သူ့လုပ်အားရဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့ သောက်ပါးစပ်များကို ပိတ်အောင် လုပ်မယ်လို့ ရော်နယ်ဒိုကြုံးဝါး

ခရစ္စတီယာနိုရော်နယ်ဒိုက၎င်းမှာညဖက်တွင်အိပ်ရေးဝဝအိပ်နေရကြောင်းပြောကြားကာသူ့လုပ်အားနှင့်ပတ်သက်ပြီးဝေဖန်နေတဲ့အသံများကိုပိတ်အောင်လုပ်သွားမယ်လို့ကြုံးဝါးပြောကြားလိုက်ပါတယ်။

အသက်၃၆နှစ်ရှိစူပါစတားကသူ့ရဲ့မန်ချက်စတာယူနိုက်တက်တွင်ရရှိထားတဲ့တာဝန်မှာအနိုင်ရယူရေးနှင့်ဂိုးသွင်းနိုင်ရေးဖြစ်ကြောင်းဆိုသွားပါတယ်။

မန်ယူဟာနောက်ဆုံးပရီးမီးယားလိဂ်သုံးပွဲဆက်နိုင်ပွဲပျောက်နေပြီးရော်နယ်ဒိုမှာတိုက်စစ်မျှားဦးတွင်ကစားကာပြိုင်ဘက်ခံစစ်ကိုဖိအားပေးနိုင်ခြင်းမရှိမှုအတွက်ဝေဖန်မှုများနှင့်ကြုံနေရပါတယ်။

ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကြားရက်တုန်းကအတ္တလန္တာအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပါဝါပြင်းခေါင်းတိုက်ချက်ဖြင့်အနိုင်ဂိုးသွင်းခဲ့သလိုခံစစ်ကိုဆင်းကာကူညီမှုများပြုလုပ်ခဲ့ပါတယ်။

The Athletic ရဲ့စစ်တမ်းအရခရစ္စတီယာနိုရော်နယ်ဒိုမှာမိနစ်၉၀တွင်၂.၇ကြိမ်တည်းသာပြိုင်ဘက်ခံစစ်ကိုဖိအားပေးနိုင်ပြီးပရီးမီးယားလိဂ်တိုက်စစ်မှူးများထဲတွင်ခံစစ်ကိုဖိအားပေးမှုအနည်းဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ဒါပေမယ့်ရော်နယ်ဒိုက “ဘယ်အချိန်မှာအသင်းကကျွန်တော့်ရဲ့ခံစစ်ဆင်းကူတာလိုအပ်သလဲဆိုတာသိပါတယ်။ဒါပေမယ့်ကျွန်တော့်ရဲ့ဒီကလပ်မှာတာဝန်ကအနိုင်ရဖို့နဲ့ဂိုးသွင်းပေးဖို့ဖြစ်ပါတယ်။ခံစစ်ပိုင်းကူညီဖို့ကလည်းတာဝန်ရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ကျွန်တော့်ကိုမကြိုက်တဲ့လူတွေကကျွန်တော့်ကိုဒီလိုလုပ်နေတာမကြိုက်ပါဘူး။ဒါပေမယ့်ကျွန်တော့်အသက်က၃၆နှစ်ပါ။ဆုအားလုံးရဖူးပါတယ်။ဒီတော့လူတွေပြောနေတာနဲ့ပတ်သက်ပြီးစိုးရိမ်နေမယ်လို့ထင်လား။ကျွန်တော့်ညဖက်ကောင်းကောင်းအိပ်ပါတယ်။ကောင်းကောင်းအိပ်ပျော်ပါတယ်။ပါးစပ်တွေကိုပိတ်ပြီးအနိုင်ရအောင်လုပ်သွားပါဦးမယ်။ဝေဖန်မှုကဒီလောကရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဂရုမစိုက်ပါဘူး။ကိုယ့်အတွက်အပြုသဘောဆောင်တဲ့အရာလို့ဘဲသတ်မှတ်ပါတယ်။ကျွန်တော့်ရဲ့အလားအလာနဲ့ဘောလုံးတန်ဖိုးကိုသိနေသေးတာကြောင့်ဒီလိုပြောကြတာလို့ဘဲယူဆရပါတယ်”လို့ပြောကြားသွားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်မန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာခြောက်ဂိုးသွင်းယူနိုင်ထားပါတယ်။သူဟာပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်တို့တွင်သုံးဂိုးစီအသီးသီးသွင်းယူထားပါတယ်။

ZawGyi

သူ႔လုပ္အားရဲ႕ပတ္သက္ၿပီး ေဝဖန္ေနတဲ့ ေသာက္ပါးစပ္မ်ားကို ပိတ္ေအာင္ လုပ္မယ္လို႔ ေရာ္နယ္ဒိုႀကဳံးဝါး

ခရစၥတီယာႏိုေရာ္နယ္ဒိုက၎မွာညဖက္တြင္အိပ္ေရးဝဝအိပ္ေနရေၾကာင္းေျပာၾကားကာသူ႔လုပ္အားႏွင့္ပတ္သက္ၿပီးေဝဖန္ေနတဲ့အသံမ်ားကိုပိတ္ေအာင္လုပ္သြားမယ္လို႔ႀကဳံးဝါးေျပာၾကားလိုက္ပါတယ္။

အသက္၃၆ႏွစ္ရွိစူပါစတားကသူ႔ရဲ႕မန္ခ်က္စတာယူႏိုက္တက္တြင္ရရွိထားတဲ့တာဝန္မွာအႏိုင္ရယူေရးႏွင့္ဂိုးသြင္းႏိုင္ေရးျဖစ္ေၾကာင္းဆိုသြားပါတယ္။

မန္ယူဟာေနာက္ဆုံးပရီးမီးယားလိဂ္သုံးပြဲဆက္ႏိုင္ပြဲေပ်ာက္ေနၿပီးေရာ္နယ္ဒိုမွာတိုက္စစ္မွ်ားဦးတြင္ကစားကာၿပိဳင္ဘက္ခံစစ္ကိုဖိအားေပးႏိုင္ျခင္းမရွိမႈအတြက္ေဝဖန္မႈမ်ားႏွင့္ႀကဳံေနရပါတယ္။

ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကားရက္တုန္းကအတၱလႏၲာအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပါဝါျပင္းေခါင္းတိုက္ခ်က္ျဖင့္အႏိုင္ဂိုးသြင္းခဲ့သလိုခံစစ္ကိုဆင္းကာကူညီမႈမ်ားျပဳလုပ္ခဲ့ပါတယ္။

The Athletic ရဲ႕စစ္တမ္းအရခရစၥတီယာႏိုေရာ္နယ္ဒိုမွာမိနစ္၉၀တြင္၂.၇ႀကိမ္တည္းသာၿပိဳင္ဘက္ခံစစ္ကိုဖိအားေပးႏိုင္ၿပီးပရီးမီးယားလိဂ္တိုက္စစ္မႉးမ်ားထဲတြင္ခံစစ္ကိုဖိအားေပးမႈအနည္းဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

ဒါေပမယ့္ေရာ္နယ္ဒိုက “ဘယ္အခ်ိန္မွာအသင္းကကြၽန္ေတာ့္ရဲ႕ခံစစ္ဆင္းကူတာလိုအပ္သလဲဆိုတာသိပါတယ္။ဒါေပမယ့္ကြၽန္ေတာ့္ရဲ႕ဒီကလပ္မွာတာဝန္ကအႏိုင္ရဖို႔နဲ႔ဂိုးသြင္းေပးဖို႔ျဖစ္ပါတယ္။ခံစစ္ပိုင္းကူညီဖို႔ကလည္းတာဝန္ရဲ႕အစိတ္အပိုင္းတစ္ရပ္ျဖစ္ပါတယ္။ကြၽန္ေတာ့္ကိုမႀကိဳက္တဲ့လူေတြကကြၽန္ေတာ့္ကိုဒီလိုလုပ္ေနတာမႀကိဳက္ပါဘူး။ဒါေပမယ့္ကြၽန္ေတာ့္အသက္က၃၆ႏွစ္ပါ။ဆုအားလုံးရဖူးပါတယ္။ဒီေတာ့လူေတြေျပာေနတာနဲ႔ပတ္သက္ၿပီးစိုးရိမ္ေနမယ္လို႔ထင္လား။ကြၽန္ေတာ့္ညဖက္ေကာင္းေကာင္းအိပ္ပါတယ္။ေကာင္းေကာင္းအိပ္ေပ်ာ္ပါတယ္။ပါးစပ္ေတြကိုပိတ္ၿပီးအႏိုင္ရေအာင္လုပ္သြားပါဦးမယ္။ေဝဖန္မႈကဒီေလာကရဲ႕အစိတ္အပိုင္းတစ္ရပ္ျဖစ္ပါတယ္။ဒါနဲ႔ပတ္သက္ၿပီးဂ႐ုမစိုက္ပါဘူး။ကိုယ့္အတြက္အျပဳသေဘာေဆာင္တဲ့အရာလို႔ဘဲသတ္မွတ္ပါတယ္။ကြၽန္ေတာ့္ရဲ႕အလားအလာနဲ႔ေဘာလုံးတန္ဖိုးကိုသိေနေသးတာေၾကာင့္ဒီလိုေျပာၾကတာလို႔ဘဲယူဆရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္မန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာေျခာက္ဂိုးသြင္းယူႏိုင္ထားပါတယ္။သူဟာပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္တို႔တြင္သုံးဂိုးစီအသီးသီးသြင္းယူထားပါတယ္။