သူ မှားယွင်းနေကြောင်း သက်သေပြကြရန် အလီနှင့်ဝင့်တို့ကို စပါးစ်နည်းပြစိန်ခေါ်

နူနိုအက်စ်ပီရီတိုဆန်တိုကစပါးစ်တွင်နေရာပျောက်နေတဲ့ဒီလီအလီနှင့်ဟယ်ရီဝင့်တို့အား စိတ်ကောက်နေမှုရပ်ဆိုင်းကာမိမိမှားယွင်းနေကြောင်းသက်သေပြရန်ပြောကြားလိုက်ပါတယ်။

စပါးစ်နည်းပြနူနိုဟာဗုဒ္ဓဟူးနေ့တုန်းကဘန်လေကိုအနိုင်ရရှိတဲ့ခါရာဘောင်းဖလားပွဲစဉ်တွင်အလီနှင့်ဟယ်ရီဝင့်တို့ကိုအရန်စာရင်းတွင်ပင်မထည့်သွင်းဘဲအိမ်တွင်ချန်ထားရစ်ခဲ့ပါတယ်။

ဟယ်ရီဝင့်ဟာနူနိုရဲ့နည်းစနစ်ပိုင်းနှင့်ကစားသမားများအပေါ်ဆက်ဆံမှုတို့အပေါ်လူသိရှင်ကြားဝေဖန်မှုကြောင့်တနင်္ဂနွေနေ့တုန်းကဝက်စ်ဟမ်းအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်အရန်စာရင်းမှာပင်မပါဝင်ခဲ့ပါဘူး။

ဒီလီအလီနှင့်ဟယ်ရီဝင့်တို့ဟာယနေ့ညတွင်မန်ချက်စတာယူနိုက်တက်အားဧည့်ခံကစားရမယ့်ပရီးမီးယားလိဂ်ပွဲတွင်လည်းပါဝင်လာကြဖို့မရှိပါဘူး။

နူနိုက “ကစားသမားအားလုံးတူညီတဲ့ပေးဆပ်မှုရှိစေချင်ပါတယ်။ဒါပေမယ့် ကစားသမားတိုင်းမှာကိုယ်ပိုင်မျှော်လင့်ချက်ဆိုတာရှိတော့ဒါကိုပြောလိုက်ရင်အခြေအမြစ်မရှိတာပြောတာနဲ့အတူတူပါပဲ။တော်တော်များများဟာဒီအပတ်မှာအလုပ်ကြိုးစားကြပါတယ်။ပြီးရင်ရက်သတ္တပတ်ကုန်တဲ့အခါနည်းပြကကစားသမားရွေးပါတယ်။ပေးဆပ်မှုမရှိလို့မရွေးတာမဟုတ်ပါဘူး။ဒါပေမယ့်အရွေးမခံရလို့အံ့ဩရတယ်။စိတ်ပျက်ရတယ်။ဒါကလေးစားတမုရှိမှုပါ။ကစားသမားတွေရဲ့ပေးဆပ်မှုနဲ့မဆိုင်ပါဘူး။ကစားသမားတွေအနေနဲ့ရက်သတ္တပတ်အစကနေအရမ်းကြိုးစားပြီးနည်းပြရဲ့စိတ်ကူးစိတ်သန်းတွေ ပြောင်းအောင်ကြိုးစားရပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

သူ မွားယြင္းေနေၾကာင္း သက္ေသျပၾကရန္ အလီႏွင့္ဝင့္တို႔ကို စပါးစ္နည္းျပစိန္ေခၚ

ႏူႏိုအက္စ္ပီရီတိုဆန္တိုကစပါးစ္တြင္ေနရာေပ်ာက္ေနတဲ့ဒီလီအလီႏွင့္ဟယ္ရီဝင့္တို႔အား စိတ္ေကာက္ေနမႈရပ္ဆိုင္းကာမိမိမွားယြင္းေနေၾကာင္းသက္ေသျပရန္ေျပာၾကားလိုက္ပါတယ္။

စပါးစ္နည္းျပႏူႏိုဟာဗုဒၶဟူးေန႔တုန္းကဘန္ေလကိုအႏိုင္ရရွိတဲ့ခါရာေဘာင္းဖလားပြဲစဥ္တြင္အလီႏွင့္ဟယ္ရီဝင့္တို႔ကိုအရန္စာရင္းတြင္ပင္မထည့္သြင္းဘဲအိမ္တြင္ခ်န္ထားရစ္ခဲ့ပါတယ္။

ဟယ္ရီဝင့္ဟာႏူႏိုရဲ႕နည္းစနစ္ပိုင္းႏွင့္ကစားသမားမ်ားအေပၚဆက္ဆံမႈတို႔အေပၚလူသိရွင္ၾကားေဝဖန္မႈေၾကာင့္တနဂၤေႏြေန႔တုန္းကဝက္စ္ဟမ္းအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္အရန္စာရင္းမွာပင္မပါဝင္ခဲ့ပါဘူး။

ဒီလီအလီႏွင့္ဟယ္ရီဝင့္တို႔ဟာယေန႔ညတြင္မန္ခ်က္စတာယူႏိုက္တက္အားဧည့္ခံကစားရမယ့္ပရီးမီးယားလိဂ္ပြဲတြင္လည္းပါဝင္လာၾကဖို႔မရွိပါဘူး။

ႏူႏိုက “ကစားသမားအားလုံးတူညီတဲ့ေပးဆပ္မႈရွိေစခ်င္ပါတယ္။ဒါေပမယ့္ ကစားသမားတိုင္းမွာကိုယ္ပိုင္ေမွ်ာ္လင့္ခ်က္ဆိုတာရွိေတာ့ဒါကိုေျပာလိုက္ရင္အေျခအျမစ္မရွိတာေျပာတာနဲ႔အတူတူပါပဲ။ေတာ္ေတာ္မ်ားမ်ားဟာဒီအပတ္မွာအလုပ္ႀကိဳးစားၾကပါတယ္။ၿပီးရင္ရက္သတၱပတ္ကုန္တဲ့အခါနည္းျပကကစားသမားေ႐ြးပါတယ္။ေပးဆပ္မႈမရွိလို႔မေ႐ြးတာမဟုတ္ပါဘူး။ဒါေပမယ့္အေ႐ြးမခံရလို႔အံ့ဩရတယ္။စိတ္ပ်က္ရတယ္။ဒါကေလးစားတမုရွိမႈပါ။ကစားသမားေတြရဲ႕ေပးဆပ္မႈနဲ႔မဆိုင္ပါဘူး။ကစားသမားေတြအေနနဲ႔ရက္သတၱပတ္အစကေနအရမ္းႀကိဳးစားၿပီးနည္းျပရဲ႕စိတ္ကူးစိတ္သန္းေတြ ေျပာင္းေအာင္ႀကိဳးစားရပါမယ္”လို႔ေျပာၾကားသြားပါတယ္။