တန်းအဆင့်တစ်ခုမှာကစားနေတုန်းဖြစ်ပြီးသူကကစားသမားဘဝကအဆုံးသတ်သွားလို့ဖြစ်ပါလိမ့်မယ်။ကျုပ်ကလည်း သူ့ထက်ကျုပ်ပိုချောတယ်ဆိုတဲ့အမှန်တရားကိုပြောလာမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပီယာမော်ဂန်နှင့်အင်တာဗျူးတွင် ယူနိုက်တက်တာဝန်ရှိသူများကသူ့ကိုအသင်းပြောင်းရန်ဖိအားပေးမှုကိုလည်းဖွင့်ချခဲ့သလိုသူ့အပေါ်လေးစားခြင်းမရှိတဲ့အဲရစ်တန်ဟက်ကိုလည်းလေးစားသွားမည်မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်တာဗျူးကိုလာမယ့်ဗုဒ္ဓဟူးနေ့နှင့်ကြာသပတေးနေ့တို့တွင်ထုတ်လွှင့်သွားပါမယ်။

ZawGyi

သူ႔ကို ေဝဖန္တဲ့ ဝိန္း႐ြန္းနီကို ဟာသဆန္ဆန္ ႐ုပ္ခ်င္းႏႈိင္းယွဥ္ၿပီး တုံ႔ျပန္လာတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္သူ႔ကိုေဝဖန္မႈျပဳလုပ္လာတဲ့မန္ခ်က္စတာယူႏိုက္တက္ကစားေဖာ္ေဟာင္းဝိန္း႐ြန္းနီကိုတုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူငယ္ခ်င္းျဖစ္သူပီယာေမာ္ဂန္ႏွင့္ အင္တာဗ်ဴးျပဳလုပ္ခဲ့ၿပီးသူ႔ရဲ႕ယူႏိုက္တက္အေျခအေနႏွင့္ပတ္သက္ၿပီး ပရိသတ္မ်ားကိုအမွန္တရားသိေအာင္ဖြင့္ခ်လာပါတယ္။

ယင္းအင္တာဗ်ဴးအတြင္းတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဝိန္း႐ြန္းနီႏွင့္ပတ္သက္ၿပီးေတာ့တုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဝိန္း႐ြန္းနီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာယူႏိုက္တက္တြင္၂၀၀၄ခုႏွစ္မွ၂၀၀၉ခုႏွစ္အထိအတူတြဲကစားခဲ့ၾကၿပီး ပရီးမီးယားလိဂ္ဖလား၂ႀကိမ္ႏွင့္ခ်န္ပီယံလိဂ္၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။

ဒါေပမဲ့၎တို႔အၾကားဆက္ဆံေရးမွာဝိန္း႐ြန္းနီကခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အျပဳအမူမ်ားကိုေဝဖန္လာၿပီးေနာက္အဆုံးသတ္သြားပါတယ္။

ပထမတြင္ဝိန္း႐ြန္းနီက ခရစၥတီယာႏိုေရာ္နယ္ဒိုအား “တခ်ိန္တုန္းကလို ကစားသမားမ်ိဳးမဟုတ္ေတာ့ေၾကာင္း”ဆိုခဲ့ဖူးပါတယ္။ယင္းေနာက္ဝိန္း႐ြန္းနီဟာစပါးစ္ႏွင့္ပြဲတြင္အရန္အျဖစ္ဝင္ေရာက္ကစားရန္ျငင္းဆိုတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကို “ေခါင္းငုံၿပီးအလုပ္ႀကိဳးစားပါ”လို႔ဆိုခဲ့ပါတယ္။

ယခုအခါခရစၥတီယာႏိုေရာ္နယ္ဒိုက “ဘာလို႔က်ဳပ္ကိုအျပင္းအထန္ေဝဖန္ရတာလဲမသိဘူး။ေသခ်ာတာကေတာ့က်ဳပ္ကထိပ္တန္းအဆင့္တစ္ခုမွာကစားေနတုန္းျဖစ္ၿပီးသူကကစားသမားဘဝကအဆုံးသတ္သြားလို႔ျဖစ္ပါလိမ့္မယ္။က်ဳပ္ကလည္း သူ႔ထက္က်ဳပ္ပိုေခ်ာတယ္ဆိုတဲ့အမွန္တရားကိုေျပာလာမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပီယာေမာ္ဂန္ႏွင့္အင္တာဗ်ဴးတြင္ ယူႏိုက္တက္တာဝန္ရွိသူမ်ားကသူ႔ကိုအသင္းေျပာင္းရန္ဖိအားေပးမႈကိုလည္းဖြင့္ခ်ခဲ့သလိုသူ႔အေပၚေလးစားျခင္းမရွိတဲ့အဲရစ္တန္ဟက္ကိုလည္းေလးစားသြားမည္မဟုတ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အင္တာဗ်ဴးကိုလာမယ့္ဗုဒၶဟူးေန႔ႏွင့္ၾကာသပေတးေန႔တို႔တြင္ထုတ္လႊင့္သြားပါမယ္။