သူ့အသံကို စပါးစ်လေ့ကျင့်ရေးကွင်းတစ်ခုလုံးကြားရအောင် မီဂါဖုန်း တပ်ဆင်သွားမယ့် အန်တိုနီယိုကွန်တီ

အန်တိုနီယိုကွန်တီဟာစပါးစ်လေ့ကျင့်ရေးကွင်းတွင်သူ့အသံကိုစပါးစ်ကစားသမားအားလုံးကြားရစေရန်အတွက်မီဂါဖုန်းတပ်ဆင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ကွန်တီဟာပြီးခဲ့တဲ့အပတ်တုန်းကစပါးစ်နည်းပြရာထူးကိုရယူခဲ့သူဖြစ်ပြီးပထမဆုံးပွဲအဖြစ်ဗီတက်စ်ဆီနှင့်ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်တွင်နိုင်ပွဲရယူခဲ့ပါတယ်။သူဟာစပါးစ်အတွက်ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ်ယနေ့ညတွင်အဲဗာတန်နှင့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကိုကိုင်တွယ်သွားပါမယ်။

ကွန်တီဟာ၂၀၀၆-၀၇ရာသီတုန်းကစီးရီးဘီကလပ်အေရီဇိုကိုကိုင်တွယ်တုန်းက၉ပွဲကိုင်တွယ်ပြီးချိန်တွင်ပင်ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရဖူးပါတယ်။ဒါပေမယ့်သူဟာယင်းရာသီတွင်ပင်အေရီဇိုနည်းပြအဖြစ်ပြန်လည်ခန့်အပ်ခြင်းခံခဲ့ရပြီးတစ်ကျော့ပြန်ရောက်ချိန်တွင်သူ့အသံကိုလေ့ကျင့်ရေးကွင်းတွင်အားလုံးကြားရစေရန်အတွက်မီဂါဖုန်းတပ်ဆင်ခဲ့ဖူးပါတယ်။

ကွန်တီဟာကစားသမားများရဲ့စိတ်ဓာတ်မြှင့်တင်မှုအပိုင်းကိုလည်းနည်းလမ်းသစ်တို့အသုံးပြုကာမြှင့်တင်လေ့ရှိသူလည်းဖြစ်ပါတယ်။သူဟာအေရီဇိုကိုကိုင်တွယ်တုန်းကပွဲတစ်ပွဲမတိုင်မီကစားသမားများစိတ်ဓာတ်မြှင့်တင်လာစေရန်အတွက် 300 ရုပ်ရှင်ဇာတ်ကားကိုကြည့်ရှုစေပြီးစိတ်ဓာတ်မြှင့်တင်မှုလုပ်ဖူးပါတယ်။

ZawGyi

သူ႔အသံကို စပါးစ္ေလ့က်င့္ေရးကြင္းတစ္ခုလုံးၾကားရေအာင္ မီဂါဖုန္း တပ္ဆင္သြားမယ့္ အန္တိုနီယိုကြန္တီ

အန္တိုနီယိုကြန္တီဟာစပါးစ္ေလ့က်င့္ေရးကြင္းတြင္သူ႔အသံကိုစပါးစ္ကစားသမားအားလုံးၾကားရေစရန္အတြက္မီဂါဖုန္းတပ္ဆင္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ကြန္တီဟာၿပီးခဲ့တဲ့အပတ္တုန္းကစပါးစ္နည္းျပရာထူးကိုရယူခဲ့သူျဖစ္ၿပီးပထမဆုံးပြဲအျဖစ္ဗီတက္စ္ဆီႏွင့္ယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲစဥ္တြင္ႏိုင္ပြဲရယူခဲ့ပါတယ္။သူဟာစပါးစ္အတြက္ပထမဆုံးပရီးမီးယားလိဂ္ပြဲအျဖစ္ယေန႔ညတြင္အဲဗာတန္ႏွင့္ပရီးမီးယားလိဂ္အေဝးကြင္းပြဲစဥ္ကိုကိုင္တြယ္သြားပါမယ္။

ကြန္တီဟာ၂၀၀၆-၀၇ရာသီတုန္းကစီးရီးဘီကလပ္ေအရီဇိုကိုကိုင္တြယ္တုန္းက၉ပြဲကိုင္တြယ္ၿပီးခ်ိန္တြင္ပင္ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရဖူးပါတယ္။ဒါေပမယ့္သူဟာယင္းရာသီတြင္ပင္ေအရီဇိုနည္းျပအျဖစ္ျပန္လည္ခန႔္အပ္ျခင္းခံခဲ့ရၿပီးတစ္ေက်ာ့ျပန္ေရာက္ခ်ိန္တြင္သူ႔အသံကိုေလ့က်င့္ေရးကြင္းတြင္အားလုံးၾကားရေစရန္အတြက္မီဂါဖုန္းတပ္ဆင္ခဲ့ဖူးပါတယ္။

ကြန္တီဟာကစားသမားမ်ားရဲ႕စိတ္ဓာတ္ျမႇင့္တင္မႈအပိုင္းကိုလည္းနည္းလမ္းသစ္တို႔အသုံးျပဳကာျမႇင့္တင္ေလ့ရွိသူလည္းျဖစ္ပါတယ္။သူဟာေအရီဇိုကိုကိုင္တြယ္တုန္းကပြဲတစ္ပြဲမတိုင္မီကစားသမားမ်ားစိတ္ဓာတ္ျမႇင့္တင္လာေစရန္အတြက္ 300 ႐ုပ္ရွင္ဇာတ္ကားကိုၾကည့္ရႈေစၿပီးစိတ္ဓာတ္ျမႇင့္တင္မႈလုပ္ဖူးပါတယ္။