
မီဆတ်အိုဇေးလ်ဟာမနေ့ညတုန်းကပိုလန်နှင့်ပွဲတွင်သူ့စတိုင်ဖြင့်ဂိုးသွင်းယူခဲ့တဲ့အာဆင်နယ်ကစားဖော်ဟောင်းအိုလီဗီယာဂျရူးကိုဘယ်ကန်သွင်းဟန်ကိုဘယ်သူသင်ထားသလဲလို့ မေးခွန်းထုတ်လာခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဂျရူးဟာမနေ့ညတုန်းကပိုလန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဂိုးသွင်းယူကာပြင်သစ်ကိုကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ရောက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။
ဂျရူးဟာယင်းဂိုးကြောင့်ပြင်သစ်အတွက်သွင်းဂိုး၅၂ဂိုးအထိရှိလာကာပြင်သစ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူဖြစ်လာခဲ့ပါတယ်။သူဟာအာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းသီယာရီဟင်နရီရဲ့၅၁ဂိုးစံချိန်ကိုရိုက်ချိုးလိုက်နိုင်ပြီလည်းဖြစ်ပါတယ်။
ဂျရူးကပြင်သစ်အတွက်စံချိန်တင်ဂိုးကိုကစားဖော်ဟောင်းအိုဇေးလ်ရဲ့နည်းစနစ်ဖြင့်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
သူဟာကိုင်လီယန်ဘက်ပေးထံမှဘောလုံးပို့ပေးမှုရရှိလာပြီးနောက်ဘယ်ခြေဖြင့်ကန်ကာပိုလန်ဂိုးသမားဆက်ဇက်နီကိုကျော်ပြီးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
အိုဇေးလ်ဟာယင်းနည်းစနစ်မျိုးဖြင့်၂၀၁၇ခုနှစ်တုန်းကလီဗာပူးဂိုးသမားဆိုင်မွန်မီဂနိုလက်ကိုကျော်ဖြတ်ကာဂိုးသွင်းယူခဲ့ဖူးပါတယ်။
ဒါကြောင့်လည်းအိုဇေးလ်က”Nice goal… who taught you that bro.” ဆိုပြီး တွစ်တာတွင်တင်သွားပါတယ်။
ဂျရူးရဲ့ပြင်သစ်ဟာလာမယ့်စနေနေ့မှာကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ်အင်္ဂလန်နှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
သူ႔စတိုင္ျဖင့္ ဂိုးသြင္းကာ ျပင္သစ္ဂိုးသြင္းစံခ်ိန္တင္ခဲ့တဲ့ ဂ်႐ူးကို အိုေဇးလ္တုံ႔ျပန္လာ
မီဆတ္အိုေဇးလ္ဟာမေန႔ညတုန္းကပိုလန္ႏွင့္ပြဲတြင္သူ႔စတိုင္ျဖင့္ဂိုးသြင္းယူခဲ့တဲ့အာဆင္နယ္ကစားေဖာ္ေဟာင္းအိုလီဗီယာဂ်႐ူးကိုဘယ္ကန္သြင္းဟန္ကိုဘယ္သူသင္ထားသလဲလို႔ ေမးခြန္းထုတ္လာခဲ့ပါတယ္။
ျပင္သစ္တိုက္စစ္မႉးဂ်႐ူးဟာမေန႔ညတုန္းကပိုလန္ကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဂိုးသြင္းယူကာျပင္သစ္ကိုကမာၻ႔ဖလားကြာတားဖိုင္နယ္သို႔တက္ေရာက္ေအာင္ကူညီေပးႏိုင္ခဲ့ပါတယ္။
ဂ်႐ူးဟာယင္းဂိုးေၾကာင့္ျပင္သစ္အတြက္သြင္းဂိုး၅၂ဂိုးအထိရွိလာကာျပင္သစ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူျဖစ္လာခဲ့ပါတယ္။သူဟာအာဆင္နယ္အသင္းေခါင္းေဆာင္ေဟာင္းသီယာရီဟင္နရီရဲ႕၅၁ဂိုးစံခ်ိန္ကို႐ိုက္ခ်ိဳးလိုက္ႏိုင္ၿပီလည္းျဖစ္ပါတယ္။
ဂ်႐ူးကျပင္သစ္အတြက္စံခ်ိန္တင္ဂိုးကိုကစားေဖာ္ေဟာင္းအိုေဇးလ္ရဲ႕နည္းစနစ္ျဖင့္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။
သူဟာကိုင္လီယန္ဘက္ေပးထံမွေဘာလုံးပို႔ေပးမႈရရွိလာၿပီးေနာက္ဘယ္ေျချဖင့္ကန္ကာပိုလန္ဂိုးသမားဆက္ဇက္နီကိုေက်ာ္ၿပီးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။
အိုေဇးလ္ဟာယင္းနည္းစနစ္မ်ိဳးျဖင့္၂၀၁၇ခုႏွစ္တုန္းကလီဗာပူးဂိုးသမားဆိုင္မြန္မီဂႏိုလက္ကိုေက်ာ္ျဖတ္ကာဂိုးသြင္းယူခဲ့ဖူးပါတယ္။
ဒါေၾကာင့္လည္းအိုေဇးလ္က”Nice goal… who taught you that bro.” ဆိုၿပီး တြစ္တာတြင္တင္သြားပါတယ္။
ဂ်႐ူးရဲ႕ျပင္သစ္ဟာလာမယ့္စေနေန႔မွာကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္အဂၤလန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။