မနေ့ညတုန်းကဘရန့်ဖို့ဒ်နှင့်ဘရက်ဖို့ဒ်ပွဲစဉ်တွင်ဘရန့်ဖို့ဒ်နည်းပြသောမတ်စ်ဖရန့်က ဗဲလ်မန်းကိုတွန်းလိုက်ပြီးနောက်နှစ်ဖက်အသင်းသားတို့ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။
ဘရန့်ဖို့ဒ်က၂-၀ဂိုးဖြင့်အနိုင်ရခဲ့တဲ့ယင်းပွဲရဲ့ပထမပိုင်းတွင်ဘောလုံးက ဘရန့်ဖို့ဒ်နည်းစနစ်ဧရိယာအတွင်းသို့ရောက်လာပါတယ်။
ဂျိုယေးဗဲလ်မန်းကလက်ပစ်ဘောမြှောက်ရန်အလျှင်စလိုလုပ်ဆောင်ခဲ့ပါတယ်။ယင်းအချိန်တွင်ဖရန့်ကဒတ်ချ်နောက်တန်းအစွန်လူကိုတားဆီးမှုပြုလုပ်ခဲ့ပါတယ်။
ယင်းပွဲတွင်ဘရန့်ဖို့ဒ်ကိုကိုင်တွယ်တဲ့ပွဲ၂၀၀ပြည့်ခဲ့တဲ့ဒိန်းမတ်နည်းပြကလက်ပစ်ဘောမြှောက်ရမယ့်အသင်းမှာသူ့အသင်းဖြစ်ကြောင်းဆိုခဲ့ပါတယ်။
အဆိုပါပွဲတွင်ရုန်းရင်းဆန်ခတ်မှုနှစ်ကြိမ်ဖြစ်ခဲ့တဲ့ဗဲလ်မန်းတို့အပြန်အလှန်တွန်းမှုဖြစ်ပွားခဲ့ပါတယ်။ယင်းအချိန်တွင်ဘရိုက်တန်နည်းပြဒီဇာဘီပြေးဝင်လာကာသူ့ကစားသမားကိုကာကွယ်ခဲ့ပြီးဖရန့်ကိုစိန်ခေါ်ပါတယ်။
ဒေါသထွက်နေတဲ့အီတလီနည်းပြဟာသူ့ကစားသမားကိုထိန်းထားပြီး လက်ညှိုးထိုးကာပြောဆိုမှုများပြုလုပ်ခဲ့ပါတယ်။ယင်းအချိန်တွင်နှစ်ဖက်ကစားသမားတို့အကြားရုန်းရင်းဆန်ခတ်ဖြစ်လာပါတယ်။
ဒိုင်လူကြီးမိုက်ကယ်ဆာလစ်ဘူရီဟာလူခြင်းခွဲပြီးနည်းပြနှစ်ဦးနှင့်စကားပြောပြီးနောက်နှစ်ဦးလုံးကိုအဝါကတ်ပြခဲ့ပါတယ်။
ယင်းနောက်ချက်ချင်းပဲဒီဇာဘီဟာတောင်းပန်မှုပြုလုပ်ခဲ့ပြီးဖရန့်ကလည်းလူကြီးလူကောင်းပီသစွာလက်ခံခဲ့ပါတယ်။
ZawGyi
သောမတ်စ်ဖရန့်က ဗဲလ်မန်းကို တွန်းလိုက်ပြီးနောက် ဘရန့်ဖို့ဒ်နှင့် ဘရိုက်တန်ကစားသမားတို့ ရုန်းရင်းဆန်ခတ်ဖြစ်