သေချာပေါက်ဂိုး အခွင့်အရေးကို အံ့ဩသင့်ဖွယ် ထပ်မံဖြုန်းတီးပစ်ခဲ့ပြန်တဲ့ တီမိုဝါနာ

တီမိုဝါနာဟာဗုဒ္ဓဟူးနေ့ညတုန်းကအိုက်စလန်ကိုဂျာမနီက၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာအလွန်အံ့ဩစရာကောင်းတဲ့ဖြုန်းတီးမှုတစ်ခုထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။

ဟန်စီဖလစ်ဦးဆောင်တဲ့ဂျာမနီဟာကမ္ဘာ့ဖလားခြေစစ်ပွဲမှာပြိုင်ဘက်အိုက်စလန်ကိုသက်တောင့်သက်သာဖြင့်ကစားပြီးလေးဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

ဒါပေမယ့်တီမိုဝါနာကသူ့အပေါ်အများရဲ့ယုံကြည်လျှော့ကျအောင်ထပ်မံလုပ်ဆောင်ခဲ့ပြန်ပါတယ်။ဒုတိယပိုင်းမှာတီမိုဝါနာဟာအပိုင်အခွင့်အရေးကိုဖြုန်းတီးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးစတားဟာခုနှစ်ကိုက်ခန့်အကွာကနေအကာအကွယ်မဲ့နေတဲ့ဂိုးပေါက်ထဲသို့အပိုင်ကန်ခွင့်ရခဲ့ပေမယ့်ညာခြေဖြင့်ထိချက်မမှန်ဖြစ်ပြီးအပေါ်ထောင်သွားခဲ့ပါတယ်။

ဒါပေမယ့်လိုက်ဇစ်စတားဟောင်းဟာသူ့ရဲ့ဖြုန်းတီးပစ်မှုအားဂျာမနီအတွက်စတုတ္ထဂိုးကိုသွင်းယူကာပြန်လည်အဖတ်ဆည်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာလူကာကူရောက်လာမှုကြောင့်ဖိအားများနှင့်ကြုံနေရတဲ့တီမိုဝါနာဟာဂျာမနီရဲ့ယခုကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များတွင်၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi






