သောမတ်စ်တူချယ်ရဲ့နံပါတ်တစ်ပစ်မှတ်ကို ငွေများစွာသုံးပြီး ခေါ်ယူပေးသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာသောမတ်စ်တူချယ်ရဲ့နံပါတ်တစ်အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ဂျူဗင်တပ်စတားဖီဒီရီကိုချီယေဆာကိုပြောင်းရွှေ့ကြေးပေါင်၈၄သန်းအသုံးပြုကာခေါ်ယူပေးသွားရန်စီစဉ်နေကြောင်းသိရပါတယ်။

အီတလီလက်ရွေးစင်စတားဟာအသင်းဟောင်းဖီအိုရင်တီးနားမှဂျူဗင်တပ်သို့အငှားဖြင့်လာရောက်ကစားနေသူဖြစ်ပါတယ်။

ဒါပေမယ့်ဂျူဗင်တပ်ဟာချီယေဆာကိုနှစ်ရာသီအငှားဖြင့်ခေါ်ယူစဉ်က ယခုရာသီအကုန်တွင်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။

ဒါပေမယ့် Calciomercato ရဲ့ဖော်ပြချက်အရချဲလ်ဆီးဟာအီတလီတိုက်စစ်သမားကိုပေါင်၈၄သန်းအထိပေးကာခေါ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာချီယေဆာကိုခေါ်ယူနိုင်ဖို့အတွက်တစ်သင်းတည်းလွတ်လပ်စွာကြိုးပမ်းရာမှာမဟုတ်ဘဲဘိုင်ယန်မြူးနစ်နှင့်အပြိုင်ကြိုးပမ်းရပါမယ်။

ချီယေဆာဟာအီတလီစတားဟောင်းအန်ရီကိုချီယေဆာရဲ့သားဖြစ်ပြီး၂၀၁၆ခုနှစ်တုန်းကမှဖီအိုရင်တီးနားတွင်ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့သူဖြစ်ပါတယ်။သူဟာဖီအိုရင်တီးနားအတွက်၁၅၃ပွဲကစားခဲ့ရာမှာ၃၄ဂိုးသွင်းယူခဲ့ပါတယ်။

သူဟာနွေရာသီတုန်းကအီတလီကိုယူရို၂၀၂၀ချန်ပီယံဖြစ်အောင်အဓိကနေရာမှကူညီခဲ့သလိုပြီးခဲ့တဲ့လတုန်းကချဲလ်ဆီးကိုဂျူဗင်တပ်က၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာတစ်လုံးတည်းသောအနိုင်ဂိုးကိုလည်းသွင်းယူခဲ့သူဖြစ်ပါတယ်။

ZawGyi

ေသာမတ္စ္တူခ်ယ္ရဲ႕နံပါတ္တစ္ပစ္မွတ္ကို ေငြမ်ားစြာသုံးၿပီး ေခၚယူေပးသြားမယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာေသာမတ္စ္တူခ်ယ္ရဲ႕နံပါတ္တစ္အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္တဲ့ဂ်ဴဗင္တပ္စတားဖီဒီရီကိုခ်ီေယဆာကိုေျပာင္းေ႐ႊ႕ေၾကးေပါင္၈၄သန္းအသုံးျပဳကာေခၚယူေပးသြားရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

အီတလီလက္ေ႐ြးစင္စတားဟာအသင္းေဟာင္းဖီအိုရင္တီးနားမွဂ်ဴဗင္တပ္သို႔အငွားျဖင့္လာေရာက္ကစားေနသူျဖစ္ပါတယ္။

ဒါေပမယ့္ဂ်ဴဗင္တပ္ဟာခ်ီေယဆာကိုႏွစ္ရာသီအငွားျဖင့္ေခၚယူစဥ္က ယခုရာသီအကုန္တြင္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။

ဒါေပမယ့္ Calciomercato ရဲ႕ေဖာ္ျပခ်က္အရခ်ဲလ္ဆီးဟာအီတလီတိုက္စစ္သမားကိုေပါင္၈၄သန္းအထိေပးကာေခၚယူရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဟာခ်ီေယဆာကိုေခၚယူႏိုင္ဖို႔အတြက္တစ္သင္းတည္းလြတ္လပ္စြာႀကိဳးပမ္းရာမွာမဟုတ္ဘဲဘိုင္ယန္ျမဴးနစ္ႏွင့္အၿပိဳင္ႀကိဳးပမ္းရပါမယ္။

ခ်ီေယဆာဟာအီတလီစတားေဟာင္းအန္ရီကိုခ်ီေယဆာရဲ႕သားျဖစ္ၿပီး၂၀၁၆ခုႏွစ္တုန္းကမွဖီအိုရင္တီးနားတြင္ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝစတင္ခဲ့သူျဖစ္ပါတယ္။သူဟာဖီအိုရင္တီးနားအတြက္၁၅၃ပြဲကစားခဲ့ရာမွာ၃၄ဂိုးသြင္းယူခဲ့ပါတယ္။

သူဟာေႏြရာသီတုန္းကအီတလီကိုယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွကူညီခဲ့သလိုၿပီးခဲ့တဲ့လတုန္းကခ်ဲလ္ဆီးကိုဂ်ဴဗင္တပ္က၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာတစ္လုံးတည္းေသာအႏိုင္ဂိုးကိုလည္းသြင္းယူခဲ့သူျဖစ္ပါတယ္။