သေပြီဆိုပြီး လိမ်ကာ အာမခံကြေး ပေါင် ၁ သန်းလိမ်ယူသွားတဲ့ ရှော်လ်ကေးစတား မော်စကိုနဲ့ညား

ရှော်လ်ကေးကစားသမားဟောင်းဟီယာနစ်ကမ်ဘာဟာကိုယ့်ကိုယ်ကိုသေပြီဆိုပြီးလိမ်ကာအသက်အာမခံကြေးပေါင်၁သန်းလိမ်လည်ရယူခဲ့မှုအတွက်ထောင်ချခြင်းခံလိုက်ရပါတယ်။

အသက်၃၅နှစ်ရှိကမ်ဘာနှင့်အသက်၄၁နှစ်ရှိဇနီးသည်ခရစ္စတီယာနာဗွန်ဂျီတို့ဟာလိမ်လည်ငွေကြေးရယူမှုအတွက်ထောင်ဒဏ်၃နှစ်နှင့်၁၀လချမှတ်ခြင်းခံခဲ့ရပါတယ်။

ကမ်ဘာဟာ၂၀၁၆ခုနှစ်တုန်းကမွေးရပ်မြေကွန်ဂိုသို့သွားရောက်လည်ပတ်စဉ်ယာဉ်မတော်တဆဖြစ်ကာသေဆုံးပြီဆိုပြီးသတင်းလွှင့်ခဲ့ပါတယ်။

ပြီးနောက်ဇနီးသည်ကသူသေဆုံးပြီဆိုကြောင်းကိုကွန်ဂိုတွင်အထောက်အထားစာရွက်စာတမ်းများရယူကာသူ့ရဲ့အသက်အာမခံကြေး ပေါင်၁သန်းကျော်ရယူခဲ့ပါတယ်။၎င်းတို့ဇနီးမောင်နှံဟာအာမခံပေါ်လစီကိုအသုံးချပြီးပေါင်၃.၃၇သန်းအထိရယူရန်ကြိုးပမ်းခဲ့ပေမယ့်ကုမ္ပဏီကပယ်ချခဲ့လို့မအောင်မြင်ခဲ့ပါဘူး။

ဒါ့အပြင်ကမ်ဘာဟာခင်ပွန်းသည်ဘောလုံးလောကမှအနားယူပြီးနောက် အလုပ်လုပ်နေတဲ့အီဗိုနစ်အမည်ရှိကုမ္ပဏီထံမှလည်းနစ်နာကြေးပေါင်၈၄၂၀၀၀ရယူခဲ့ပါတယ်။

ရှော်လ်ကေးလူငယ်အသင်းတွင်မန်နူရယ်နူအာနှင့်အတူကစားခဲ့တဲ့ကမ်ဘာဟာ၂၀၁၈ခုနှစ်မှာတော့သူ့ကိုသူ့အမေနဲ့ဇနီးသည်တို့ကဖမ်းဆီးပြီးတောထဲတွင်ထားခဲ့ကာသူ့အာမခံကြေးကိုလိမ်ထုတ်ရန်ကြိုးစားတယ်ဆိုပြီး ကင်ရှာဆာရှိဂျာမန်သံရုံးသို့တိုင်လာပါတယ်။

သူဟာ၂၀၁၉ခုနှစ်မှာဂျာမနီသို့ပြန်ရောက်လာပြီးအီဗိုနစ်ခ်တွင်ပင်ဓာတုဗေဒနည်းပညာရှင်အဖြစ်ပြန်လည်အလုပ်လုပ်ပါတယ်။အီဗိုနစ်ခ်ဟာသူသေဆုံးတယ်ဆိုပြီးနစ်နာကြေးပေးပြီးမှဘာကြောင့်အလုပ်ပြန်လုပ်ခွင့်ပေးတယ်ဆိုတာမသိရသေးပါဘူး။

ယခုအခါမှာတော့ကမ်ဘာနှင့်ဇနီးသည်တို့ဟာအသက်အာမခံကြေးလိမ်ထုတ်တယ်ဆိုပြီးထောင်ချအရေးယူခြင်းခံလိုက်ရပြီဖြစ်ပါတယ်။ဒါပေမယ့်၎င်းတို့အနေနဲ့အယူခံဝင်ခွင့်တော့ရှိနေပါသေးတယ်။

ZawGyi








