သူ့တောင်းဆိုမှုအတိုင်း ကွင်းပြည့်လာအားပေးတဲ့ ပရိသတ်များအပေါ် တာဝန်မကျေခဲ့ကြောင်း ဂွါဒီယိုလာဝန်ခံ

ပက်ဂွါဒီယိုလာကသူ့တောင်းဆိုမှုအတိုင်းဆောက်သမ်တန်နှင့်ပွဲစဉ်တွင်အီတီဟတ်ကွင်းအပြည့်လာရောက်အားပေးကြတဲ့ပရိသတ်များအတွက်ဆောက်သမ်တန်နှင့်ပွဲတွင်နိုင်ပွဲမရယူပေးနိုင်မှုအတွက်အပြစ်ရှိသလိုခံစားရကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာလိုက်ဇစ်အား၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ပရိသတ်၁၇၀၀၀သာလာရောက်ကြည့်ပြီးနောက်စနေနေ့ကဆောက်သမ်တန်ပွဲကိုပရိသတ်များပိုမိုလာရောက်ကြည့်ကြရန်တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်ဂွါဒီယိုလာဦးဆောင်တဲ့မန်စီးတီးအသင်းဟာမနေ့ညတုန်းကဆောက်သမ်တန်နှင့်ပွဲစဉ်တွင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဂိုးမရှိသရေဖြင့်သာကျေနပ်ခဲ့ရပါတယ်။

ဂွါဒီယိုလာက “ဘယ်လောက်လာကြည့်ပါ။မလာပါနဲ့ဆိုပြီးစောဒကတက်ခဲ့တာမဟုတ်ပါဘူး။ကျွန်တော့်ဘဝမှာလည်းအဲဒီလိုတစ်ခါမှမလုပ်ဖူးပါဘူး။ဘာပဲဖြစ်ဖြစ်ပရိသတ်၁၀၀ဘဲလာကြည့်ကြည့်၊၈၅ဦးပဲလာကြည့်ကြည့်၊ကျွန်တော်ပျော်ပါတယ်။ဒါပေမယ့်ပွဲကပွဲကောင်းမဟုတ်ခဲ့တော့သူတို့အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ပွဲတစ်ပွဲလာကြည့်တယ်ဆိုတာရှိုးပွဲလာကြည့်သလိုဘဲပျော်ချင်လို့လာကြည့်တာပါ။ကျွန်တော်တို့ကောင်းကောင်းမကစားနိုင်ခဲ့တော့အပြစ်ရှိသလိုခံစားရပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာကြားရက်အတွင်းမှာဝိုင်ကွန်ဘီနှင့်ခါရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်ကစားရပါမယ်။ပြီးလျှင်မန်စီးတီးဟာလာမယ့်စနေနေ့မှာချဲလ်ဆီးကိုစတမ်းဖို့ဒ်ဘရစ်ချ်သို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

သူ႔ေတာင္းဆိုမႈအတိုင္း ကြင္းျပည့္လာအားေပးတဲ့ ပရိသတ္မ်ားအေပၚ တာဝန္မေက်ခဲ့ေၾကာင္း ဂြါဒီယိုလာဝန္ခံ

ပက္ဂြါဒီယိုလာကသူ႔ေတာင္းဆိုမႈအတိုင္းေဆာက္သမ္တန္ႏွင့္ပြဲစဥ္တြင္အီတီဟတ္ကြင္းအျပည့္လာေရာက္အားေပးၾကတဲ့ပရိသတ္မ်ားအတြက္ေဆာက္သမ္တန္ႏွင့္ပြဲတြင္ႏိုင္ပြဲမရယူေပးႏိုင္မႈအတြက္အျပစ္ရွိသလိုခံစားရေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာဟာလိုက္ဇစ္အား၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ပရိသတ္၁၇၀၀၀သာလာေရာက္ၾကည့္ၿပီးေနာက္စေနေန႔ကေဆာက္သမ္တန္ပြဲကိုပရိသတ္မ်ားပိုမိုလာေရာက္ၾကည့္ၾကရန္ေတာင္းဆိုခဲ့ပါတယ္။

ဒါေပမယ့္ဂြါဒီယိုလာဦးေဆာင္တဲ့မန္စီးတီးအသင္းဟာမေန႔ညတုန္းကေဆာက္သမ္တန္ႏွင့္ပြဲစဥ္တြင္ဂိုးသြင္းယူႏိုင္ခဲ့ျခင္းမရွိဘဲ ဂိုးမရွိသေရျဖင့္သာေက်နပ္ခဲ့ရပါတယ္။

ဂြါဒီယိုလာက “ဘယ္ေလာက္လာၾကည့္ပါ။မလာပါနဲ႔ဆိုၿပီးေစာဒကတက္ခဲ့တာမဟုတ္ပါဘူး။ကြၽန္ေတာ့္ဘဝမွာလည္းအဲဒီလိုတစ္ခါမွမလုပ္ဖူးပါဘူး။ဘာပဲျဖစ္ျဖစ္ပရိသတ္၁၀၀ဘဲလာၾကည့္ၾကည့္၊၈၅ဦးပဲလာၾကည့္ၾကည့္၊ကြၽန္ေတာ္ေပ်ာ္ပါတယ္။ဒါေပမယ့္ပြဲကပြဲေကာင္းမဟုတ္ခဲ့ေတာ့သူတို႔အတြက္စိတ္မေကာင္းျဖစ္ရပါတယ္။ပြဲတစ္ပြဲလာၾကည့္တယ္ဆိုတာရႈိးပြဲလာၾကည့္သလိုဘဲေပ်ာ္ခ်င္လို႔လာၾကည့္တာပါ။ကြၽန္ေတာ္တို႔ေကာင္းေကာင္းမကစားႏိုင္ခဲ့ေတာ့အျပစ္ရွိသလိုခံစားရပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးဟာၾကားရက္အတြင္းမွာဝိုင္ကြန္ဘီႏွင့္ခါရာေဘာင္ဖလားတတိယအဆင့္ပြဲစဥ္ကစားရပါမယ္။ၿပီးလွ်င္မန္စီးတီးဟာလာမယ့္စေနေန႔မွာခ်ဲလ္ဆီးကိုစတမ္းဖို႔ဒ္ဘရစ္ခ်္သို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။