သူ့ကဲ့သို့ အောင်ပွဲခံခဲ့တဲ့ တောင်းဆင့်ကို ဒေါသထွက်ခဲ့ပေမယ့် အင်္ကျီအမှတ်တရပေးခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

အင်ဒရို့စ်တောင်းဆင့်ကမန်ယူနင့်ပွဲစဉ်မှာအဖိုးတန်ချေပဂိုးသွင်းယူပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အောင်ပွဲခံမှုကိုအတုခိုးအောင်ပွဲခံခဲ့မှုမှာလှောင်ပြောင်လိုတဲ့စိတ်ဖြင့်ပြုလုပ်ခဲ့တာမဟုတ်ဘဲလေးစားအားကျလွန်းလို့လုပ်ဆောင်ခဲ့တာလို့ပြောခဲ့ပါတယ်။

အင်ဒရို့စ်တောင်းဆင့်ဟာမနေ့ညတုန်းကမန်ယူနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲမှာချေပဂိုးသွင်းယူပြီးနောက်ပေါ်တူဂီစူပါစတားရဲ့အမှတ်အသားဖြစ်တဲ့ SiiiUUU အောင်ပွဲခံမှုပုံစံဖြင့်အောင်ပွဲခံခဲ့ပါတယ်။

ပွဲသိမ်းခရာမှုတ်ပြီးချိန်တွင်အင်ဒရို့စ်တောင်းဆင့်ဟာခရစ္စတီယာနိုရော်နယ်ဒိုထံသို့သွားရောက်ကာနှစ်သိမ့်ခြင်း၊အင်္ကျီလဲလှယ်ရန်တောင်းဆိုခြင်းတို့ပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကွင်းအတွင်းမှာထွက်ခွာလာချိန်မှာတောင်းဆင့်ရဲ့ပြောကြားမှုကိုဂရုမစိုက်ခဲ့ဘဲလှည့်တောင်မကြည့်ခဲ့ပါဘူး။

အဲဗာတန်နှင့်ပွဲမှာအရန်အဖြစ်ဝင်ရောက်ကစားခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာဒေါသတကြီးဖြင့်ဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။ဒါပေမယ့်တောင်းဆင့်ကတော့ရော်နယ်ဒိုကသူ့အတွက် GOAT ဖြစ်ပြီးလှောင်ပြောင်လိုတဲ့စိတ်ဖြင့်အောင်ပွဲခံခဲ့တာမဟုတ်ကြောင်းဆိုသွားပါတယ်။

တောင်းဆင့်က “သူကကျွန်တော့်ရဲ့စံပြကစားသမားပါ။လှောင်ပြောင်လိုတဲ့စိတ်နဲ့လုပ်ခဲ့တာမဟုတ်ပါဘူး။ကျွန်တော့်ကစားသမားဘဝတစ်ခုလုံးကိုလွှမ်းမိုးလာတဲ့သူ့ကိုလေးစားလို့ဒီလိုလုပ်ခဲ့တာပါ။ကျွန်တော်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုကြည့်ပြီးကြီးပြင်းလာခဲ့သူပါ။လေ့ကျင့်ရေးကွင်းတွေမှာသူ့နည်းစနစ်တွေကိုလုပ်နိုင်ဖို့နာရီပေါင်းများစွာလေ့ကျင့်ခန်းလာခဲ့တာပါ။ကျွန်တော့်အောင်ပွဲခံမှုကသိပ်မကောင်းတော့နာရီအနည်းငယ်တော့လေ့ကျင့်ရဦးမယ်နဲ့တူတယ်။ဒါပေမယ့်ဒါကခရစ္စတီယာနိုကိုလေးစားလို့ပါ။သူ့ရဲ့ဘောလုံးအတွက်ပေးဆပ်မှုကိုလေးစားလို့ပါ။သူနဲ့တစ်ကွင်းထဲမှာရှိနေတာဂုဏ်ယူပါတယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဥမင်လှိုဏ်ခေါင်းသို့ဒေါသတကြီးဝင်ရောက်သွားခဲ့ပေမယ့် နောက်ပိုင်းတွင်စိတ်ပြေကာတောင်းဆင့်ကိုသူ့ရဲ့ကျောနံပါတ်၇အင်္ကျီကိုပေးခဲ့ပါတယ်။ တောင်းဆင့်က “Nothing but respect to the GOAT” ဆိုပြီး ရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ အင်္ကျီကိုဓာတ်ပုံရိုက်ကာအင်စတာဂရမ်မှာတင်သွားပါတယ်။

ZawGyi

သူ႔ကဲ့သို႔ ေအာင္ပြဲခံခဲ့တဲ့ ေတာင္းဆင့္ကို ေဒါသထြက္ခဲ့ေပမယ့္ အက်ႌအမွတ္တရေပးခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

အင္ဒ႐ို႕စ္ေတာင္းဆင့္ကမန္ယူနင့္ပြဲစဥ္မွာအဖိုးတန္ေခ်ပဂိုးသြင္းယူၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအာင္ပြဲခံမႈကိုအတုခိုးေအာင္ပြဲခံခဲ့မႈမွာေလွာင္ေျပာင္လိုတဲ့စိတ္ျဖင့္ျပဳလုပ္ခဲ့တာမဟုတ္ဘဲေလးစားအားက်လြန္းလို႔လုပ္ေဆာင္ခဲ့တာလို႔ေျပာခဲ့ပါတယ္။

အင္ဒ႐ို႕စ္ေတာင္းဆင့္ဟာမေန႔ညတုန္းကမန္ယူႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲမွာေခ်ပဂိုးသြင္းယူၿပီးေနာက္ေပၚတူဂီစူပါစတားရဲ႕အမွတ္အသားျဖစ္တဲ့ SiiiUUU ေအာင္ပြဲခံမႈပုံစံျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

ပြဲသိမ္းခရာမႈတ္ၿပီးခ်ိန္တြင္အင္ဒ႐ို႕စ္ေတာင္းဆင့္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုထံသို႔သြားေရာက္ကာႏွစ္သိမ့္ျခင္း၊အက်ႌလဲလွယ္ရန္ေတာင္းဆိုျခင္းတို႔ျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာကြင္းအတြင္းမွာထြက္ခြာလာခ်ိန္မွာေတာင္းဆင့္ရဲ႕ေျပာၾကားမႈကိုဂ႐ုမစိုက္ခဲ့ဘဲလွည့္ေတာင္မၾကည့္ခဲ့ပါဘူး။

အဲဗာတန္ႏွင့္ပြဲမွာအရန္အျဖစ္ဝင္ေရာက္ကစားခဲ့တဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေဒါသတႀကီးျဖင့္ဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ေရာက္သြားခဲ့ပါတယ္။ဒါေပမယ့္ေတာင္းဆင့္ကေတာ့ေရာ္နယ္ဒိုကသူ႔အတြက္ GOAT ျဖစ္ၿပီးေလွာင္ေျပာင္လိုတဲ့စိတ္ျဖင့္ေအာင္ပြဲခံခဲ့တာမဟုတ္ေၾကာင္းဆိုသြားပါတယ္။

ေတာင္းဆင့္က “သူကကြၽန္ေတာ့္ရဲ႕စံျပကစားသမားပါ။ေလွာင္ေျပာင္လိုတဲ့စိတ္နဲ႔လုပ္ခဲ့တာမဟုတ္ပါဘူး။ကြၽန္ေတာ့္ကစားသမားဘဝတစ္ခုလုံးကိုလႊမ္းမိုးလာတဲ့သူ႔ကိုေလးစားလို႔ဒီလိုလုပ္ခဲ့တာပါ။ကြၽန္ေတာ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုၾကည့္ၿပီးႀကီးျပင္းလာခဲ့သူပါ။ေလ့က်င့္ေရးကြင္းေတြမွာသူ႔နည္းစနစ္ေတြကိုလုပ္ႏိုင္ဖို႔နာရီေပါင္းမ်ားစြာေလ့က်င့္ခန္းလာခဲ့တာပါ။ကြၽန္ေတာ့္ေအာင္ပြဲခံမႈကသိပ္မေကာင္းေတာ့နာရီအနည္းငယ္ေတာ့ေလ့က်င့္ရဦးမယ္နဲ႔တူတယ္။ဒါေပမယ့္ဒါကခရစၥတီယာႏိုကိုေလးစားလို႔ပါ။သူ႔ရဲ႕ေဘာလုံးအတြက္ေပးဆပ္မႈကိုေလးစားလို႔ပါ။သူနဲ႔တစ္ကြင္းထဲမွာရွိေနတာဂုဏ္ယူပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဥမင္လႈိဏ္ေခါင္းသို႔ေဒါသတႀကီးဝင္ေရာက္သြားခဲ့ေပမယ့္ ေနာက္ပိုင္းတြင္စိတ္ေျပကာေတာင္းဆင့္ကိုသူ႔ရဲ႕ေက်ာနံပါတ္၇အက်ႌကိုေပးခဲ့ပါတယ္။ ေတာင္းဆင့္က “Nothing but respect to the GOAT” ဆိုၿပီး ေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ ၇ အက်ႌကိုဓာတ္ပုံ႐ိုက္ကာအင္စတာဂရမ္မွာတင္သြားပါတယ္။