
အီတလီဂန္ထဝင်ဖရန်ဆစ္စကိုတော့တီဟာသူ့ရဲ့Rolexes နာရီများကို ဇနီးဟောင်းဖြစ်သူကရယူကာပြန်ပေးရန်ငြင်းဆိုထားမှုကြောင့်သူမရဲ့အိတ်များကိုလည်း ဓားစာခံအဖြစ်ပြန်လည်ရယူထားကြောင်းသိရပါတယ်။
အသက်၄၆နှစ်ရှိရိုးမားဂန္ထဝင်ဟာဇူလိုင်လတုန်းကအီတလီမော်ဒယ်နှင့်ရုပ်သံအစီအစဉ်တင်ဆက်သူအိုင်လာရီဘလာစီနှင့်ကွာရှင်းခဲ့ပါတယ်။
တော့တီဟာ၂၀၁၇ခုနှစ်တုန်းကဘောလုံးကစားသမားဘဝမှအနားယူခဲ့ရမှု၊၂၀၂၀ခုနှစ်တုန်းကဖခင်ဖြစ်သူကိုဗစ်ကြောင့်ကွယ်လွန်သွားမှုတို့ကြောင့်စိတ်ကျရောဂါဝေဒနာခံစားခဲ့ရသူလည်းဖြစ်ပါတယ်။
ယင်းနောက်တော့တီကိုယ်တိုင်မှာလည်းကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ယင်းနောက်မှာတော့တော့တီဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းကဇနီးဖြစ်သူမှာအိုင်လာရီမှာဖောက်ပြန်နေကြောင်းအံ့ဩသင့်ဖွယ်တွေ့ရှိခဲ့ရပါတယ်။
တော့တီရဲ့ဇနီးဖြစ်သူဖောက်ပြနေတဲ့သူမှာလည်း သူ့ရဲ့Personal Trainer အဖြစ်အလုပ်လုပ်ခဲ့ဖူးသူဖြစ်နေပါတယ်။အိုင်လာရီဟာအလုပ်ကိုအကြောင်းအမျိုးမျိုးပြကာမီလန်သို့သွားရောက်ပြီး လင်ငယ်နှင့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်လည်းတော့တီဟာနောက်ဆုံးတွင်၁၇နှစ်ကြာပေါင်းသက်လာခဲ့တဲ့ ချစ်ဇနီးကိုလမ်းခွဲရန်ဆုံးဖြတ်လိုက်ရပါတယ်။
တဖက်တွင်တော့တီဟာ အိုင်လာရီနှင့်လမ်းခွဲလိုက်ပြီဆိုပေမဲ့ အိမ်ပေါ်မှဆင်းသွားစဉ်သူ့ရဲ့တန်ဖိုးကြီး Rolexes နာရီများကို ယူသွားမှုကြောင့်သူမရဲ့တန်ဖိုးကြီးအိတ်များကိုလည်းပြန်မပေးဘဲ ဓားစာခံအဖြစ်ရယူထားပါတယ်။
၎င်းက “ဘာကြောင့်ကျုပ်ဒီလိုရသလဲ?အိတ်တွေကိုဝှက်ထားတယ်။အလဲအလှယ်လုပ်ဖို့မျှော်လင့်နေတယ်”လို့ Corriere della Sera သို့ပြောကြားသွားပါတယ်။
အိုင်လာရီဟာသူမရဲ့အိတ်များပြန်လည်ရရှိရေးအတွက် တရားရုံးတစ်ခုတွင်တော့တီကိုအမှုဖွင့်ထားပါတယ်။ဒါ့အပြင်သူမဟာ Rolex နာရီဆိုင်တစ်ခုရှေ့တွင်ဓာတ်ပုံရိုက်ကူးပြီးဆိုရှယ်မီဒီယာတွင်တင်ကာခင်ပွန်းဟောင်းတော့တီကိုလှောင်ပြောင်ထားပါသေးတယ်။
၎င်းတို့နှစ်ဦးဟာ၂၀၀၂ခုနှစ်တွင်တွေ့ဆုံချစ်ကြိုက်ပြီးနောက်သားသမီးသုံးဦးပိုင်ဆိုင်ခဲ့ကြပါတယ်။
တော့တီဟာအိုင်လာရီနှင့်လမ်းခွဲလိုက်ပြီးနောက်အသက်၃၄နှစ်အရွယ်ရှိ နိုမီဘော့ချီအမည်ရှိချစ်သူသစ်တစ်ဦးရရှိနေပြီဖြစ်ပါတယ်။
ZawGyi
သူ႔ရဲ႕ Rolexes နာရီမ်ားကို ယူသြားမႈေၾကာင့္ ဇနီးေဟာင္း အိတ္မ်ားကို ဓားစာခံအျဖစ္ ရယူထားတဲ့ အီတလီဂႏၴဝင္ေတာ့တီ
အီတလီဂႏၴဝင္ဖရန္ဆစၥကိုေတာ့တီဟာသူ႔ရဲ႕Rolexes နာရီမ်ားကို ဇနီးေဟာင္းျဖစ္သူကရယူကာျပန္ေပးရန္ျငင္းဆိုထားမႈေၾကာင့္သူမရဲ႕အိတ္မ်ားကိုလည္း ဓားစာခံအျဖစ္ျပန္လည္ရယူထားေၾကာင္းသိရပါတယ္။
အသက္၄၆ႏွစ္ရွိ႐ိုးမားဂႏၴဝင္ဟာဇူလိုင္လတုန္းကအီတလီေမာ္ဒယ္ႏွင့္႐ုပ္သံအစီအစဥ္တင္ဆက္သူအိုင္လာရီဘလာစီႏွင့္ကြာရွင္းခဲ့ပါတယ္။
ေတာ့တီဟာ၂၀၁၇ခုႏွစ္တုန္းကေဘာလုံးကစားသမားဘဝမွအနားယူခဲ့ရမႈ၊၂၀၂၀ခုႏွစ္တုန္းကဖခင္ျဖစ္သူကိုဗစ္ေၾကာင့္ကြယ္လြန္သြားမႈတို႔ေၾကာင့္စိတ္က်ေရာဂါေဝဒနာခံစားခဲ့ရသူလည္းျဖစ္ပါတယ္။
ယင္းေနာက္ေတာ့တီကိုယ္တိုင္မွာလည္းကိုဗစ္ကူးစက္ခံခဲ့ရပါတယ္။ယင္းေနာက္မွာေတာ့ေတာ့တီဟာၿပီးခဲ့တဲ့ႏွစ္စက္တင္ဘာလတုန္းကဇနီးျဖစ္သူမွာအိုင္လာရီမွာေဖာက္ျပန္ေနေၾကာင္းအံ့ဩသင့္ဖြယ္ေတြ႕ရွိခဲ့ရပါတယ္။
ေတာ့တီရဲ႕ဇနီးျဖစ္သူေဖာက္ျပေနတဲ့သူမွာလည္း သူ႔ရဲ႕Personal Trainer အျဖစ္အလုပ္လုပ္ခဲ့ဖူးသူျဖစ္ေနပါတယ္။အိုင္လာရီဟာအလုပ္ကိုအေၾကာင္းအမ်ိဳးမ်ိဳးျပကာမီလန္သို႔သြားေရာက္ၿပီး လင္ငယ္ႏွင့္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။
ဒါေၾကာင့္လည္းေတာ့တီဟာေနာက္ဆုံးတြင္၁၇ႏွစ္ၾကာေပါင္းသက္လာခဲ့တဲ့ ခ်စ္ဇနီးကိုလမ္းခြဲရန္ဆုံးျဖတ္လိုက္ရပါတယ္။
တဖက္တြင္ေတာ့တီဟာ အိုင္လာရီႏွင့္လမ္းခြဲလိုက္ၿပီဆိုေပမဲ့ အိမ္ေပၚမွဆင္းသြားစဥ္သူ႔ရဲ႕တန္ဖိုးႀကီး Rolexes နာရီမ်ားကို ယူသြားမႈေၾကာင့္သူမရဲ႕တန္ဖိုးႀကီးအိတ္မ်ားကိုလည္းျပန္မေပးဘဲ ဓားစာခံအျဖစ္ရယူထားပါတယ္။
၎က “ဘာေၾကာင့္က်ဳပ္ဒီလိုရသလဲ?အိတ္ေတြကိုဝွက္ထားတယ္။အလဲအလွယ္လုပ္ဖို႔ေမွ်ာ္လင့္ေနတယ္”လို႔ Corriere della Sera သို႔ေျပာၾကားသြားပါတယ္။
အိုင္လာရီဟာသူမရဲ႕အိတ္မ်ားျပန္လည္ရရွိေရးအတြက္ တရား႐ုံးတစ္ခုတြင္ေတာ့တီကိုအမႈဖြင့္ထားပါတယ္။ဒါ့အျပင္သူမဟာ Rolex နာရီဆိုင္တစ္ခုေရွ႕တြင္ဓာတ္ပုံ႐ိုက္ကူးၿပီးဆိုရွယ္မီဒီယာတြင္တင္ကာခင္ပြန္းေဟာင္းေတာ့တီကိုေလွာင္ေျပာင္ထားပါေသးတယ္။
၎တို႔ႏွစ္ဦးဟာ၂၀၀၂ခုႏွစ္တြင္ေတြ႕ဆုံခ်စ္ႀကိဳက္ၿပီးေနာက္သားသမီးသုံးဦးပိုင္ဆိုင္ခဲ့ၾကပါတယ္။
ေတာ့တီဟာအိုင္လာရီႏွင့္လမ္းခြဲလိုက္ၿပီးေနာက္အသက္၃၄ႏွစ္အ႐ြယ္ရွိ ႏိုမီေဘာ့ခ်ီအမည္ရွိခ်စ္သူသစ္တစ္ဦးရရွိေနၿပီျဖစ္ပါတယ္။