သူ့မျက်နှာပါဝင်တဲ့ ခြေသလုံးကာ ဝတ်ဆင်ကစားခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

မန်ယူဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းမှာအဲဗာတန်နှင့်တစ်ဂိုးစီသရေကျပြီးနောက် ပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်ရေးအတွက်ဆက်လက်ရုန်းကန်လာခဲ့ရပြန်ပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုကတော့အဲဗာတန်နှင့်ပွဲအပြီးမှာသူ့အကြောင်းကို လူတွေ မပြောမဖြစ်ပြောရအောင်လုပ်ဆောင်ပြခဲ့ပြန်ပါပြီ။

ခရစ္စတီယာနိုရော်နယ်ဒိုဟာအဲဗာတန်နှင့်ပွဲစဉ်တွင်မန်ယူပွဲထွက်လူစားမှာမပါဝင်ဘဲဒုတိယပိုင်းမှာမှလူစားဝင်ရောက်ကစားခဲ့ရပါတယ်။

သူဟာဒုတိယပိုင်းမှာဆန်ချိုနှင့်အတူလူစားဝင်ရောက်ကစားပါတယ်။သူဟာလူစားဝင်ရောက်ဖို့ပြင်ဆင်နေချိန်မှာသူ့မျက်နှာပါဝင်တဲ့ခြေသလုံးကာဝတ်ဆင်ကစားခဲ့ပါတယ်။ သူဟာလူစားဝင်ရောက်ဖို့ပြင်ခါနီး နည်းပြအဖွဲ့ဝင်တစ်ဦးရဲ့ပွဲအစီအစဉ်နှင့်ပတ်သက်ပြီးပြောကြားခံစဉ်သူ့မျက်နှာပါခြေသလုံးကိုဝတ်ဆင်ခဲ့တာတွေ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလူစားဝင်ရောက်လာပြီးနောက်ပွဲကိုကြီးမားတဲ့အပြောင်းအလဲဖြစ်အောင်မလုပ်ခဲ့ပါဘူး။

သူဝင်ရောက်လာပြီးနောက်အဲဗာတန်အသင်းဟာအင်ဒရို့စ်တောင်းဆင့်ရဲ့ဂိုးနဲ့ချေပဂိုးရသွားခဲ့ပါတယ်။တောင်းဆင့်ဟာအဲဗာတန်အတွက်ချေပဂိုးသွင်းပြီးနောက်ရော်နယ်ဒိုရဲ့ SiiiUUU အောင်ပွဲခံမှုဖြင့်အောင်ပွဲခံသွားခဲ့ပါတယ်။တောင်းဆင့်ကသူဟာရော်နယ်ဒိုကိုလှောင်ပြောင်တဲ့သဘောဖြင့်ယင်းသို့အောင်ပွဲခံတာမဟုတ်ဘဲဂုဏ်ပြုအောင်ပွဲခံခြင်းမျှသာဖြစ်ကြောင်းဆိုသွားပါတယ်။

ရော်နယ်ဒိုဟာပွဲအပြီးမှာတောင်းဆင့်ကိုသူ့အင်္ကျီကိုအမှတ်တရလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

ZawGyi

သူ႔မ်က္ႏွာပါဝင္တဲ့ ေျခသလုံးကာ ဝတ္ဆင္ကစားခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

မန္ယူဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းမွာအဲဗာတန္ႏွင့္တစ္ဂိုးစီသေရက်ၿပီးေနာက္ ပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚေရးအတြက္ဆက္လက္႐ုန္းကန္လာခဲ့ရျပန္ပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုကေတာ့အဲဗာတန္ႏွင့္ပြဲအၿပီးမွာသူ႔အေၾကာင္းကို လူေတြ မေျပာမျဖစ္ေျပာရေအာင္လုပ္ေဆာင္ျပခဲ့ျပန္ပါၿပီ။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဲဗာတန္ႏွင့္ပြဲစဥ္တြင္မန္ယူပြဲထြက္လူစားမွာမပါဝင္ဘဲဒုတိယပိုင္းမွာမွလူစားဝင္ေရာက္ကစားခဲ့ရပါတယ္။

သူဟာဒုတိယပိုင္းမွာဆန္ခ်ိဳႏွင့္အတူလူစားဝင္ေရာက္ကစားပါတယ္။သူဟာလူစားဝင္ေရာက္ဖို႔ျပင္ဆင္ေနခ်ိန္မွာသူ႔မ်က္ႏွာပါဝင္တဲ့ေျခသလုံးကာဝတ္ဆင္ကစားခဲ့ပါတယ္။ သူဟာလူစားဝင္ေရာက္ဖို႔ျပင္ခါနီး နည္းျပအဖြဲ႕ဝင္တစ္ဦးရဲ႕ပြဲအစီအစဥ္ႏွင့္ပတ္သက္ၿပီးေျပာၾကားခံစဥ္သူ႔မ်က္ႏွာပါေျခသလုံးကိုဝတ္ဆင္ခဲ့တာေတြ႕ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလူစားဝင္ေရာက္လာၿပီးေနာက္ပြဲကိုႀကီးမားတဲ့အေျပာင္းအလဲျဖစ္ေအာင္မလုပ္ခဲ့ပါဘူး။

သူဝင္ေရာက္လာၿပီးေနာက္အဲဗာတန္အသင္းဟာအင္ဒ႐ို႕စ္ေတာင္းဆင့္ရဲ႕ဂိုးနဲ႔ေခ်ပဂိုးရသြားခဲ့ပါတယ္။ေတာင္းဆင့္ဟာအဲဗာတန္အတြက္ေခ်ပဂိုးသြင္းၿပီးေနာက္ေရာ္နယ္ဒိုရဲ႕ SiiiUUU ေအာင္ပြဲခံမႈျဖင့္ေအာင္ပြဲခံသြားခဲ့ပါတယ္။ေတာင္းဆင့္ကသူဟာေရာ္နယ္ဒိုကိုေလွာင္ေျပာင္တဲ့သေဘာျဖင့္ယင္းသို႔ေအာင္ပြဲခံတာမဟုတ္ဘဲဂုဏ္ျပဳေအာင္ပြဲခံျခင္းမွ်သာျဖစ္ေၾကာင္းဆိုသြားပါတယ္။

ေရာ္နယ္ဒိုဟာပြဲအၿပီးမွာေတာင္းဆင့္ကိုသူ႔အက်ႌကိုအမွတ္တရလက္ေဆာင္အျဖစ္ေပးခဲ့ပါတယ္။