သောမတ်စ်တူချယ်ရဲ့နည်းဗျူဟာကို အင်္ဂလန်နည်းပြဟောင်းကာပယ်လို အံ့ဩမင်သက်

ဖေဘီယိုကာပယ်လိုကချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ဟာဂျူဗင်တပ်ကိုဘောလုံးသင်ခန်းစာပေးခဲ့ကြောင်းပြောကြားလာပါတယ်။

အသက်၇၅နှစ်ရှိအင်္ဂလန်နည်းပြဟောင်းဟာအင်္ဂါနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချဲလ်ဆီးနှင့်ဂျူဗင်တပ်တို့ကစားတဲ့ပွဲတွင် Sky Sport Italian ရဲ့ဝေဖန်သုံးသပ်သူအဖြစ်တာဝန်ယူခဲ့ပါတယ်။

ဒါပေမယ့်ဂျူဗင်တပ်ကစားသမားဟောင်းနှင့်နည်းပြဟောင်းဟာသူ့အသင်းဟောင်းကိုချဲလ်ဆီးကိုဖြိုခွဲဖျက်ဆီးခဲ့မှုကိုစိတ်မကောင်းကြည့်ခဲ့ရပါတယ်။

ချဲလ်ဆီးဟာစတမ်းဖို့ဒ်မှာဂျူဗင်တပ်ကိုသက်တောင့်သက်သာဖြင့်ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားကာ၄-၀ဂိုးဖြင့်အနိုင်ယူခဲ့ပါတယ်။

ကာပယ်လိုက “ဒါကချဲလ်ဆီးကတကယ့်ကိုစစ်မှန်တဲ့ဘောလုံးသင်ခန်းစာပါ။လီဗာပူးကိုဥပမာယူကြရပါမယ်။သူတို့ကအဝင်အထွက်ကြမ်းကြမ်းနဲ့ထောင့်မှန်ကျကျကစားတယ်။ဒီညမှာချဲလ်ဆီးရဲ့ဖိကစားမှု၊ပြေးလွှားမှု၊နောက်ကိုဘယ်တော့မှဘောလုံးပြန်မပေးမှုကိုမြင်ခဲ့ရတယ်။နောက်တန်းကတိုက်စစ်ကိုဘယ်တော့မှမစပါဘူး။ရှေ့သို့ပဲသွားနေကြတယ်။ဂိုးသမားကိုပြန်မပေးဘူး။ဒီလိုရမ်သမ်မျိုးကိုအီတလီဘောလုံးလောကမှမသုံးပါဘူး။ကျွန်တော်တို့လိဂ်နဲ့နှိုင်းယှဉ်ရင်မြန်နှုန်းနဲ့အရည်အသွေးကကြီးမားတဲ့ကွာဟမှုဖြစ်နေပါပြီ။နောက်ထပ်ဖိအားတစ်ခုလည်းရှိပါတယ်။ဖျက်ထုတ်မှုရှိတယ်။ခပ်ကြမ်းကြမ်းဝင်တယ်။ဒိုင်ကလည်းဝီစီမမှုတ်ဘူး။ဒီမှာ(စီးရီးအေ)ဆိုရင်တော့ဒိုင်ကဝီစီမှုတ်ပါလိမ့်မယ်။အီတလီမှာဂိုးသမားနဲ့အလွန်အကျွံကစားတယ်။ဂျာမန်လူမျိုးနည်းပြနှစ်ဦးရှိတယ်။သူတို့ဆီကသင်ယူရပါမယ်။ကိုယ့်ကိုကိုယ်ပိုကောင်းအောင် Update လုပ်ရမယ်”လို့ပြောကြားသွားပါတယ်။

အီတလီလူမျိုးနည်းပြကာပယ်လိုဟာအေစိီမီလန်နှင့်အတူ၁၉၉၃-၉၄ရာသီတုန်းကချန်ပီယံလိဂ်ဖလားရခဲ့တဲ့အပြင်ရီးရဲလ်မက်ဒရစ်၊ရိုးမား၊ဂျူဗင်တပ်တို့ကိုလည်းကိုင်တွယ်ခဲ့ကာ၂၀၀၇ခုနှစ်မှ၂၀၁၂ခုနှစ်အထိအင်္ဂလန်အသင်းကိုကိုင်တွယ်ခဲ့ပါတယ်။

သူဟာရုရှားအသင်းကိုသုံးနှစ်ကိုင်တွယ်ခဲ့သလိုတရုတ်တွင်လည်းကိုးလကျင်လည်ခဲ့ပြီး၂၀၁၈ခုနှစ်၊မတ်လတွင်နည်းပြဘဝမှအနားယူခဲ့ပါတယ်။

ZawGyi

ေသာမတ္စ္တူခ်ယ္ရဲ႕နည္းဗ်ဴဟာကို အဂၤလန္နည္းျပေဟာင္းကာပယ္လို အံ့ဩမင္သက္

ေဖဘီယိုကာပယ္လိုကခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ဟာဂ်ဴဗင္တပ္ကိုေဘာလုံးသင္ခန္းစာေပးခဲ့ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၇၅ႏွစ္ရွိအဂၤလန္နည္းျပေဟာင္းဟာအဂၤါေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်ဲလ္ဆီးႏွင့္ဂ်ဴဗင္တပ္တို႔ကစားတဲ့ပြဲတြင္ Sky Sport Italian ရဲ႕ေဝဖန္သုံးသပ္သူအျဖစ္တာဝန္ယူခဲ့ပါတယ္။

ဒါေပမယ့္ဂ်ဴဗင္တပ္ကစားသမားေဟာင္းႏွင့္နည္းျပေဟာင္းဟာသူ႔အသင္းေဟာင္းကိုခ်ဲလ္ဆီးကိုၿဖိဳခြဲဖ်က္ဆီးခဲ့မႈကိုစိတ္မေကာင္းၾကည့္ခဲ့ရပါတယ္။

ခ်ဲလ္ဆီးဟာစတမ္းဖို႔ဒ္မွာဂ်ဴဗင္တပ္ကိုသက္ေတာင့္သက္သာျဖင့္ေဘာလုံးပိုင္ဆိုင္မႈအသာစီးရယူကစားကာ၄-၀ဂိုးျဖင့္အႏိုင္ယူခဲ့ပါတယ္။

ကာပယ္လိုက “ဒါကခ်ဲလ္ဆီးကတကယ့္ကိုစစ္မွန္တဲ့ေဘာလုံးသင္ခန္းစာပါ။လီဗာပူးကိုဥပမာယူၾကရပါမယ္။သူတို႔ကအဝင္အထြက္ၾကမ္းၾကမ္းနဲ႔ေထာင့္မွန္က်က်ကစားတယ္။ဒီညမွာခ်ဲလ္ဆီးရဲ႕ဖိကစားမႈ၊ေျပးလႊားမႈ၊ေနာက္ကိုဘယ္ေတာ့မွေဘာလုံးျပန္မေပးမႈကိုျမင္ခဲ့ရတယ္။ေနာက္တန္းကတိုက္စစ္ကိုဘယ္ေတာ့မွမစပါဘူး။ေရွ႕သို႔ပဲသြားေနၾကတယ္။ဂိုးသမားကိုျပန္မေပးဘူး။ဒီလိုရမ္သမ္မ်ိဳးကိုအီတလီေဘာလုံးေလာကမွမသုံးပါဘူး။ကြၽန္ေတာ္တို႔လိဂ္နဲ႔ႏႈိင္းယွဥ္ရင္ျမန္ႏႈန္းနဲ႔အရည္အေသြးကႀကီးမားတဲ့ကြာဟမႈျဖစ္ေနပါၿပီ။ေနာက္ထပ္ဖိအားတစ္ခုလည္းရွိပါတယ္။ဖ်က္ထုတ္မႈရွိတယ္။ခပ္ၾကမ္းၾကမ္းဝင္တယ္။ဒိုင္ကလည္းဝီစီမမႈတ္ဘူး။ဒီမွာ(စီးရီးေအ)ဆိုရင္ေတာ့ဒိုင္ကဝီစီမႈတ္ပါလိမ့္မယ္။အီတလီမွာဂိုးသမားနဲ႔အလြန္အကြၽံကစားတယ္။ဂ်ာမန္လူမ်ိဳးနည္းျပႏွစ္ဦးရွိတယ္။သူတို႔ဆီကသင္ယူရပါမယ္။ကိုယ့္ကိုကိုယ္ပိုေကာင္းေအာင္ Update လုပ္ရမယ္”လို႔ေျပာၾကားသြားပါတယ္။

အီတလီလူမ်ိဳးနည္းျပကာပယ္လိုဟာေအစိီမီလန္ႏွင့္အတူ၁၉၉၃-၉၄ရာသီတုန္းကခ်န္ပီယံလိဂ္ဖလားရခဲ့တဲ့အျပင္ရီးရဲလ္မက္ဒရစ္၊႐ိုးမား၊ဂ်ဴဗင္တပ္တို႔ကိုလည္းကိုင္တြယ္ခဲ့ကာ၂၀၀၇ခုႏွစ္မွ၂၀၁၂ခုႏွစ္အထိအဂၤလန္အသင္းကိုကိုင္တြယ္ခဲ့ပါတယ္။

သူဟာ႐ုရွားအသင္းကိုသုံးႏွစ္ကိုင္တြယ္ခဲ့သလိုတ႐ုတ္တြင္လည္းကိုးလက်င္လည္ခဲ့ၿပီး၂၀၁၈ခုႏွစ္၊မတ္လတြင္နည္းျပဘဝမွအနားယူခဲ့ပါတယ္။