သောကြာနေ့ အမေရိကန်တွင် ပါဝင်ရန် အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းလွဲဖွယ်ရှိနေ

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာညာဖက်ခြေကျင်းဝတ်ဒဏ်ရာကြောင့်သောကြာနေ့အမေရိကန်နှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်ကိုလွဲချော်လာဖို့ရှိနေပါတယ်။

အသက်၂၉နှစ်ရှိစပါးစ်တိုက်စစ်မှူးဟာတနင်္လာနေ့တုန်းကအီရန်ကို၆-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်ရဲ့အစောပိုင်းတွင်ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာခြေကျင်းဝတ်ဒဏ်ရာနာကျင်နေပေမဲ့လည်းအပေါ့စားလေ့ကျင့်ခန်းပြုလုပ်နိုင်တုန်းဖြစ်ရာဒဏ်ရာမပြင်းထန်ဘူးလို့ယူဆရပါတယ်။

ဒါပေမဲ့သူဟာခြေကျင်းဝတ်အခြေအနေကိုဆေးစစ်ဆေးမှုပြုလုပ်ထားပြီး ရလဒ်အပေါ်မူတည်ပြီးအမေရိကန်နှင့်ပွဲတွင်ပါဝင်နိုင်/မနိုင်သိလာရပါမယ်။

ဟယ်ရီကိန်းဟာအင်္ဂလန်အတွက်၇၆ပွဲကစားကာ၅၁ဂိုးသွင်းယူထားပြီးဝိန်းရွန်းနီရဲ့အင်္ဂလန်အတွက်ဂိုးအများဆုံးသွင်းယူထားတဲ့၅၄ဂိုးစံချိန်ကိုလိုက်မီရန်၃ဂိုးသာလိုပါတော့တယ်။

ZawGyi





